Benner

Monday 25 February 2013

ကမ္ဘာကျော်အလွဲများ


၁။ Windows ထုတ်လုပ်တဲ့ Microsoft ကုမ္ပဏီကို စတင်တည်ထောင်တုန်းက ဘီလ်ဂိတ်က ဆော့ဖ်ဝဲ ကုမ္ပဏီအသေးလေးလုပ်မယ်ဆိုပြီး နာမည်ကို Micro (သေးငယ်သော) Soft (Software) ဆိုပြီး နာမည်ပေးခဲ့တာ။ ယနေ့ခေတ်မှာ အကြီးဆုံးကုမ္ပဏီထဲက တစ်ခုဖြစ်နေပြီ။

၂။ စတိဗ်ဂျော့က သူ့ကုမ္ပဏီအသစ်ကို ဘယ်လိုနာမည်ပေးရင်ကောင်းမလဲစဉ်းစားနေချိန်မှာ သူ့သူငယ်ချင်းက စားဖို့ ပန်းသီးလာပေးတော့ တစ်ကိုက် ကိုက်လိုက်မိပြီး အဲဒီပန်းသီးတစ်ကိုက် ကိုက်မိတဲ့ ပုံနဲ့ပဲ Apple ကုမ္ပဏီဆိုတာ ဖြစ်လာခဲ့တယ်။

Friday 22 February 2013

အွန်လိုင်းမှ ဒေါင်းယူ ဖတ်လိုသူများ

အောက်မှာတော့ အကောင်းဆုံး ၁၈ ခုဆိုပြီး သူတို့ တွေ့ရှိချက်တွေကို ရေးထားပါတယ်။ သင်ကြိုက်ချင်မှ ကြိုက်မယ်။ ကိုယ်တွေက မြန်မာလို ဖတ်ချင်တာက များတာကိုး။ အောက်မှ ဖော်ပြထားတာ အများစုက အီးလိုရော၊ မြန်မာလိုရော ဖြစ်နေတာက များပါတယ်။ အီးလို မဟုတ်ဘဲ မြန်မာလို ဖတ်လိုသူများအတွက်
၁။ http://www.sagarwarmyae.info/ ( အွန်လိုင်း စာကြည့်တိုက်)
၂။ http://dhammadownload.com/eBook-Myanmar.htm (တရားစာအုပ် အစုံ)
၃။ http://www.burmesebookshelf.com/ (ဝထ္ထု၊ ဂျာနယ်၊ ဘာသာရေး...ဘာဘာညာညာ အစုံ)
၎။ http://burmesebooks.wordpress.com/ (တော်တော်လေး စုံပါတယ်)
၅။ http://www.myanmarebooks.net/

Wednesday 20 February 2013

Team Viewer 8

Team Viewer အခုတင်ပေးထားတာက နောက်ဆုံးထွက်ဗားရှင်းပါ။ ဘာတွေ ထူးခြားလာသလဲဆိုတော့... တဖက်လူရဲ့ ကွန်ပြူတာကို ထိန်းချုပ်နိုင်ရုံတင်မကပါဘူး။ တဖက်လူကွန်ပြူတာရဲ့ အသံကိုပါ ကြားလို့ ရပါပြီ။









Sunday 17 February 2013

English Myanmar Dictionary

ကိုငြိမ်းချမ်းဆိုသူ ရေးထားတဲ့ အင်္ဂလိပ် မြန်မာ အဘိဓာန်ပါ။ ဝင်းဒိုး ၈ နှင့်လည်း တွဲဖက်ပြီး အလုပ်..လုပ်ပါတယ်။ ကျနော် အရင်က သုံးနေတာက WxPyDict Dictionary ပါ။ ဒါပေမဲ့ ကျနော်တင်လိုက်တဲ့ Windows 8 Pro မှာ သူ့ကို အင်စတော လုပ်လို့ မရတော့ဘူး။ သူ့ကိုလည်း ကြိုက်ပါတယ်။ အခုဟာကလည်း ကောင်းပါတယ်။ တစ်ခုသုံးလို့ မရရင် နောက်တစ်ခုပေါ့။ ကျနော့်လို အခက်အခဲ တွေ့သူများ ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

Thursday 14 February 2013

စူပါ၈

ဒီနေ့ပဲ ကျနော့်စက်ကို ဝင်းဒိုး၈ တင်ဖြစ်တယ်။ သူများစက်တွေ အသီးသီးတင်ပေးခဲ့တုန်းက အလုပ်..လုပ်တဲ့ ကျနော့်ဆိုဒ်မှာ တင်ထားတဲ့ ဝင်းဒိုး ၈ အတီဗိတ်တာဟာ ကျနော့်စက်အတွက် အလုပ် မလုပ်တော့ဘူး။ ဒါနဲ့ MMITD မှာ အကူအညီတောင်းလိုက်တော့ ကိုရန် ဆိုတဲ့ လူတစ်ယောက်က တင်ပေးလာပါတယ်။ တကယ်ပဲ အလုပ်လုပ်ပါတယ်။ ၃ မိနစ်လောက်ပဲ စောင့်လိုက်ရပါတယ်။ ဖိုင်ဆိုဒ်ကလည်း သေးသလို အလုပ်...လုပ်ပုံကလည်း မြန်ဆန်လိုက်တာ အံသြစရာ ကောင်းပါတယ်။
သူ့လင့်ကို မသုံးပဲ ကျနော့်ဘာသာ တင်ထားပေးပါတယ်။ ဒေါင်းလိုက ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။ ထုံးစံအတိုင်း ဖိုင်ဖော်မက်ကိုတော့ ပြောင်းပြီး တင်ထားပါတယ်။

Saturday 9 February 2013

အထူး သတိပေးချက်

              အခုနောက်ပိုင်းမှာ ကျနော့် ဘလော့ကို ဖတ်သူအချို့က လင့်သေနေတဲ့ အကြောင်းကို မေးပို့လာပါတယ်။ ပြန်စစ်ကြည့်လိုက်တော့ ကြီးကြီးမားမား ဆော့ဝဲလ်များ၊ တကယ့်တကယ် အသုံးဝင်သော ဆော့ဝဲလ်များကို ကျနော် တင်ပေးထားတာ လင့်များ သေနေတာကို တွေ့ရပါတယ်။ အကယ်၍ သင့်အနေနဲ့ ဒေါင်းလို့ အဆင်မပြေဘူး၊ ဒေါင်းယူဖို့အတွက် လင့်သေနေတယ်ဆိုလျှင် ကျနော့်ကို မေးပို့၍သော်လည်းကောင်း ကွန်မန့်ရေး၍သော်လည်းကောင်း ပြောစေလိုပါတယ်။ အခု သေနေတဲ့ လင့်များကို ပြန်ပြင်ထားပါတယ်။ အထူးသဖြင့်က ကျနော် တင်နေကျ မီဒီယာဖိုင်းယားမှ ကော်ပီရိုက် ဥပဒေအရ လင့်တွေကို ဖျက်ပစ်ပါတယ်။ ဥပမာ..Microsoft Office 2010 အတီဗိတ်တာတို့ Windows 7, 8 အတီဗိတ်တာတို့၊ Photoshop CS6 Portable softwares စသည်ဖြင့် သူတို့ ဖျက်ပစ်ပါတယ်။ အဲဒီတော့ ကျနော်ကလည်း ဒီဖိုင်တွေကို မြန်မာနာမည်ဖြင့် သို့မဟုတ် ပေါက်ကရ နာမည် တစ်ခုခုဖြင့် ပြောင်းပြီး တင်ပေးထားပါတယ်။ အဲဒီလို လုပ်ရုံနဲ့လည်း သူတို့ဟာ သိနိုင်ပါတယ်။ အဲဒီတော့ကား ကျနော်က File Extension များကို ပြောင်းထားပါတယ်။ ဓာတ်ပုံဖော်မက်ဖြစ်တဲ့ jpg ဖြင့် ကျနော့်ဆိုဒ်မှာ တင်ထားတဲ့ ဆော့ဝဲလ်တွေကို File Extension ဖြင့် တင်ထားပါတယ်။
              ဒေါင်းပြီးလျှင် ဘယ်လို ဖိုင်အိပ်စတန်းရှင်းကို ပြန်ပြင်ရမလဲဆိုတာကို ရှင်းပြချင်လို့ ဒီစာကို ရေးလိုက်ပါတယ်။

ဖတ်ချင်ရင်ပေါ့။

ဝထ္ထုစာအုပ်တွေကို မဖတ်ဖြစ်တာဆိုရင် တော်တော်လေးကို ကြာနေပြီ။ သိပ်ပြီးလည်း စိတ်မပါတော့သလိုပါပဲ။ နောက်တစ်ခုက စာအုပ်ဆိုတာက စာအုပ်နဲ့လက်မှာကိုင်ပြီး ဝမ်းလျားမှောက်၍ဖြစ်စေ၊ ထိုင်လျှက်ဖြစ်စေ ဖတ်ရမှ။ ကွန်ပြူတာက PDF ဖိုင်တွေကို ဖတ်ရတာ သိပ်ပြီးတော့ ဘဝင်မကျသလိုပဲ။ အိပ်ချင်နေပါလျှက်နဲ့ ဒီစာအုပ်ကို ကွန်ပြူတာနဲ့ ဖတ်ကြည့်လိုက်တာ... အစက နည်းနည်း အထနှေးသလို စိတ်မပါသလို ဖြစ်မိပေမဲ့ ဖတ်ရင်းနဲ့ စိတ်ဝင်စားသွားလိုက်တာ ပြီးသွားတဲ့ အထိပဲ။ တော်တော်လေး ဖတ်လို့ ကောင်းပါတယ်။ လူတွေရဲ့ စရိုက် သဘာဝကို ဖော်ပြထားသလို၊ သဘာဝ ဘေးတွေကြောင့် ဘယ်လိုတွေ ကြုံတွေ့ရတယ်၊ စစ်ဆိုတာက ဒီလို ရက်စက်ပြီး ဒီလို ပြတ်သားစွာ လုပ်နိုင်မှ စတဲ့ စိတ်လှုပ်ရှားဖွယ်များကို စာအုပ်ကို ဖတ်ရင်းနဲ့ ရသတွေ၊ ဗဟုသုတတွေကြောင့် ဖတ်လို့ အရမ်းကောင်းပါတယ်။
ဖတ်ကြည့်ချင်တယ်ဆိုရင် ဒီနေရာမှာ ဒေါင်းကြည့်ပါ။

Friday 8 February 2013

၃၅ လ သက်တမ်းရှိ ထီးကလေးနဲ့ အန်တီ


Avira_internet_security_en ပါ။ ၃၅ လ သက်တမ်းရှိပါတယ်။ ကီးဖိုင်လည်း ထည့်ပေးထားပါတယ်။
ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

Tuesday 5 February 2013

Free SMS to all International Mobile Phone


(တစ်ကမ္ဘာလုံးကဖုန်းတွေကိုFree Message ပေးပို့ခြင်း..
_______________________________________________

ကျွန်တော်ဒီနည်းလေးကိုသိတာကြာပါပြီ...တစ်ချို့လည်းသိကြမှာပါ......

ကဲစမ်းကြည့်ကြရအောင်....

>>>>ပထမဆုံးဒီကိုသွားလိုက်ပါ.....>>>>http://www.dailysms.hu/

>>>>အဲ့ဒီမှာ..Free ဆိုပြီး Green Button လေးရှိတယ်.တစ်ချက်နှိပ်ပါ......

>>>>ပြီးရင်စာမျက်နှာအသစ်ကိုရောက်သွားပါလိမ့်မယ်

>>>>အဲ့ဒီမှာSelect Country မှာနိုင်ငံေ၇ွးပေးပါ...Phone noထည့်ပါ....

>>>>Gateway ရွေးပေးပါ...(တစ်ခုမဟုတ်တစ်ခုရပါလိမ့်မယ်)..

>>>>Type your Message မှာ..ကိုယ်ပို့လိုသောစာရိုက်ပါ....

>>>>Verify Code ထည့်ပေးပါ.....Send Now ကိုနှိပ်လိုက်ပါ....

ဒါဆိုရင်တော့....ကျွန်တော်ပြောပြတာလုံလောက်ပြီလို့ထင်ပါတယ်...

သူငယ်ချင်းအားလုံး အဆင်ပြေစွာ..Free SMS ပေးပို့နိုင်ကြပါစေ
Ref; MMIT

ဘဝအောင်မြင်ရေးအတွက် ကြိုးစားခဲ့သူများအကြောင်း


ဖတ်ကြည့်လို့ အကျိုးမရှိတဲ့ စာများအတွက် အချိန်ကုန်နေမယ်ဆိုရင် အောက်ပါ အကြောင်းအရာလေးများကို အနည်းငယ်လောက် ဖတ်ကြည့်ပါလို့ တိုက်တွန်းပါရစေ။ ကျနော်တို့ထက်ဆိုးရွားတဲ့ အခြေအနေများစွာနဲ့ ကျနော်တို့ထက်ကျော်လွန်အောင်မြင်သွားသူတွေ အကြောင်းပေါ့။

လျှောက်နိုင်လွန်းသူ


" လူငယ်တွေ ကျောင်းမနေရ၊ အလုပ်အကိုင်မရကြတော့ သူခိုးသူဝှက်ဖြစ်သူဖြစ်၊ လူဆိုးလူမိုက်ဖြစ်သူဖြစ်နဲ့ တိုင်းပြည်ကို နှောက်ယှက်ဖျက်ဆီးကြတယ်။ အဲ့သည်လို လူငယ်တွေထဲမှာ ကျနော် မပါစေရဘူး။ ကျနော့် ဘဝကောင်းအောင် တိုးတက်အောင်လုပ်ရမယ်။ အဲ့ဒီ့အတွက် ကျနော် ဘယ်သွားရမလဲ၊ ကျနော်ဘာလုပ်ရမလဲ၊ မဖြစ်မနေ ကျနော်သွားမယ် ကျနော် လုပ်မယ်၊ ကျနော် ကြိုးစားမယ် " ဒီစကားကို ပြောခဲ့သူက 1958 ခုနှစ်လောက်တုန်းက တနိုင်ငံလုံးလူဦးရေ (၃)သန်းရှိပြီး တနိုင်ငံလုံးမှာ တက္ကသိုလ်ဘွဲ့ရ ပညာတတ်(၂၂)ဦးသာရှိတဲ့  အာဖရိကတိုက်ရဲ့ ညာဆင်လင်းဒေသ( ယနေ့ခေတ် မော်လဝီ(MALAWI)နိုင်ငံ)မှာ နေထိုင်တဲ့ လူမည်းလေး လက်(ဂ)ဆင် ကာယီးရားပဲ ဖြစ်ပါတယ်။ သူက ဘယ်သူလဲ။ ဘာမို့လို့ ဒီစကားပြောနိုင်ရတာလဲ။ အဲဒီတုန်းက သူကိုယ်တိုင် မသိတဲ့ သူ့အ သူ့အသက်က (၁၈)လား(၂၀) လားပဲ။ သူသိတာက သူပညာတတ်ချင်တာ၊ တက္ကသိုလ် ပညာသင်ချင်တာ။ တက္ကသိုလ်တက်ချင်တဲ့ သူဟာ ပထမဦးဆုံး မူလတန်းကျောင်းသွားတက်တဲ့နေ့က ကျောင်းက သူ့ကိုလက်မခံဘဲ ပြန်လွှတ်ခြင်းကို ခံလိုက်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကိုယ်ပေါ်မှာ အဝတ်အစား ပါမလာလို့။ သူ့ဘဝက အဲ့သည်လောက်အထိ ဆင်းရဲနုံချာတာ။ အိမ်ပြန်လွှတ်လိုက်တယ်ဆိုလို့ အိမ်နဲ့ကျောင်းနဲ့က နီးသလားဆိုတော့ (၈)မိုင်လောက်ဝေးတယ်။ (၈)မိုင်ခရီးကို သူဘယ်လို လာခဲ့ရလဲဆိုတော့ “ လမ်းလျှောက်” ။

Saturday 2 February 2013

အပျိုမတွေ မငိုရလေအောင် ...

ကလေးမလေးတစ်ယောက် ကျွန်တော့်ဆီ ရောက်လာပြန်တယ်။
လူမှုရေးကိစ္စတွေ စေတနာ့ဝန်ထမ်း နားထောင်ပေး၊ ကူတွေးပေးတဲ့အလုပ်ကလေး လုပ်နေတာတစ်နှစ်ကျော်၊ နှစ်နှစ်နီးခဲ့ပြီဆိုတော့လည်း ကျွန်တော့်ဆီကို ရောက်ရောက်လာသူတွေ မနည်းလှပါဘူး။ ဒါပေမယ့် အများစုကတော့
အိမ်ထောင်ရှင်အမျိုးသမီးတွေသာ ဖြစ်ပါတယ်။ အမျိုးသားတွေထဲကလည်း အခုနောက်ပိုင်းမှာတော့ အမျိုးသမီးအရေအတွက်လောက် မများဦးတောင် တိုးတိုးပြီးရောက်လာနေကြတာ တွေ့ရတော့ ကြည်နူးရတယ်။
လာကြတဲ့အထဲမှာ အင်မတန်နည်းတာကတော့ အပျိုပေါက်အရွယ် ကလေးမလေးတွေပါ။
သည်တစ်ခေါက်ရောက်လာတဲ့ ကလေးမလေးနဲ့ တွေ့ဖြစ်ချိန်မှာ ကျွန်တော့်အတွက်ရေးစရာက ရလို့ သွားပြန်တယ်။