Benner

Friday 26 October 2012

မင်းသိမှာပေါ့။


မင်းသိမှာပေါ့
A:"ပော့ ဂျွန်. မင်း ဘုရားသခင်ကိုသိလား"
B:"ပာင်အင်း မသိဘူး"
A:"အဲ့ဒါပြောတာပေါ့ မင်းသာ သောကြာနဲ့ စနေညတိုင်းဖွင့်တဲ့ ဘာသာရေးသင်တန်းကို လာရင်သူ့ကို
သိမှာပေါ့"
B:"မင်းကရော ကာရိုးလ်ကိုသိလို့လား"
A:"ပာင်အင်း မသိဘူး"
B:"အဲ့ဒါပြောတာပေါ့ မင်းသာ သောကြာနဲ့ စနေညတိုင်းဖွင့်တဲ့
ဘာသာရေးသင်တန်းကို မလာရင် မင်းမိန်းမဆီကို လာနေတဲ့ ကာရိုးလ် ကိုသိမှာပေါ့"

Tuesday 23 October 2012

အသေးစိတ် သိလိုသူများအတွက်၊ ကီးရှာမရသူများ အတွက်

www.ဘာညာသာရကာ.org, .com, .net, .tv, .info, .fm.... etc စသည်တို့ကို အသေးစိတ် သိချင်ပါသလား။ အသေးစိတ် ဆိုတာက.. ဒီဆိုဒ်ကို ဘယ်သူပိုင်တယ်။ ဒိုမိန်းကို ဘယ်ဆိုဒ်က ဘယ်အမည်နဲ့ ဝယ်ထားတယ်။ သက်တမ်းက ဘယ်ကနေပြီး ဘယ်အထိ.. စသည်ဖြင့် ခရေစေ့ တွင်းကျ ကြည့်လို့ ရပါတယ်။ တချို့ဆိုဒ်များဆိုလျှင် ဖုန်းနံပါတ်နဲ့ လူနာမည်တောင် ပါလိုက်သေး။ ဥပမာ www.nyinaymin.org ဆိုတာကို ကြည့်လိုက်ပါက..ဖုန်းနံပါတ်တောင် ပါ..ပါသေးတယ်။
တစ်ရက်ကို လူဘယ်နှစ်ယောက် လာရောက် ဖတ်ရှူ့တယ်၊ ပျှမ်းပျ ပို့စ်က ဘယ်နှခုတင်တယ် စသည်ဖြင့် အသေးစိတ် ကြည့်လိုက

ယောက္ခမ........


မွေးမြူရေးခြံတစ်ခုတွင်ချာတိတ်လေးတစ်ယောက်နွားမတစ်ကောင်ကိုနို့ ညှစ်နေစဉ်
အလွန်ခက်ထန်ကြမ်းတမ်းသောနွားသိုးကြီးတစ်ကောင် ၄င်းကိုဝှေ့ ရန်ဒုန်းစိုင်းပြေးလာသည်။ထိတ်လန့် 
ဖွယ်မြင်ကွင်းကြောင့်နွားခြံပိုင်ရှင်ကချာတိတ်လေးကိုအော်
ဟစ်သတိပေးသည်။ချာတိတ်ကနွားသိုးကြီးပြေးလာသည်ကိုတစ်ချက်လှည့်ကြည့်ပြီး
ကျောပြန်ခိုင်းကာခပ်အေးအေးပင်နွားနို့ဆက်ညှစ်နေသည်။

အရက်သမားရဲ့ ကဗျာ။

က ကလေးငယ် အမြည်းဝယ်..။
ခ ခရမ်းသီးအရက်မြည်း..။
ဂ ဂဏာန်းကြော်အရက်နဲ့ဆော်..။
င ငပိထောင်းမြည်းလို့ကောင်း..။

စိတ်အတွက် အဟာရများ



(၁)
တခါက လူတုံးလူအ တယောက်သည် ဈေးထဲတွင် လှည့်လည် ကျက်စားနေသည်။ လူများက သူ့အား

နည်းအမျိုးမျိုးဖြင့် စနောက်ကြသည်။ လူတွေ အမြဲစနောက်သော နည်းတခုမှာ လက်ဖ၀ါးပေါ်တွင် ၅ကျပ်တန်နှင့် ၁၀ကျပ်တန်ကိုတင်ပြီး သူ့အား ရွေးယူစေသောနည်းဖြစ်သည်။ သူသည် အမြဲတမ်း ၅ကျပ်တန်ကိုသာ ရွေးယူခဲ့သည်။ လူများက သူ့အား တုံးအသောသူ၊ စိတ်မနှံသောသူ၊ ၅ကျပ်နှင့်၁၀ကျပ် မည်သည်ကပိုတန်ဖိုးရှိသည်ကို မသိသောသူဟု ထင်ပြီး ၀ိုင်းလှောင်ကြသည်။ ဈေးထဲသို့ သူ ဖြတ်သွားတိုင်း လူများက ထိုနည်းကို အသုံးပြုပြီး အမြဲ စနောက်ခဲ့ကြသည်။
တနေ့သော် အဘွားအိုတဦးက သိလိုစိတ်ဖြင့် မေးလိုက်မိသည်။
“နင် တကယ်ပဲ ငါးကျပ်နဲ့ ဆယ်ကျပ်ကို မခွဲတတ်ဘူးလား”

Friday 19 October 2012

မြန်မာပြည်ရဲ့ နံပါတ်ဝမ်းများ


၁။ ပထမဆုံး သမ္မတ = စ၀်ရွှေသိုက်

၂။ ပထမဆုံး ၀န်ကြီးချုပ် = ဦးနု

၃။ ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး

၎။ ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာ မင်းသားနှင့် မစ္စတာလိန်း

( ဒေါက်တာ ဆင်မျူရယ် ဂျွန်ဆင်၏ အင်္ဂလိပ် အဘိဓာန်ကို ပြန်ဆို )

၅။ ပထမဆုံး သိပ္ပံ စာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင်

အားနာတတ်သော ရုက္ခစိုးတစ်ပါးအကြောင်း


တစ်ခါက ရွာတစ်ရွာက ညောင်ပင်ကြီးတစ်ပင်မှာ အရမ်းအားနာတတ်တဲ့ ရုက္ခစိုးတစ်ပါးရှိပါတယ်။ဘယ်လောက်ထိ အားနာတတ်သလဲဆိုတော့ . . . . .
အဲဒီရုက္ခစိုးနေတဲ့ညောင်ပင်ကို နေ့ တိုင်းလာပြီးပူဇော်ဆုတောင်းနေတဲ့ ကောင်မလေးတစ်ယောက် ရှိပါတယ်။တစ်ရက်နှစ်ရက်မဟုတ် လနဲ့ ချီပြီး နေ့ တိုင်းလာဆုတောင်းနေတော့ ရုက္ခစိုးက အားနာလာပါ တယ်။ဒါနဲ့  ကောင်မလေး လာပူဇော်တဲ့အခါ ကိုယ်ထင်ပြပြီး ဟေ့ ကောင်မလေး၊
နင်ငါ့ကို နေ့ တိုင်းလာ ပူဇော်နေတာ ဘာကြောင့်လဲ လို့  မေးတယ်။
ဒီတော့ ကောင်မလေးက ဒီလိုပါ . . .ကျွန်မအဖေမှာ အရမ်းချစ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။သားသမီးတွေရလာရင်ပေးစားမယ်ဆိုပြီး အဲဒီသူငယ်ချင်းနဲ့  အဖေနဲ့ ကတိထားကြပါတယ်။ဒါပေမယ့် အဖေရော သူ့  သူငယ်ချင်းပါ သမီးတွေပဲမွေးခဲ့တော့ သူတို့ ကတိ အတွက် အရမ်းစိတ်မကောင်းဖြစ်နေကြတယ်။ကျွန်မလည်းအဖေ့ကို စိတ်ချမ်းသာစေချင်တယ်။ အဲဒါကြောင့် ကျွန်မကိုယောကျာင်္းလေးဖြစ်အောင် အရှင်ရုက္ခစိုးကူညီပေးပါ လို့  ပြောပြပါတယ်။

Thursday 18 October 2012

ဆရာကြီး ဦးဂိုအင်ဂါ၏ အင်တာဗျူး ၅


မေး။ ။ကျွှန်တော့်မှာသူတစ်ဖက်သားကို အထင်သေးတတ်တဲ့ ဥာဉ်ကလေးရှိပါတယ်။ အဲဒါ ဘယ်လိုများပျောက်အောင်လုပ်နိုင်ပါသလဲ။

ဖြေ။ ။ ကမ္မဌာန်းအလုပ်နဲ့ ပဲဖျောက်ပါ။ အတ္တစွဲသန်တဲ့အခါမှာ "ငါဆိုမှငါ" ဆိုတဲ့သဘောနဲ့ တစ်ဖက်သားကို အထင်သေးတတ်ပါတယ်။ အထင်သေးတဲ့ ကိုယ်နှုတ်အမူအရာတွေပေါ်တတ်ပါတယ်။ ကမ္မဌာန်းရှုမှတ်တဲ့အလုပ် လုပ်တော့ကာ အတ္တစွဲဟာ ပျောက်သွားပါတယ်။ အတ္တစွဲပျောက်ပြီဆိုရင် သူတစ်ဖက်သားကိုနစ်နာစေလိုမှုကို မလုပ်တော့ပါဘူး။ ကမ္မဌာန်းအလုပ်သာလုပ်ပါ။ ခင်ဗျားပြဿနာ အလိုလိုပျောက်သွားပါလိမ့်မယ်။

ဆရာကြီး ဦးဂိုအင်ဂါ ၏ အင်တာဗျူး ၎


မေး ။ ။ လောကနဲ့ အဆင်မပြေလို့ နေရထိုင်ရခက်နေသူတွေအဖို့ ကမ္မဌာန်းအားထုတ်တာ အကျိုးရှိတယ်ဆိုတာကို နားလည်နိုင်ပါတယ်။ သို့ သော်လည်း နေသားတကျနဲ့ ကျေနပ်ပျော်ရွင်နေတဲ့သူအဖို့ ကမ္မဌာန်းအားထုတ်စရာလိုပါဦးမလား။

ဖြေ ။  ။ နေသားတကျနဲ့ ကျေနပ်ပျော်ရွှင်နေသူဆိုတာဟာ ဘ၀ရဲ့ သာယာမှုတွေကို အဟုတ်ကြီးထင်ပြီးတော့ ကျေနပ်နေတာဖြစ်ပါတယ်။ သူ့ ရင်ထဲမှာ မပြေလည်နိုင်တဲ့ အကြိတ်အခဲတွေရှိနေတာကို သူမသိသေးလို့ သာဖြစ်ပါတယ်။ သူ့ ကိုယ်သူ ပျော်နေတယ်လို့ ထင်နေတာဟာ သူ့ ကိုယ်သူ လှည့်စားမှန်းမသိ လှည့်စားနေတာပါ။ ဘာကြောင့်လဲဆိုတော့ သူပျော်ပိုက်နေတဲ့ ဘ၀ရဲ့ သာယာမှုတွေဟာ တည်မြဲခြင်းမရှိတဲ့အတွက် စိတ်ထဲမှာ တထင့်ထင့်နဲ့ ဘယ်တော့များ ဒါတွေကွယ်ပျောက် သွားပါလိမ့်မလဲလို့ စိုးရိမ်ကြောင့်ကြမှုက ရှိနေပါတယ်။

ဆရာကြီး ဦးဂိုအင်ဂါ အင်တာဗျူး ၃


မေး။  ။ ကျွှန်တော်တို့ တစ်တွေကို ဒုက္ခရောက်အောင် လုပ်နေကြသူတွေရှိကောင်းရှိနေမလားလို့ စဉ်းစားမိပါတယ်။

ဖြေ။ ။ ဘယ်သူကမျှ ဒုက္ခရောက်အောင် လုပ်နေလို့ မဟုတ်ပါ။ ကိုယ့်ဒုက္ခ ကိုယ်ဖန်တီးတာသာ ဖြစ်ပါတယ်။ စိတ်မှာ စနောင့်စနင်းဖြစ်လို့ မကျေနပ်မှု ၊ မခံချင်မှုဆိုတာတွေကြောင့် ဒုက္ခတွေကြုံကြရတာပါ။ အဲဒီစိတ်စနောင့်စနင်းဖြစ်တာဟာ ကိုယ်လုပ်တဲ့အလုပ်ပါ။ မလုပ်မိဖို့ စိတ်ကိုထိန်းကျောင်းတတ်ရင် ဘယ်လိုအခြေအနေမျိုးနဲ့ ကြုံရကြုံရ စိတ်ကိုအေးအေးသာသာ ထားနိုင်လာပါလိမ့်မယ်။ အဲဒီအခါမှာ အမြဲပျော်ရွင်ချမ်းသာနေပါလိမ့်မယ်။

ဆရာကြီး ဦးဂိုအင်ဂါ၏ အင်တာဗျူး ၂


၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာ ၂၀-ရက်နေ့ထုတ် Vipassana Newsletter တွင် ဖော်ပြပါရှိသည့် ဆရာကြီး
ဦးဂိုအင်ကာနှင့် အမေးအဖြေကဏ္ဍကို အောက်ပါအတိုင်း ဘာသာပြန်ဆို တင်ပြအပ်ပါသည်။

အမေး ။ ။ ၀ိပဿနာသည် ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်မူ၏ တစ်စိတ်တစ်ပိုင်းပဲ မဟုတ်ပါလားခင်ဗျာ..အခြားဘာသာဝင်များကရော ၀င်ရောက်အားထုတ်ကျင့်ကြံနိုင်ပါသလား။ အခြားဘာသာများ၏ကျင့်နည်းများကိုအနှောက်အယှက်ပေးမူရှိနေပါသလား။ခရစ်ယာန်ဘာသာဝင်များကလည်း ဘယ်လိုအကြောင်းများကြောင့် လိုလိုလားလား ၀င်ရောက်အားထုတ်ကျင့်ကြံချင်ကြပါသလဲ - ခင်ဗျာ..။

ဆရာကြီး ဦးဂိုအင်ဂါ၏ အင်တာဗျူး ၁


မေး ။    ။   တကယ်လို့ တစ်စုံတစ်ယောက်က ကျွန်တော်တို့ရဲ့ ဘဝကို ရည်ရွယ်ချက်ရှိရှိနဲ့ ဒုက္ခပေးနေတယ်ဆိုရင် ဘယ်လိုလုပ်ပြီး သည်းခံနိုင်ပါ့မလဲ ။

ဖြေ ။    ။  ခင်ဗျားရဲ့ ပထမဆုံးလုပ်ငန်းက တခြားသူကို ပြုပြင်ဖို့ ကြိုးစားရမှာ မဟုတ်ဘူး ။ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ဖို့ ကြိုးစားရမှာ ။ တစ်စုံတစ်ယောက်က ခင်များကို ဒုက္ခရောက်အောင် လုပ်တယ် ။ ဒါပေမယ့် ခင်များကလည်း ဒုက္ခတွေ ရောက်လာတယ်ဆိုတာဟာ အဲဒီလူရဲ့ကြိုးစားမှုကို ခင်ဗျားက တုံ့ပြန်နေလို့သာ ဖြစ်ပါတယ်။

Monday 15 October 2012

Gmail အဖောက်ခံရသော အကြောင်းရင်းများ


အများအားဖြင့် ဂျီးမေးတစ်ခုကို ဖောက်ဖို့ဆိုသည်မှာ မလွယ်ကူပါဘူး။ ဘာကြောင့် ကျနော်တို့ အဖောက်ခံကြရတာလဲ။ အောက်ပါအကြောင်းအရာတို့ကို ဖတ်ကြည့်ပါ။ ပြီးလျှင် သင်လိုသလို ပြုပြင် လိုက်နာပါ။ အများ၏ အဖောက်ခံရခြင်းကို ကင်းဝေးပါလိမ့်မယ်။ ဂျီမေးကို သင်ကိုယ်တိုင် အကောင့်တစ်ခု ဖွင့်ဖူးပါသလား။ ဖွင့်ဖူးတယ်ဆိုလျှင် ပြောပြမဲ့ အကြောင်းအရာတော်တော်များများကို သိနေပါလိမ့်မယ်။ ကျနော်တို့ ဂျီမေးအကောင့်တစ်ခုကို ဖွင့်လျှင် အချို့ နိုင်ငံများတွင် ၄င်းအကောင့်အသစ်အတွက် Verify Code တောင်းပြီး ပို့ပေးဖို့အတွက် ဖုန်းနံပါတ်တစ်ခုတောင်းပါတယ်။ နောက်ပြီး ဂျီမေး အကောင့်တစ်ခုကိုလည်း ထည့်ပေးရပါတယ်။ (နောက်ပိုင်းမှာ သင်ပတ်စဝပ် ပြောင်းလိုက်လျှင် ၄င်းအကောင့်သို့လည်း ဂျီမေးက အော်တို အကြောင်းကြားပါတယ်။) အဲဒီလို မဖြစ်လိုလျှင် ကိုယ်ယုံကြည်ရတဲ့ အကောင့်တစ်ခုကို နောက်ပိုင်းမှာ ပြောင်းလိုက်ပါ။

BIOS (Basic Input Output System) သို့မဟုတ် အိပ်ရာနှိုးသူ နှင့် CMOS…


ဒီအကြောင်းလေးကတော့ Computer Hardware နဲ့သက်ဆိုင်ပြီး လူအများစုသတိမပြုမိကြတဲ့အပိုင်းလေးကိုရေးသားပေးခြင်းဖြစ်ပါတယ်။ Operating System စတက်ဖို့ရန်အလွန်အရေးပါတဲ့ motherboard ပေါ်က ဒီ BIOS နဲ့ CMOS လေးအကြောင်းကိုလေ့လာလိုက်ကြရအောင်လား…..

Saturday 13 October 2012

ဖြစ်တတ်တဲ့ သဘောထားများ


လက်ထပ်ပြီးစ လင်မယားနှစ်ယောက်က သူတို့ရဲ့မင်္ဂလာဦး ညမှာ သဘောတူညီမှုတစ်ခု ထားခဲ့ကြတယ် .. အဲဒါကတော့ မနက်မိုးလင်းလို့ တံခါးလာခေါက်တဲ့သူရှိရင် ဘယ်သူပဲဖြစ်ဖြစ် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် တံခါးမဖွင့်ပေးဘူးဆိုပြီး ကတိထားခဲ့ကြတယ်…

အဲလိုနဲ့ မနက်လင်းတော့ သူတို့နှစ်ယောက်နေတဲ့ အိမ်ကို ခင်ပွန်းသည် ရဲ့ မိဘတွေ လာလည်ကြတယ် …တံခါးခေါက်သံကြားပေမဲ့ သူတို့ နှစ်ယောက် ဟာဘယ်သူတွေ လာလည်လာလည် တံခါးဖွင့်မပေးရဘူးလို့ နှစ်ဦးသဘောတူ ထားကြတယ် … ဒီတော့ ခင်ပွန်းသည်က တံခါးမဖွင့်ပေးခဲ့ဘူး …

ကြက်ပုံပြင်


အခန်း - ၁

ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် ပြေးနေသော ကြက်မကို ကားတစ်စီးဖြတ်တိုက် သွားသည်။

အမြင်နဲ့ အထင်


ကြည်ညိုဖွယ် မင်းကွန်းဆရာတော်ကြီး
မန္တလေးမှာ ဒကာတစ်ယောက်က ဆွမ်းလောင်းနေရင်း ကိုရင်လေးကို အားပေးစကားများ လျှောက်ထားနေသည်။
" ကိုရင်လေး ကြီးလာရင် မင်းကွန်းဆရာတော်ကြီးလို ဖြစ်အောင် အခုကတည်း စာတွေ ကြိုးစားပြီး လိုက်ထား ဘုရား၊ မင်းကွန်းဆရာတော်ကြီးက ကြည်ညိုဖို့ သိပ် ကောင်းတာပဲ "

" ဟုတ်တယ် ဒကာကြီး မင်းကွန်းဆရာတော်ကြီးက ကြည်ညိုဖို့ သိပ် ကောင်းတာ "

" ကိုရင် မင်းကွန်းဆရာတော်ကြီး အတ္ထုပ္ပတ္တိကို သိသလား၊ ဘာဖြစ်လို့ ကြည်ညိုဖို့ သိပ် ကောင်းတာပဲ လို့ ပြောတာလဲ ဘုရား "

ခွေးက လူမွေးခြင်း


လှည်းတန်းဘက်မှာ အင်္ဂလိပ်စကားပြောသင်တန်းကျောင်းလေး တစ်ခုရှိပါတယ်။ အဲဒီကျောင်းကို ဦးစီးဦးရွက်လုပ်တဲ့ဆရာက သင်တန်းသားတွေ အသိအမြင်ကျယ်အောင် တစ်လမှာ တစ်ကြိမ်လောက် ပြင်ပက အသိပညာရှင်တွေကို ဖိတ်ကြားပြီး ဟောပြောမှုလေးတွေ လုပ်ပေးလေ့ရှိပါတယ်။ ကျောင်းသားတွေကလည်း သူတို့သိချင်တာလေးတွေရှိရင် မေးကြမြန်းကြပေါ့။ များသောအားဖြင့်တော့ စာရေးဆရာတွေကို ပင့်ဖိတ်လေ့ရှိပါတယ်။ မြသန်းတင့်တို့ ငါတို့ကိုယ်တိုင်လည်း ဟောပြောခဲ့ကြဖူးပါတယ်။

Monday 8 October 2012

Online မှာဘဲ ဓာတ်ပုံတွေကို လှလှပပ ဖြစ်အောင် ပြင်ကြမယ်။

Photoshop သင်တန်းတွေ မတက်ခဲ့လို့ ဓာတ်ပုံတွေကို မပြုပြင်တတ်လို့ စိတ်ညစ်နေသလား။ အောက်ပါ ဝက်ဆိုဒ် လိပ်စာကို သွားလိုက်ပါ။ သင်နှစ်သက်ရာ Effect များဖြင့် သင့်ပုံတွေကို သင့်စိတ်ကြိုက်ပြင်နိုင်ပါပြီ။ ကျနော် အစမ်းပြင်ထားတဲ့ ပုံလေးတွေကိုလည်း ကြည့်လိုက်ပါ။ ဘာမှ ခဲယဉ်းမှု့ မရှိပါဘူး။ အဲဒီ ဆိုဒ်လိပ်စာကို ဖွင့်လိုက်မယ်။ ပြီးလျှင် ကိုယ်နှစ်သက်ရာ ..ကိုယ်နဲ့ လိုက်ဖက်မဲ့ ဒီဇိုင်းပုံကို ရွေးပါ။ ပြီးလျှင် Choose file နေရာမှာ ကိုယ်ပြင်ချင်တဲ့ ပုံကို ထည့်လိုက်ရုံပါပဲ။ အားလုံးပြင်ပြီးလျှင်တော့ Save လုပ်လိုက်ပေါ့။

Friday 5 October 2012

"၂၀၁၄ ခုနှစ်အတွက် DV ကံစမ်းမဲ လျှောက်နိုင်ပြီ "


အမေရိကန်ပြည်ထောင်စုကို လာရောက်နေထိုင်လိုသူတွေအတွက် DV Lotteryလို့ခေါ်တဲ့ ဒီဗွီ ကံစမ်းမဲ ထိုးနိုင်တဲ့အချိန် တခေါက်ရောက်လာပြန်
ပါပြီ။ DV Lottery Diversity Visa အစီအစဉ် ကို အောက်တိုဘာလ
၂ ရက်နေ့မှာ စတင်ပြီးတော့ နိုဝင်ဘာလ သုံးရက်နေ့မှာ လျှောက်လွှာ
ပိတ်မှာ ဖြစ်ပါတယ်။

Wednesday 3 October 2012

တစ်လမ်းမောင်း သမားတစ်ယောက် အကြောင်း



ပုံမှာ မြင်တွေ့နေရတာကတော့ Anand kumar အမည်ရ သင်္ချာဆရာ တစ်ဦး ဖြစ်ပါတယ်။

တွက်ချက်ခြင်းကို ငယ်ငယ်လေးကတည်းက အထုံဝါသနာပါပြီး အတန်းပညာ အဆင့်တိုင်းမှာ သင်္ချာ အမှတ်အများဆုံး ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်မှာလည်း သင်္ချာဘာသာရပ် အထူးပြုပြီး တက်ရောက်ရာ ဘွဲ့ရအောင်မြင်ခဲ့ပါတယ်။ Anand ရဲ့ ရည်မှန်းချက်က ကမ္ဘာကျော် သင်္ချာ ပညာရှင် တစ်ဦး ဖြစ်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် ကိန်းဘရိတ်ခ်ျ တက္ကသိုလ်ကို ဆက်လျှောက်ပါတယ်။ Number Theory (Mathematical Spectrum , Mathematical Gazette) အစရှိသဖြင် ကိုယ်တိုင်ဖန် တီးပြီး လျှောက်လွှာမှာ သူ့ အရည်အချင်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။ သူ့ရဲ့ အရည်အချင်းကြောင့် ကိန်းဘရိတ်ခ်ျတက္ကိသိုလ်မှာ တက္ကသိုလ်တက်ခွင့်ပေး လိုက်ပါတယ်။

မိမိတို့ ဟန်းဖုန်းဖြင့် အင်္ဂလိပ်စာကို လေ့လာကြမလား


အားလပ်ချိန်တွေကို အလဟဿ မကုန်ဆုံး စေဘဲ အင်္ဂလိပ်စာ
လေ့လာလိုသူ တွေအတွက် ကိုယ့်ရဲ့ဖုန်းထဲမှာပဲ အင်္ဂလိပ်စာလေ့လာပြီး
လေ့ကျင့်ခန်းတွေ ဖြေကြည့်လို့ရမယ့် Freeware လေး တစ်ခု ကို ပြောပြချင်ပါတယ်။

Test Your English ဆိုတဲ့ Freeware လေး မှာ All Tests ဆိုတဲ့
ခေါင်းစဉ်ကြီး ပါဝင်ပြီး အဲဒီအောက်မှာမှEFL Grammar Exercises, ESL Business English, English Synonym Worksheets, Idioms အသုံးတွေနဲ့ Common Errors in English Usage စသလို ခေါင်းစဉ်ခွဲ ငါးခု ပါဝင်တဲ့
အပြင် Readings နဲ့ Listening Tests လည်းပါဝင် တာမို့ အင်္ဂလိပ်စာ
လေ့လာနေသူတွေအတွက် တစ်စုံတစ်ရာ အထောက်အကူပေးနိုင်မှာမို့
ညွှန်ပေးတာပါ။

အပျိုကြီးများ သူငယ်တန်း ဖတ်စာ ကဗျာတဲ့။


က-ကောင်လေးငယ် ချစ်စဖွယ်။
ခ-ချစ်သူမြန်မြန်ယူ။
ဂ-ဂဏန်းတွက် တချက်ချက်။
င-ငယ်ကျွမ်း တလို့ လွမ်း။
စ-စိပ်ပုတီး ချလို့ ညည်း။
ဆ-ဆံပင် အလွန်ပြင်။
ဇ-ဇရာထောင်း ကြည့် မကောင်း။
ဈ-ဈေးကွဲတွင် ရောင်းဖို့ ပြင်။
ည-ညအခါ ငိုချင်လာ။

Google Chrome မှာ ဇော်ဂျီဝမ်းရော မြန်မာ ၃ ရော မြင်ရစေဖို့

အောက်ပါ လင့်ကို နှိပ်ပြီး Add on လုပ်လိုက်ပါ။ သင့်သုံးနေတဲ့ Browser Google Chrome မှာ ဇော်ဂျီဝမ်းရော မြန်မာ၃ ပါ မြင်ရပါလိမ့်မယ်။
https://chrome.google.com/webstore/detail/tagu/ddjpcdpfemhkibhpmgcdbfajdhgpegdk
အောက်က ပုံလေးအတိုင်း မြင်ရပါလိမ့်မယ်။ ဝိုင်းပြထားရာနေရာလေးကို နှိပ်လိုက်ပါ..အခက်အခဲမရှိ အဆင်ပြေပါလိမ့်မယ်။