Benner

Tuesday 23 October 2012

ယောက္ခမ........


မွေးမြူရေးခြံတစ်ခုတွင်ချာတိတ်လေးတစ်ယောက်နွားမတစ်ကောင်ကိုနို့ ညှစ်နေစဉ်
အလွန်ခက်ထန်ကြမ်းတမ်းသောနွားသိုးကြီးတစ်ကောင် ၄င်းကိုဝှေ့ ရန်ဒုန်းစိုင်းပြေးလာသည်။ထိတ်လန့် 
ဖွယ်မြင်ကွင်းကြောင့်နွားခြံပိုင်ရှင်ကချာတိတ်လေးကိုအော်
ဟစ်သတိပေးသည်။ချာတိတ်ကနွားသိုးကြီးပြေးလာသည်ကိုတစ်ချက်လှည့်ကြည့်ပြီး
ကျောပြန်ခိုင်းကာခပ်အေးအေးပင်နွားနို့ဆက်ညှစ်နေသည်။

ခြံပိုင်ရှင်မှာသွေးသံရဲရဲမြင်ကွင်းကိုတွေ့ရတော့မည်ဟုမျှော်လင့်ကာဘုရား
စာရွတ်နေသည်။နွားသိုးကြီးသည်လူငယ်နှင့်အလွန်နီးကပ်သောနေရာနားရောက်မှရုတ်တရက်
ရပ်တန့် သွားသည်။ထို့နောက်ဦးချိုကိုအောက်စိုက်ကာခပ်ကုပ်ကုပ်ပြန်လှည့်သွားလေသည်။ထိုအခါ
မှခြံပိုင်ရှင်လည်းအလုပ်သမားချာတိတ်လေးထံသွားပြီးအံ့သြတကြီးမေးသည်။
“မင်းဒီကောင်ကြီးပြေးလာတာမြင်သားနဲ့မကြောက်ဘူးလား။ဘာလို့ထွက်မပြေးတာလဲ”
“ချာတိတ်ကရယ်ရင်းပြန်ဖြေသည်”
မကြောက်ရပေါင်အာစရိရယ်။ဒီကောင်ဒီနားထိမလာရဲမှန်းကျွန်တော်သိသားပဲ။ကျွန်တော်နို့ ညှစ်
နေတဲ့နွားမကသူ့ ယောက္ခမလေ။