Benner

Wednesday 26 September 2012

ကွန်ပြူတာ နည်းပညာနှင့် ပတ်သက်၍ လေ့လာသင့်သော ဆိုဒ်များ

          နည်းပညာနှင့် ပတ်သက်ပြီး လေ့လာသင့်တဲ့ ဆိုဒ်တွေ၊ ကျနော် သွားနေကျ ဆိုဒ်တွေ ဖတ်နေကြ နေရာတွေကို အများသူငှာတို့လည်း သွားရောက်ဖတ်ရှု့ လေ့လာလိုသော စိတ်ဆန္ဒဖြင့် ရေးလိုက်ပါတယ်။ ကွန်ပြူတာ နည်းပညာ ဆော့ဝဲလ်တွေ၊ ဖြစ်နေတဲ့ ပြဿနာတွေကို မြန်မာဆန်ဆန် မြန်မာလိုရေးပြီး မေးနိုင်တောင်းနိုင်တာကတော့ www.mmitd.com ပဲ ဖြစ်ပါတယ်။ ဘယ်ဆော့ဝဲလ်ရဲ့ ကီးလေးကို မစပါ။ Patch file, Keygen လေး မစပါ စသည်ဖြင့် အများသူငှာတွေလည်း မေးထားတာကို တွေ့ကြရပါလိမ့်မယ်။  မြန်မာ့နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးလို့ ခေါင်းစဉ်တပ်ပြီး အခမဲ့ ကူညီနေပါတယ်။ လူပေါင်းအစုံ၊ လုံးဝ မသိတဲ့လူရော၊ တော်တော်လေး သိတဲ့လူရော၊ ကီးအရှာရခက်တဲ့ လူတွေရော မေးထား၊ ဖြေထားကြပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ Comments, Questions တွေ မေးချင်ရင်တော့ ကိုယ်ပိုင် အကောင့်တစ်ခု လုပ်ဖို့ ပြောလိုပါတယ်။
           အထက်က ဆိုဒ်ထက် နည်းနည်းလေး ပိုပြီး မြင့်တာကတော့ (ကျနော့် အမြင်) http://mysteryzillion.org/ ပဲ ဖြစ်ပါတယ်။ သူတို့တွေကတော့ အဆင့်မြင့်ပိုင်းဆိုင်ရာတွေ တော်တော်များများကို မေးမြန်း ဆွေးနွေးထားကြတာဖြစ်ပါတယ်။ သင့်အနေနဲ့ လုံးဝ သိသင့်သိထိုက်တာလေးတွေကို မေးပါက ပြန်လည် ဖြေကြားလိုစိတ် ရှိကြဟန်မတူပါဘူး။ အကြောင်းအရာ တော်တော်များများကို ဆွေးနွေးထားတာကိုလည်း တွေ့ရပါလိမ့်မယ်။ အထက်က ဆိုဒ် နှစ်ခုလုံးဟာ ဇော်ဂျီ ကို မသုံးဘဲ မြန်မာ၃ ကိုပဲ သုံးပြီး ထားပါတယ်။ ထို့ကြောင့် သင်မေးလိုသော မေးခွန်းဟာ အီးလို မေးလျှင် ပြဿနာ မရှိပေမဲ့ ဇော်ဂျီနဲ့တော့ မေးခွင့် မရှိပါဘူး။ အဲဒါအတွက်လည်း စိတ်မပူပါနှင့် ၄င်းဆိုင်ရာဆိုဒ်တွေမှာ ဇော်ဂျီ- မြန်မာ၃ ကွန်ဗတ်တာ ထည့်ပေးထားပါတယ်။ 
            နောက်ထပ်..နောက်ထပ်တွေအနေနဲ့ကတော့ http://www.myanmartutorials.com/,

Tuesday 25 September 2012

လူတော်တော်များများတွင် ရှိနေသော ဘီပိုး အကြောင်း


အသည်းရောင် ဘီပိုးဆိုတာ ဘာပါလဲ။

အသည်းရောင်စေတတ်တဲ့ Virus ပိုးမျိုး ဖြစ်ပါတယ်။ Virus အမျိုးအစား ခြောက်မျိုးရှိရာ နာမည် ကွဲပြားအောင် A,B,C,D,E,G လို့ ပေးထားပါတယ်။ အဲဒီ ပိုးခြောက်မျိုးထဲက တစ်မျိုး ဖြစ်ပါတယ်။

တခြား အသည်းရောင် Virus ပိုးတွေနဲ့ ဘာကွာပါသလဲ။

အသည်းရောင် ဘီပိုးဟာ DNA Virus ဖြစ်ပါတယ်။ တခြား အသည်းရောင် ပိုးတွေက RNA ဗိုင်းရပ်စ် ဖြစ်ပါတယ်။

ရောဂါ လက္ခဏာ ဘာကွာပါလဲ။

အသည်းရောင်နည်း နှစ်မျိုး ရှိပါတယ်။ Acute Hepatitis ခေါ်တဲ့ ရုတ်တရက် အသည်းရောင် အသားဝါဆိုရင် ပျို့ချင်၊ အန်ချင်၊ မစားချင်၊ မသောက်ချင်၊ ဆီးဝါ၊ မျက်လုံးဝါ၊ ညာဘက် ရင်ဘတ်အောင့်တာတွေ ဖြစ်ပြီး အခြေအနေဆိုးလျှင် ကယောင်ကတမ်းဖြစ်၊ နေ့နဲ့ညမှားပြီး နေ့ဘက်မှာ အိပ်၊ ညဘက်မှာ မအိပ်၊ သတိလစ်၊ တက်၊ သွေးယိုစတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ ခွဲခြားတဲ့ သွေးစစ်နည်း Viral Markers တွေကသာ A ရယ်၊ B ရယ်၊ C ရယ်၊ D ရယ်၊ Eရယ်၊ G ရယ် စသဖြင့် ပြောနိုင်ပါတယ်။ နောက်တစ်နည်းမှာ နာတာရှည် အသည်းရောင် ဖြစ်ပါတယ်။ အသည်းရောင် A ပိုးနဲ့ အသည်းရောင် E ပိုးဟာ နာတာရှည် မဖြစ်ပါ။ ရောဂါလက္ခဏာ မပြဘဲ Viral Markers ခေါ် သွေးစစ်မှသာ တွေ့သူ၊ အသည်းစစ်ချက် LFT (Liver Function Tests) တွေ သွေးထဲမှာ မြင့်တက်နေသူ၊ ကိုယ်ပေါ်မှာ အနီစက်ကလေးတွေ ပေါ်သူ၊ မျက်လုံးနည်းနည်းဝါသူ၊ ရေဖျဉ်းရှိ၊ ခြေထောက်ရောင်သူ၊ နို့သီးစူသူ၊ ချိုင်းမွေး၊ ဆီးခုံမွေးပါးသူ၊ သားမြတ်သိမ်သူ စသဖြင့် နာတာရှည် ရောဂါလက္ခဏာတွေ တူကြပါတယ်။ သွေးစစ်ချက်သာ ကွာပါတယ်။

Wednesday 19 September 2012

Zaw Gyi & Myanmar 3 တစ်နေရာထဲမှာ အတူတူ မြင်ရစေဖို့

ပြီးခဲ့တဲ့ အပတ်က ကျနော့်အသိ A.K.L ဆိုတဲ့ ညီငယ်တစ်ယောက်က ဇော်ဂျီနဲ့ မြန်မာသရီးကို တစ်နေရာထဲမှာ မမြင်ရလို့ဆိုပြီး ကလိကလိ ပြောလာပါတယ်။ သူက တရုပ်မြန်မာ ကပြားဖြစ်တာနဲ့အညီ သူသိတဲ့ တရုပ်စာတွေမှာဆိုရင် ဘယ်တရုပ်ဘာသာနဲ့ပဲရေးရေး မြင်ရပါတယ်တဲ့...
အခုတော့ မမြင်ရလို့ဆိုပြီး ပွစိပွစိ ပြောသွားပါတယ်။ အမှန်က Google Chrome က myanmar 3  ကို Support လုပ်ပြီး  Mozilla Firefox က Zawgyi one ကို Support လုပ်ပါတယ်။
အခုပေးတဲ့ လင့်ကလေးကို နှိပ်ပြီး Mozilla Firefox မှာ Add on install လုပ်လိုက်ပါ။ မော်ဇီလာ အနေဖြင့် myanmar3 ရော zawgyi one ရော မြင်ရပါလိမ့်မယ်။
ပထမ မော်ဇီလာကိုတော့ ဖွင့်ပါ။ ပြီးလျှင် မော်ဇီလာမှ အောက်က လင့်ကို နှိပ်ပြီး ဖွင့်လိုက်ပါ။ ကျန်တာတော့ ကြည့်လုပ်လိုက်ပါ။
https://addons.mozilla.org/en-US/firefox/collections/saturngod/mya/

Sunday 16 September 2012

DOS Command (Disk Operation System) မြန်မာလို

ကွန်ပြူတာ တစ်ခုလုံးမှာ ပါဝင်သော စစ်စတမ်ပိုင်း ဆိုင်ရာ အားလုံးကို အသေးစိတ် ရေးထားပါတယ်။ မိမိရဲ့ ဟတ်ဒစ်ကို ဘယ်လို ဘေးရန်ကင်းကင်းနဲ့ ဖော်မက်ချမယ်.. ဖော်မက်ချထားတာတွေကို ဘယ်လို ပြန်ယူမယ်။ စစ်စတမ် ရီစတိုးကို ဘယ်လို လုပ်ကြမယ်။ ရီဂျစ်စတီကို အသေးစိတ် ကလိကြမယ်။ အများအားဖြင့် ဟတ်ဝဲလ်အကြောင်းနဲ့ စစ်စတမ် ဆက်စပ်မှု့ကို လေ့လာလိုသူများ ဖတ်ရှု့သင့်ပါတယ်။
ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

A+ Exam Guide

A+ စာမေးပွဲကို ဖြေဆိုလိုသူများ စာမေးပွဲကြေးများ အပါအဝင် မေးလေ့မေးထရှိသော မေးခွန်းများ စံပြ အဖြေများနှင့် သိထားသင့်သော ကွန်ပြူတာ ပြုပြင်လိုသူများအနေနှင့်လည်း သိထားသင့်သည့် အကြောင်းအရာများကို အသေးစိတ် ရေးထားပါတယ်။ စာမေးပွဲရဲ့ သမိုင်း အစဉ်အလာက အစ၊ မည်သို့ ဆက်သွယ်ပြီး ဖြေဆိုနိုင်သည်..စသည်ဖြင့်..
လေ့လာလိုက ဒီနေရာမှာ နှိပ်ပြီး ဒေါင်းလုပ် ရယူပါ။

Adobe Photoshop CS4

မြန်မာလို လေ့လာလိုသူများ ဒီနေရာကို နှိပ်ပြီး ဒေါင်းလုပ် ရယူပါ။

Adobe Photoshop CS3 (မြန်မာလို)

မြန်မာလို လေ့လာလိုသူများအတွက်  ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

Adobe PageMaker (မြန်မာလို)

Adobe PageMaker ကို နောက်ဆုံးအနေနဲ့ ဗားရှင်းဆဲဗင်းပဲ ထွက်ပြီး၊ ၄င်းဆော့ဝဲလ်ကို အဒိုဘီ မိသားစုမှ ဝယ်ယူခဲ့ပြီး နောက်ထပ် ဗားရှင်းများကို Page Maker အနေနဲ့ မထွက်တော့ဘဲ၊ အဒိုဘီ မိသားစုထဲတွင် အင်ဒီဇိုင်းအနေနဲ့ ထွက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ လူတော်တော်များများဟာ အင်ဒီဇိုင်းနဲ့ သိပ်ပြီး မရင်းနှီးကြဘဲ Page Maker ကိုပဲ ရှိရင်းစွဲအတိုင်း ယနေ့တိုင် သုံးစွဲနေကြပါတယ်။
      Page Maker ကိုသုံးပြီး စာစီ၊ စာရိုက်၊ ဖိတ်စာ စသည်တိုကို လက်တွေ့ကျကျ မြန်မာလို ရှင်းပြထားပါတယ်။ လိုအပ်ပါက ဒီနေရာမှာ နှိပ်ပြီး ဒေါင်းလုပ် ရယူပါ။ 

Thursday 13 September 2012

Monday 3 September 2012

Microsoft Excel 2007 PDF (မြန်မာလို)

Microsoft Excel 2007 ကို မြန်မာလို လေ့လာလိုသူများအတွက်
ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။