Benner

Wednesday 3 October 2012

မိမိတို့ ဟန်းဖုန်းဖြင့် အင်္ဂလိပ်စာကို လေ့လာကြမလား


အားလပ်ချိန်တွေကို အလဟဿ မကုန်ဆုံး စေဘဲ အင်္ဂလိပ်စာ
လေ့လာလိုသူ တွေအတွက် ကိုယ့်ရဲ့ဖုန်းထဲမှာပဲ အင်္ဂလိပ်စာလေ့လာပြီး
လေ့ကျင့်ခန်းတွေ ဖြေကြည့်လို့ရမယ့် Freeware လေး တစ်ခု ကို ပြောပြချင်ပါတယ်။

Test Your English ဆိုတဲ့ Freeware လေး မှာ All Tests ဆိုတဲ့
ခေါင်းစဉ်ကြီး ပါဝင်ပြီး အဲဒီအောက်မှာမှEFL Grammar Exercises, ESL Business English, English Synonym Worksheets, Idioms အသုံးတွေနဲ့ Common Errors in English Usage စသလို ခေါင်းစဉ်ခွဲ ငါးခု ပါဝင်တဲ့
အပြင် Readings နဲ့ Listening Tests လည်းပါဝင် တာမို့ အင်္ဂလိပ်စာ
လေ့လာနေသူတွေအတွက် တစ်စုံတစ်ရာ အထောက်အကူပေးနိုင်မှာမို့
ညွှန်ပေးတာပါ။


ဒီ Freeware လေးရဲ့ ထူးခြားချက်တစ်ခု ကတော့ တခြားအင်္ဂလိပ်စာ
လေ့လာနိုင်တဲ့ဆိုက် တွေလို အွန်လိုင်းရှိမှ လေ့လာနိုင်တာမျိုးမဟုတ်ဘဲ Offline သုံးနိုင်တာပါ။

ကိုယ့်ရဲ့ အင်္ဂလိပ် အရည်အချင်းကို စစ်ဆေးနိုင်တဲ့အပြင် အဖြေမှား သွားရင်လည်း အဖြေမှန်ကို ဖော်ပြပေးမှာပါ။ ဒါ့အပြင် ကိုယ်သိလိုတဲ့ အင်္ဂလိပ်စာလုံးရဲ့ အသံထွက် မှန် မမှန် စစ်ဆေးနိုင်သေးတာမို့ အသံထွက်မှားမှာ စိတ်ပူစရာမလိုတော့ပါဘူး။

ဒီ Test Your English က I, II, III သုံးမျိုးအပြင် Test Your English Vocabulary လည်း ရှိပါသေးတယ်။ စိတ်ဝင်စားလို့ လေ့လာချင်တယ်ဆိုရင်တော့
ဒီနေရာကို နှိပ်ပြီး ဒေါင်းလုပ် ချနိုင်ပါတယ်။
သတိပြုစရာ တစ်ခုအနေနဲ့ကတော့ ..Android အမျိုး အစားဖုန်းတွေနဲ့ Tablet တွေမှာ ထည့်သွင်း လေ့လာနိုင်မှာပါ။