Benner

Monday 15 October 2012

Gmail အဖောက်ခံရသော အကြောင်းရင်းများ


အများအားဖြင့် ဂျီးမေးတစ်ခုကို ဖောက်ဖို့ဆိုသည်မှာ မလွယ်ကူပါဘူး။ ဘာကြောင့် ကျနော်တို့ အဖောက်ခံကြရတာလဲ။ အောက်ပါအကြောင်းအရာတို့ကို ဖတ်ကြည့်ပါ။ ပြီးလျှင် သင်လိုသလို ပြုပြင် လိုက်နာပါ။ အများ၏ အဖောက်ခံရခြင်းကို ကင်းဝေးပါလိမ့်မယ်။ ဂျီမေးကို သင်ကိုယ်တိုင် အကောင့်တစ်ခု ဖွင့်ဖူးပါသလား။ ဖွင့်ဖူးတယ်ဆိုလျှင် ပြောပြမဲ့ အကြောင်းအရာတော်တော်များများကို သိနေပါလိမ့်မယ်။ ကျနော်တို့ ဂျီမေးအကောင့်တစ်ခုကို ဖွင့်လျှင် အချို့ နိုင်ငံများတွင် ၄င်းအကောင့်အသစ်အတွက် Verify Code တောင်းပြီး ပို့ပေးဖို့အတွက် ဖုန်းနံပါတ်တစ်ခုတောင်းပါတယ်။ နောက်ပြီး ဂျီမေး အကောင့်တစ်ခုကိုလည်း ထည့်ပေးရပါတယ်။ (နောက်ပိုင်းမှာ သင်ပတ်စဝပ် ပြောင်းလိုက်လျှင် ၄င်းအကောင့်သို့လည်း ဂျီမေးက အော်တို အကြောင်းကြားပါတယ်။) အဲဒီလို မဖြစ်လိုလျှင် ကိုယ်ယုံကြည်ရတဲ့ အကောင့်တစ်ခုကို နောက်ပိုင်းမှာ ပြောင်းလိုက်ပါ။

           နောက်တစ်ခုက Security Question ကိုလည်း ထည့်ပေးရပါတယ်။ အဲဒီနေရာမှာ မထည့်ခဲ့ရဘူးဆိုလျှင်လည်း သင်ဖွင့်ပြီးလျှင် Security Tab မှ Account Recovery Option မှာ သွားထည့်လိုက်ပါ။ ကိုယ့်ရဲ့ ကိုယ်ပိုင် Own Question က ပိုပြီး ခိုင်မာပါတယ်။ မြန်မာလိုလည်း ရေးချင်ရင် ရေးလို့ ရပါတယ်။ အဲဒီ မေးခွန်းကို သင်ကလွဲပြီး တခြားလူ မသိပါစေနှင့်။ အဲဒါကိုသိခဲ့ရင်လည်း သင့်ပတ်စဝပ်ကို မသိပေမဲ့ Forget password ကနေ သင့်မေးကို ဖွင့်လို့ ရသွားနိုင်ပါတယ်။ မေးတစ်ခုကို စမ်းပြီးဖွင့်ကြည့်ချင်တယ်ဆိုလျှင် Forget Password မှာအဲဒီ ဖွင့်ချင်တဲ့ လိပ်စာကို ရိုက်ထည့်ကြည့်ပါ။ အထက်က အကြောင်းအရာထဲက တစ်ခုခုကို မေးပါလိမ့်မယ်။ ဖုန်းနံပါတ်သော်၎င်း၊ ရီကာဗာရီ အီးမေးလိပ်စာသော်၎င်း၊ Security Question သော်၎င်း မေးပါလိမ့်မယ်။ အကယ်၍ သင်ဖြေနိုင်လျှင် အဲဒီမေးကို ဖွင့်လို့ရပါပြီ။ ဖွင့်လိုရ ရတယ်ဆိုတာက ဒီလိုပါ..ဖုန်းနံပါတ်ဆိုလျှင် အဲဒီဖုန်းကို မက်ဆေ့ပို့ပေးပါတယ်။ ရီကာဗာရီ မေးဆိုလျှင်လည်း အဲဒီမေးကို ပတ်စဝပ် ပြန်ပြီး Reset လုပ်ဖို့ လင့်ပေးပါတယ်။ အဓိက..ကတော့ လက်ရှိ ပတ်စဝပ်ကို မသုံးဘဲ ပတ်စဝပ် အသစ်ကို ထည့်ပေးလိုက်လျှင် အဲဒီမေးကို ဖွင့်လို့ ရသွားပါပြီ။
            နောက် အရေးအကြီးဆုံး တစ်ခုက အင်တာနက်ဆိုင်ပါ။ အင်တာနက်ဆိုင်က လူတစ်ချို့က ကီးလော့ဂျာကို ထည့်ထားလျှင်လည်း ဖွင့်လို့ ရပါတယ်။ ကီးလော့ဂျာကတော့ သင်ကီးဘုတ်ကို နှိပ်သမျှကို လိုက်မှတ်ပေးထားတာပါ။  အကောင့်လိပ်စာနဲ့ ပတ်စဝပ်ရော.. ရည်းစားနဲ့ ကျူခဲ့တာတွေရော အကုန်လုံးကို မှတ်ထားပေးပါတယ်။ ကီးလော့ဂျာကို အများအားဖြင့်..Task Manager က Processes မှာ သွားကြည့်လျှင် တွေ့နိုင်ပါတယ်လို့ ပြောကြပေမဲ့ တချို့က ဘယ်မှာဘဲ သွားကြည့်ကြည့် မမြင်တွေ့နိုင်ပါဘူး။ ဥပမာ..Edot လိုကီးလော့ဂျာဟာ လုံးဝ ရှာလို့ မတွေ့နိုင်ပါဘူး။ ကွန်ပြူတာကို ဖွင့်တာနဲ့ သူလည်းပဲ အော်တို လိုက်ပွင့်လာပါတယ်။ ဘာကိုမှ မလုပ်ရပါဘဲနဲ့ သူ့ဘာသာ အလုပ်လုပ်နေပါတယ်။ သူ့ကို ပြန်ဖွင့်ဖို့အတွက်ဆိုရင် Shift+Alt+Ctrl+Z ကိုနှိပ်ပေးရပါတယ်။ အဲဒါကို
နှိပ်လိုက်ရင် ကွန်ပြူတာမှာ နာရီလေး ပေါ်တဲ့ နေရာမှာ ပတ်စဝပ်ရိုက်ဖို့ ပေါ်လာပါတယ်။ အဲဒီပတ်စဝပ်ကို မှန်အောင် ရိုက်နိုင်ရင်တော့ ကီးလော့ဂျာပွင့်လာပါမယ်။ အဲသလို နှိပ်လျှင် ပွင့်တယ်လို့ ပြောတာက ပရိုဂရမ်ရဲ့ Default ကို ပြောတာပါ။ User က ပြောင်းချင်ရင်ပြောင်းထားလို့ရပါတယ်။ Shift+Alt+Ctrl+Z အစား K, Y, A စသည်ဖြင့် ထားနိုင်ပါတယ်။ အကယ်၍ သင်သုံးနေတဲ့ စက်မှာ အဲဒီ ကီးလော့ဂျာဆိုတာ ရှိလား မရှိဘူးလားဆိုတာကို သိချင်ရင်တော့ အောက်က ဆော့ဝဲလေးကို ဒေါင်းပြီး စစ်ဆေးကြည့်ပါ။ ရှိပါက တွေ့ပါလိမ့်မယ်။ ဒေါင်းပြီးရင်တော့ ကိုယ့် မင်မိုရီ စတစ်ထဲမှာ သိမ်းထားပေါ့နော်။ နောက်ဆိုင်တွေ ရောက်ရင်လည်း စက်ထဲကို အင်စတောလုပ်ပြီး စမ်းကြည့်ရုံပဲလေ.. ထပ်ပြီး ဒေါင်းစရာ မလိုတော့ဘူးပေါ့။
ဒီနေရာမှာ အဲဒီဆော့ဝဲကို ဒေါင်းလုပ် ရယူပါ။
နောက်ထပ် တစ်ခုအနေနဲ့ကတော့ ကျနော်တို့ မြန်မာနိုင်ငံက အင်တာနက် ကော်နက်ရှင်ကြောင့်
သင့်မေးကို အခိုးခံရတာပါ။ ကော်နက်ရှင်က မကောင်းတော့ စိတ်မရှည်ဘူး။ စိတ်မရှည်တော့ဆိုင်းအောက်
လုပ်မသွားဘူး။ ဆိုင်းအောက်လုပ်တယ်..ဒါပေမဲ့ ကော်က ကျနေတော့ လုပ်တာ မအောင်မြင်ဘူး။ နောက်တစ်ခုက Gtalk မှာပါတဲ့ Remember password ကို မှန်ခြစ် သွားချစ်ထားလို့။ လုံးဝကို ဖောက်လို့ မရတဲ့ နည်းတစ်ခုရှိပါတယ်။ ကျနော် ပတ်စဝပ်ပါ သိသွားပါစေဦး ဖွင့်လို့ မရနိုင်တဲ့ နည်းပါ။ ဟာ.. ဂျီမေးက ပတ်စဝပ်ပေးတာတောင် ဖွင့်လို့ မရဘူးဆိုတော့ ဖြစ်နိုင်ပါ့မလားလို့ မေးစရာရှိပါတယ်။
ဟုတ်ပါတယ် ကိုယ်တွေ့ပါ။ အလုပ်တော့ နည်းနည်း ရှုပ်ပါလိမ့်မယ်။ သင့်မှာ ဟန်းဖုန်းတစ်လုံးလည်း ရှိဖို့ လိုအပ်ပါတယ်။ နောက်တစ်ခုက ဂျီတော့ သုံးလို့ မရနိုင်ပါဘူး။ ဂျီမေးရဲ့ Security Option မှာ 2-Step Verification ဆိုတာရှိပါတယ်။ အဲဒီမှာ Edit မှာ သင့်ဖုန်းနံပါတ်ကို ထည့်လိုက်ပါ။ ဖုန်းမှာ Verifity လုပ်ဖို့ ပြောလာပါမယ်။ လုပ်လိုက်ပါ။ ပြီးသွားလျှင် သင့်မေးကို သင်ပြန်ဖွင့်ရင်တောင် Verifity Code တောင်းလာပါလိမ့်မယ်။ အဲဒီမှာ Function နှစ်ခုပါ ..ပါတယ်။ တစ်ခုက Text Message နှင့် Voice call ပါ။ ပထမဟာကို ရွေးလျှင် သင့်ဖုန်းကို မက်ဆေ့ပို့ပေးပါလိမ့်မယ်။ နောက်တစ်ခုက သင့်ဖုန်းကို ခေါ်ပြီး ကုဒ်နံပါတ်ကို ပြောပါလိမ့်မယ်။ အဲဒီကုဒ်ကို ရိုက်ထည့်ပါမှ သင့်မေးဟာ ပွင့်ပါလိမ့်မယ်။
အဲဒါကို အသုံးပြုပြီးတော့ မိသားစုဝင်များ၊ ချစ်သူရည်စားများ၊ သူငယ်ချင်း မိတ်ဆွေများနှင့်လည်း အချိန်းအချက် လုပ်ထားလို့ ရပါတယ်။ ပြောလိုတာက ..ချစ်သူရေ... မင်းအွန်လိုင်းပေါ်ကို ရောက်လို့ ကိုယ့်ကို မတွေ့ရင် အဲဒီအကောင့်ကို အဲဒီပတ်စဝပ်နဲ့ ဖွင့်လိုက်..ကိုယ့်ဟန်းဖုန်း မြည်လာလိမ့်မယ်။ စသည်ဖြင့်ပေါ့။ ဘယ်သူပဲ အဲဒီအကောင့်ကို ဖွင့်ဖွင့် သင့်ဖုန်းကို အကြောင်းကြားပါလိမ့်မယ်။ အဲ.. ဖုန်းတော့ မပျောက်စေနဲ့ပေါ့။ သိရသလောက်ကို မျှဝေပါတယ်။
အားလုံး အဆင်ပြေကြပါစေ။

သစ်ယာအိုက်