လက်ထပ်ပြီးစ လင်မယားနှစ်ယောက်က သူတို့ရဲ့မင်္ဂလာဦး ညမှာ သဘောတူညီမှုတစ်ခု ထားခဲ့ကြတယ် .. အဲဒါကတော့ မနက်မိုးလင်းလို့ တံခါးလာခေါက်တဲ့သူရှိရင် ဘယ်သူပဲဖြစ်ဖြစ် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် တံခါးမဖွင့်ပေးဘူးဆိုပြီး ကတိထားခဲ့ကြတယ်…
အဲလိုနဲ့ မနက်လင်းတော့ သူတို့နှစ်ယောက်နေတဲ့ အိမ်ကို ခင်ပွန်းသည် ရဲ့ မိဘတွေ လာလည်ကြတယ် …တံခါးခေါက်သံကြားပေမဲ့ သူတို့ နှစ်ယောက် ဟာဘယ်သူတွေ လာလည်လာလည် တံခါးဖွင့်မပေးရဘူးလို့ နှစ်ဦးသဘောတူ ထားကြတယ် … ဒီတော့ ခင်ပွန်းသည်က တံခါးမဖွင့်ပေးခဲ့ဘူး …
နောက်နာရီအနည်းငယ်ကြာတော့ ဇနီးသည်ရဲ့ မိဘတွေ လာလည်ကြတယ် … တံခါးခေါက်သံကြားတော့ ဇနီးသည်က တံခါးပေါက်ကို ကြည့်ရင်းငိုပြီးပြောတယ်
“ ကျမ သူတို့ ရဲ့ တံခါးခေါက်သံကို လစ်လျှူမရှုနိုင်ဘူး သူတို့ကို မသိချင်ယောင် မဆောင်နိုင်ဘူး ဘာလို့ လဲ ဆိုတော့ ကျမသူတို့ကို တစ်ကယ်သတိရနေတာပါ”
လို့ပြောတော့ သူ့ခင်ပွန်းက အလိုက်သိစွာ တံခါးထဖွင့်ပေးခဲ့တယ် …
နောင်နှစ်တော်တော် ကြာလာတဲ့ အခါ သူတို့ ကလေး ၅ ယောက်မြောက်ကလေးမွေးတယ်… ပထမ ၄ ယောက်က ယောက်ကျားလေး ဖြစ်ပေမဲ့ နောက်ဆုံးက သမီးလေး ဖြစ်နေတယ် … ခင်ပွန်းသည် ဟာ အင်မတန်ပျော်ပြီး သမီးလေးကို ကောက်ချီရင်း
စကားတစ်ခွန်းပြောလိုက်တယ် …
“သူမဟာ ငါတို့ ကို တံခါးလာဖွင့်ပေးမဲ့ သူပဲ” ……………..
သားတွေဟာ အမေတွေရဲ့ အသဲနှလုံးပါပဲ..ဒါပေမဲ့ ….
…………***သားဆိုတာ သူအိမ်ထောင်မကျခင်ထိပဲ ငါတို့ရဲ့ သားပါ
သမီးဆိုတာတော့ သူမ ရဲ့ကျန်နေတဲ့ ဘ၀ အားလုံးအထိ ငါတို့ ရဲ့ သမီးပါပဲ***……..တဲ့။
ချွေးမနဲ့ သမီးတွေ ဖတ်စေချင်တာပါ..
သားယောက်ကျားတွေကို မကောင်းဘူးလို့ ဆိုလိုချင်တာ မဟုတ်ပါဘူး...
အမှားပါရင် တောင်းပန်ပါတယ်...
ကြားဖူးတာ တစ်ခုရှိတယ် "ခင်ပွန်းကောင်းက သားကောင်းမဖြစ်နိုင်ဘူး"တဲ့