Benner

Thursday 18 October 2012

ဆရာကြီး ဦးဂိုအင်ဂါ၏ အင်တာဗျူး ၁


မေး ။    ။   တကယ်လို့ တစ်စုံတစ်ယောက်က ကျွန်တော်တို့ရဲ့ ဘဝကို ရည်ရွယ်ချက်ရှိရှိနဲ့ ဒုက္ခပေးနေတယ်ဆိုရင် ဘယ်လိုလုပ်ပြီး သည်းခံနိုင်ပါ့မလဲ ။

ဖြေ ။    ။  ခင်ဗျားရဲ့ ပထမဆုံးလုပ်ငန်းက တခြားသူကို ပြုပြင်ဖို့ ကြိုးစားရမှာ မဟုတ်ဘူး ။ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ဖို့ ကြိုးစားရမှာ ။ တစ်စုံတစ်ယောက်က ခင်များကို ဒုက္ခရောက်အောင် လုပ်တယ် ။ ဒါပေမယ့် ခင်များကလည်း ဒုက္ခတွေ ရောက်လာတယ်ဆိုတာဟာ အဲဒီလူရဲ့ကြိုးစားမှုကို ခင်ဗျားက တုံ့ပြန်နေလို့သာ ဖြစ်ပါတယ်။
တကယ်လို့သာ ခင်ဗျားဟာ ခင်များကိုယ်တိုင်ရဲ့ တုံ့ပြန်မှုကိုဘယ်လိုရှုမှတ်ရမယ်ဆိုတာ လေ့လာသင်ကြားထားမယ်ဆိုရင် ဘယ်လိုလူမျိုးကမှ ခင်ဗျားကို ဒုက္ခရောက်အောင် လုပ်နိုင်မယ် မဟုတ်ပေဘူး ။ တကယ်လို့ ခင်ဗျားကာ စိတ်အတွင်းနက်နက်မှာ တည်ကြည်ငြိမ်သက်မျှတမှု ( ဥပေက္ခာတရား ) ကိန်းအောင်းနေအောင် လေ့လာသင်ကြားထားမယ်ဆိုရင် ဘယ်လိုလူမျိုးကမှ ဘယ်လောက်ကြီးတဲ ဒုက္ခတွေ ပေးပေး ခင်များကိုတော့ ဒုက္ခရောက်အောင် လုပ်နိုင်မှာ မဟုတ်တော့ဘူး ။ အခု နည်းစနစ်က ခင်ဗျားကို အကူအညီပေးပါလိမ့်မယ် ။ ခင်ဗျားဟာ အတွင်းနက်နက်မှာ ရှိတဲ့ ဒုက္ခများက လွတ်မြောက်လာတာနဲ့ တစ်ပြိုင်နက် အဲဒီလွတ်မြောက်မှုဟာ တခြားသူများကိုလည်း စတင်အကျိုးသက်ရောက်မှုတွေ ဖြစ်လာတော့တာပါပဲ ။ ခင်ဗျားကို အန္တရာယ်ပြုနေတဲ့လူ ကိုယ်တိုင်လည်း ဖြည်းဖြည်းချင်း စတင်ပြောင်းလဲ လာတော့ပါပဲ ။


မေး ။    ။ စိတ်ဓာတ်ကျဆင်းခြင်း ဆိုတာ ဘာပါလဲ ။ ဒါဟာ အပြင်ပိုင်းပြဿနာလား ၊ အတွင်းပိုင်း ပြဿနာလား ။

ဖြေ  ။    ။ ပြဿနာအားလုံးဟာ အတွင်းက လာတာချည်းပဲ ။ အပြင်ကလာတဲ့ ပြဿနာ မရှိဘူး ။ အတွင်းကို နက်နက် ရှိုင်းရှိုင်းရောက်အောင် သွားပါ။ ခင်ဗျားရဲ့ ဒုက္ခဖြစ်ရခြင်း အကြောင်းအရင်းကို ရှာဖွေပါ ။ အဲဒီအခါ အကြောင်းအရင်းအားလုံးဟာ ခင်ဗျာကိုယ်တွင်းမှာသာ ကိန်းအောင်းနေတာကို ဖယ်ရှားလိုက်ပါ။ ခင်ဗျားဟာ ဒုက္ခတွေက လွတ်မြောက်သွားပါလိမ့်မယ်။


မေး ။    ။ ဆင်းရဲဒုက္ခတွေ ခံစားရခြင်း စစ်မက်တွေ ဖြစ်ပွားခြင်းနဲ့ ပဋိပက္ခတွေဟာ သမိုင်းနဲ့ချီပြီး ကြာညောင်းခဲ့ပါပြီ။ ငြိမ်းချမ်းတဲ့ ကမ္ဘာဆိုတာကို ဆရာကြီး တကယ် ယုံကြည်ပါသလား။

ဖြေ ။    ။ ကောင်းပါပြီ။ လူနည်းနည်းလေးပဲ ဒုက္ခနယ်က လွတ်ာတယ်ဆိုရင်တောင်မှ ဒါဟာ ကောင်းတဲ့ အချက်ပဲ ။ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုကြီးစိုးနေချိန်မှာ မီးအိမ်လေးတစ်ခု ထွန်းညှိလို့ အလင်းရောင်ပေးနိုင်ခဲ့ရင် ဒါဟာ ကောင်းတဲ့ အချက်ပဲ။ ဒီလိုပဲ မီးအိမ်တစ်ခုက ဆယ်ခု ဖြစ်လာမယ် ၊ အခုနှစ်ဆယ်ဖြစ်လာမယ် ဆိုတဲ့ အခါမှာ အမှောင်ထုဟာ ဟိုနေရာတစ်ကွက် ဒီနေရာ တစ်ကွက် ပျောက်ကွယ်စပြုလာပါလိမ့်မယ်။ ကမ္ဘာကြီးတစ်ခုလုံး ငြိမ်းချမ်းလာမယ်လို့တော့ အာမ မခံနိုင်ဘူး ။ ဒါပေမယ့် ခင်ဗျားကိုယ်ခင်ဗျား ငြိမ်းချမ်းအောင် လုပ်နိုင်လေလေ ခင်ဗျားအနေနဲ့ ကမ္ဘာကြီးငြိမ်းချမ်းရေးမှာ ကူညီနိုင်လေလေ ဖြစ်လာပါလိမ့်မယ် ။

မှတ်ချက်။
မူရင်းအင်တာဗျူးကို ဖတ်လိုသူများ ဒီနေရာကို နှိပ်ပြီး ဖတ်နိုင်ပါတယ်။ ဆရာကြီးရဲ့ အဖြေတွေကို ကျွှန်တော်အလွန်ပင်နှစ်သက်မိပါသောကြောင့် ယခုလိုတစ်ဆင့်ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ။