Benner
Thursday 21 August 2014
လောကသားတို့အတွက် မြတ်စွာဘုရား၏ ကြိုးပမ်း အားထုတ်မူများ
အပိုင်း ၁ မှ အပိုင်း ၃၉ ရှိပါတယ်။ ပါချုပ် ဆရာတော်၏ တရားတော်များ ဖြစ်ပါတယ်။ မြတ်စွာဘုရား၏ နေ့စဉ် ဒိုင်ယာယီကို ဟောထားတယ်လို့ ပြောရမယ် ထင်ပါတယ်။ လိုအပ်ပါက အောက်မှာ ဒေါင်းလုပ် ရယူပါ။
သစ်ယာအိုက်
Friday 15 August 2014
မြန်မာစကားလုံး နှင့် ကီးဘုတ်လက်ကွက် အေပီကေ
ဘယ်သူ့အတွက်မှ မဟုတ်ဘူး။ သူများတွေကို လုပ်ပေးရင် ကိုယ့်ဘာသာ ဟိုရှာ ဒီမွှေ ဖြစ်ရလွန်းလို့ ပေါင်းထည့်ထားတာ။ လိုချင်ရင် ယူသုံး။
သစ်ယာအိုက်
Sunday 4 May 2014
Express Downloader
ဘာပဲလိုလို ဒေါင်းယူလို့ရပါတယ်။ ဒါပေမဲ့ ဒေါင်းယူလိုက်တဲ့ ဖိုင်နဲ့အတူတူ မလိုအပ်တဲ့ ဗိုင်းရပ်တချို့တော့ ပါလာတတ်ပါတယ်။  သူ့ရဲ့ အားသာချက်က မနေ့က အမေရိကန်မှာ ရုံတင်လိုက်တဲ့ ဇာတ်ကားကို ဒီနေ့ သူနဲ့ ဒေါင်းယူကြည့်ရှူနိုင်ပါတယ်။ ကီးဖိုင်တွေ၊ ခရက်ဖိုင်တွေ၊ ပိုတေးဘဲ ဆော့ဝဲလ်တွေလိုချင်သလား အကုန်လုံးကို အဆင်ပြေပါတယ်။
ဒါပေမဲ့ လူကြီးမင်းစက်မှာ အန်တီဗိုင်းရပ်က အရမ်းအရမ်းလုံခြုံရေးကောင်းနေရင်တော့ ဒေါင်းခွင့်ပြုမှာ မဟုတ်ပါ။
ဒီမှာ ဒေါင်းယူ့ပါ။
Android ဖုန်းက သုံးရတာ နှေးနေပါသလား ၊ Speed ကိုပိုမိုမြန်ဆန်လာအောင်ပြုလုပ်ကြရအောင်
Android ဖုန်းတွေကို ၀ယ်ကာစကတော့ သုံးရတာသွက်သွက်လက်လက်ပါပဲ ။ ဒါပေမယ့် ၀ယ်ပြီး တစ်လ (သို့မဟုတ်) ရက်သတ္တပတ်များစွာအကြာမှာတော့ ဖုန်းရဲ့ performance က အနည်းငယ်ကျဆင်းစပြုနေပါပြီ။
ဘာကြောင့် လေးလံလာရသလဲ ?
----------------------------------------------
Sunday 27 April 2014
Really ,, Really Funny..Enjoy it.
Wife is like a TV,
Girlfriend is like a MOBILE .
At home u watch TV,
But when u go out u take ur MOBILE.
No money, u sell the TV,
Got money u change ur MOBILE.
Saturday 11 January 2014
လက်ရှိအနေအထားအရ နောက်ဆုံးထွက်များ
Browser များ
Firefox 27
Google Chrome 33.0.1750
Maxthon
အန်တီဗိုင်းရပ်များ
Avria
Avast!
AVG 32 Bit
AVG 64
Kaspersky Free
Malewarebyite
Format Factory
    မီဒီယာများအနေနဲ့ MP3, Mp4, MP5, AVI, WAV, AMR, 3GP, MPEG.....စသည်ဖြင့် မိမိလိုရာ ဖော်မက်ကို ပြောင်းနိုင်သည်။
Thursday 9 January 2014
ဘိုင်ယန်မြူးနစ် အသင်း၏ မြို့တော်၏ တစိတ် တဒေသ
မြူးနစ်မြို့သည် ဂျာမဏီနိုင်ငံ ဘာဗေးရီးယားပြည်နယ်၏ မြို့တော်ဖြစ်ပါတယ်။ ဒေသခံများအနေဖြင့် (München) မြူံခြံ (တိတိကျကျမဟုတ်) ဟု ခေါ်ဆို သုံးနှုံးကြပါတယ်။ ဘာဗေးရီးယန်း အဲလ်ပ်တောင်တန်း၏ မြောက်ဖက် အီဆာမြစ်ကမ်းပေါ်တွင် တည်ရှိပြီး ဘာလင်မြို့နှင့် ဟမ်းဘတ် မြို့တို့ ပြီးလျှင် ဂျာမဏီ၏ တတိယမြောက် အကြီးဆုံးမြို့ဖြစ်သည်။ လူဦးရေအားဖြင့် ၁.၃၈သန်းခန့် နေထိုင်ပြီး ဘာဗေးရီးယန်း ပြည်နယ်၏ လူနေအထူထပ်ဆုံးနှင့် မြို့တော်လည်း ဖြစ်ပါတယ်။
München ဟူသော အဓိပ္ပါယ်မှာ "ဘုန်းကြီးများကြောင့် ဖြစ်ပေါ်လာသောနေရာ" ဟု အဓိပ္ပါယ် ရပါတယ်။ မြူးနစ်မြို့သည် ၁၉၇၂ခုနှစ်တွင် နွေရာသီ အိုလံပစ်အတွက် အိမ်ရှင်မြို့ ဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဆောင်းရာသီ အိုလံပစ်အတွက် အိမ်ရှင်အဖြစ် ပဏာမ ရွေးချယ်ထားသော စာရင်းတွင်ပါဝင်သည်။
          မြူးနစ်မြို့ကို ၁၁၅၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၁၅၀၆ ခုနှစ်တွင် Bavarian ပြည်နယ်၏ မြို့တော်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ မြူးနစ်မြို့ဟာ အပြည်ပြည်ဆိုင်ရာ အချုပ်အခြာအာဏာများ တည်ရှိရာ၊ တက္ကသိုလ်များ၊ ပြတိုက်၊ ကဇာတ်ရုံများ၊ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲများ တည်ရှိရာ ပင်မ အိမ်ကြီးသဖွယ် တည်ရှိနေပါတယ်။ Oktoberfest (အောက်တိုဘာဖက်စ်) ခေါ် ဘီယာပွဲတော်ဟာ နိုင်ငံခြားသားများကို ဆွဲဆောင်ရာမှာ အဓိက အခန်းဏ္ဍမှ ပါဝင်ပါတယ်။ မြူးနစ်မြို့ရဲ့ အဓိက ဆောင်ပုဒ်ကတော့ " München mag dich " မြူးနစ်မြို့က သင့်ကို ချစ်ပါတယ် ဆိုတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။ သို့သော် ၂၀၀၆ ခုနှစ် မတိုင်မီက ဆောင်ပုဒ်ကတော့ " Weltstadt mit Herz " နှလုံးသားနဲ့ မြို့တော်လို့ အဓိပ္ပါယ်ရပါတယ်။
သိသင့်သောနည်းပညာအတိုကောက်စလုံးများ
အများစု အတိုကောက်ပဲ သိကြတဲ့ နည်းပညာစာလုံးများရဲ့ အရှည်ကောက်လေးတွေပါ။ မှတ်သားစရာပဲဗျ။
ကျွန်တော်လဲ တော်တော်များများ အခုမှ သိတယ်
Credit - General Knowledge!!! (Did You Know) fb page.
* VIRUS - Vital Information Resource UnderSeized.
* 3G -3rd Generation.
* GSM - Global System for Mobile Communication.
* CDMA - Code Divison Multiple Access.
* UMTS - Universal MobileTelecommunication System.
* SIM - Subscriber Identity Module .
Tuesday 7 January 2014
ကွန်ပြူတာနှင့် ပတ်သက်သော စာအုပ်အချို့
စာအုပ်ကောင်း တစ်အုပ်
             ဒီဘလော့ကို ကွိစိကွစ ရေးနေလို့ ဘယ်ကမှ ပိုက်ဆံလည်း မရပါ။ သို့သော် ဖတ်ပြီးလို့ ကောင်းသောစာအုပ်၊ သိထားသင့်တဲ့ ဗဟုသုတလေးများ၊ ကွန်ပြူတာနှင့် ပတ်သက်လို့ သိသလောက်များကို ပြန်လည်မျှဝေလိုတဲ့ စိတ်ဆန္ဒနဲ့ တင်ချင်တဲ့အခါ တင်တယ်။ စိတ်မပါတဲ့အခါမှာလည်း ပစ်ထားလိုက်တယ်။ ကိုယ်ကိုတိုင် ခံစားဖတ်ရှူ့ပြီးလို့ ဗဟုသုတ မရစေမဲ့အရာ၊ တစ်စုံတစ်ခု ပညာမရသွားမည့်အကြောင်းအရာမျိုး ကျနော် တင်လေ့မရှိပါ။
            အခု စာအုပ်တစ်အုပ်ကို အင်တာနက် ကော်နက်ရှင် နည်းနည်းလေးနဲ့ ဖတ်စေချင်လွန်းသဖြင့် တင်လိုက်ပါတယ်။ ဒီစာအုပ်ကို ဖတ်ပြီးလို့ သိမ်းထားရမည့်စာအုပ်၊ ညီငယ်၊ သူငယ်ချင်းတို့အား လက်တို့ရမည့် စာအုပ်ဟု မယူဆပါက ကြိုက်သလို ပြောနိုင်ပါတယ်။ ခေတ်အမြင်များဖြင့် ပွင့်ပွင့်လင်းလင်း ရှင်းလင်းအောင် တင်ပြထားသဖြင့် အမျိုးသမီးများအနေဖြင့်တော့ နည်းနည်း ရိုင်းမည်ဟု ယူဆရပါသည်။ ယခုစာအုပ်ကို ဖတ်သဖြင့် အောင်လိုစိတ်များ၊ ယုံကြည်မူခွန်အားများ ရရှိပြီး အောင်မြင်သွားသူများ၊ အနေအထား တစ်ခုကို ရောက်သွားသူများ မြောက်များစွာ ရှိပါတယ်။
ဒီနေရာကို နှိပ်ပြီး ရယူပါ။
            ယခုလို ဘာသာပြန်စာအုပ်များထဲတွင် နောက်တစ်ကြိမ်ပြန်ဖတ်လိုသော စာအုပ်မှာ ရေနံကုန်သည် အမည်ရတဲ့ စာအုပ်ပါ။ အီးဘုတ်အနေဖြင့် တင်ထားတာ မတွေ့ရသေးပါဘူး။ ကျနော် ရှာမတွေ့တာလည်း ဖြစ်နိုင်ပါတယ်။ စာအုပ်အနေဖြင့် တော်တော်လေးထူပါတယ်။ ဖတ်နေရင်းနဲ့ ပြီးဆုံးအောင်၊ လက်က မချနိုင်အောင် စွဲဆောင်မူရှိပါတယ်။ စာကြည့်တိုက်က ဝယ်ယူသော်လည်း မရောင်းသဖြင့် လက်လျှော့ခဲ့ရပါတယ်။ အပြင်မှာလည်း အခုအထိ ရှာလို့မတွေ့သေးပါဘူး။ အီးဘုတ်အနေဖြင့် တွေ့ရှိပါက လက်တို့ကြပါကုန်။
Monday 6 January 2014
Facebook မှ ဗွီဒီယိုများကို ဒေါင်းလုပ် ရယူလိုပါသလား။ ရာနှုန်းပြည့် အဆင်ပြေပါတယ်။
မသိသေးသော သူများအတွက် ရည်ရွယ်ပါတယ်။ အဆင့်တွေ ရေးထားတာက အတွေ့အကြုံမရှိသေးသူများအတွက် ပိုမို ရှင်းစေဖို့ပါ။ တစ်ခါမှ မလုပ်ဖူးသူများအနေဖြင့် တစ်ခါလောက် လုပ်ပြီးလျှင် ပြောသလောက် မခက်ပါလားဆိုတာကို တွေ့ရပါလိမ့်မယ်။
၁။ ဖေ့စဘုတ်မှ ဗွီဒီယိုဖိုင်ကို ဖွင့်လိုက်ပါ။
၂။ Address bar မှ ၄င်းဗွီဒီယိုဖိုင်၏ လိပ်စာကို Copy ကူးယူပါ။
၃။ http://www.downvids.net/ လိပ်စာကို ဖွင့်ပါ။
၎။ ပြီးလျှင် ကော်ပီလုပ်ထားသော လိပ်စာကို ပုံများပြထားတဲ့အတိုင်း R-Click ဖြင့် Paste လုပ်ပါ။
၅။ ဒေါင်းလုပ်ဆိုတဲ့ နံပါတ် ၂ ကိုနှိပ်ပါ။ ပြီးလျှင် အောက်မှာ နံပါတ် ၃ နေရာကို နှိပ်လိုက်ပါက သီးခြား လင့်တစ်ခုဖြင့် ၄င်းဗွီဒီယို ပွင့်လာပါမည်။
၆။ ပွင့်နေသော ဗွီဒီယိုဖိုင်ပေါ်တွင် ညာဖက်ကလစ် (R-Click) နှိပ်ပြီး Save as Video ဖြင့် မိမိနှစ်သက်ရာ နေရာတွင် သိမ်းနိုင်ပါသည်။
ဖုန်းအား အမြန်သွင်းနည်း
မိုဘိုင်းဖုန်း အားသွင်းဖို့ အတွက် သိပ်အချိန်မရတဲ့ အခါတွေ ကြုံတွေ့ကြဖူး မှာပါ။ အဲ့ဒီအချိန်ကျ အချိန်တိုအတွင်း အားမြန်မြန် ဝင်စေမယ့် နည်းလမ်းကို အသုံးပြု နိုင်ပါတယ်။
အဲဒါကတော့ Flight mode/ Airplane mode သို့ ပြောင်းလိုက်ခြင်း ဖြစ် ပါတယ်။ Airplance mode, Flight mode ပြောင်းလိုက်ခြင်းကြောင့် Background မှာ Run နေတဲ့ Application တွေအားလုံးကို ပိတ်ပေး ပါတယ်။ Bluetooth, Wireless, GPS , Mobile Data အစရှိသဖြင့် ဖုန်းအား အသုံးပြု နေတဲ့ Option အားလုံးကို Flight mode က Off လုပ်ပေးသွား မှာ ဖြစ်ပါတယ်။ အဲ့ဒီ အခါကျရင် အချိန်တိုအတွင်း အားမြန်မြန် ဝင်တာ ကို တွေ့ ရမှာပါ။ အဲ့လိုမသွင်းခင်မှာလဲ ဖုန်းထဲမှာ Run နေသမျှ App တွေ အားလုံးကို အရင် clear လုပ်ဖို့ လိုပါသေးတယ်။
နောက်ထပ်တစ်နည်းကတော့ ဖုန်းကို ပါဝါပိတ်ပြီး အားသွင်းခြင်း ဖြစ် ပါတယ်။ ဖုန်းကို ပါဝါပိတ်ထားတဲ့အတွက် ဘယ် application မှ အသုံးပြုရခြင်း မရှိ တော့တာမို့ အားသွင်းတာ ပိုလို့တောင် မြန်ဆန် ပါတယ်။ သို့ပေမယ့် Power on/ off အကြိမ်များကြောင့် Data အချို့  ပျောက် ကွယ် နိုင်တာ ကြောင့် flight mode ကိုပဲ ပိုပြီးတော့ Recommend ပေး ပါတယ်။ ပြီးတော့ အားအရမ်းလိုနေရင် ကွန်ပြူတာ USB မှတစ်ဆင့် မသွင်းပါနဲ့။ Power Plug ကနေပဲိတိုက်ရိုက်သွင်းရ မှာ ဖြစ်ပါ တယ်။ အားလုံး မိုဘိုင်း ဖုန်း အားသွင်းဖို့ အဆင်ပြေမယ်လို့ မျှော်လင့် ပါတယ်။
.
Ref: techgek
အောင်ခမ်း ( TSJ Team )
Sunday 5 January 2014
သိပ်ပြီး ကြည့်စေလိုသော စေတနာများစွာဖြင့်...
ကျနော်ဆိုဒ်မှာ ဗွီဒီယိုဖိုင်တွေကို တဆင့်အနေနဲ့ ပြန်ရှဲလ်ခဲပါတယ်။ အခု ကျနော် လင့်ကလေး တစ်ခု ပေးပါမယ်။ သင့်ဘဝရဲ့ သံသရာအတွက် ၄င်းလင့်ကလေးက ဘာလုပ်သင့်တယ်ဆိုတာကို ပြောပြ ပါလိမ့်မယ်။ ကျနော်ဟာ လမ်းပြပေးနိုင်လောက်တဲ့ ဆရာမဟုတ်ပါဘူး။ အဖြူ၊ အမည်းအားဖြင့် စိတ်ကြိုက် သဘောထားကွဲလွဲခွင့်ကိုလည်း လက်ခံထားပါတယ်။
မည်သို့ပင် ဖြစ်စေ.. အောက်ပါ ယူကျူ့လင့်ကို သင်ကြည့်ပြီးလို့မှ သင်ရင်ထဲမှာ တစ်စုံတစ်ခု မကျန်ခဲ့လျှင် ကျနော့်အီးမေးလိပ်စာအား စာပို့ပြီး ပက်ပက်စက်စက် ဆဲကြပါလေကုန်..
သံဝေဂ တရားများ ကိုယ်စီရကြပါစေ။
http://www.youtube.com/watch?v=ucC1QbyWTrE
ဟာသအနေနဲ့သာ အမှန်တရားများကို ဖတ်ပေးပါရန်...
# အမျိုးသမီးများမှာ အမျိုးသားများထက် အကွက် ကြိုမြင်ကြသည်။
အမျိုးသားများမှာ ထိုအချက်ကို ကြိုသိထား၍ အမျိုးသမီးများကို တစ်ပတ်ရိုက်ကြကုန်၏။
# အမျိုးသမီးများ၌ အမှားများစွာ ရှိသည်။
အမျိုးသားများ၌မူ အမှားနှစ်ခုသာရှိသည်။
ယင်းတို့မှာ ထင်ရာစွတ်ပြောခြင်းနှင့် ထင်ရာစွတ်လုပ်တတ်ခြင်း ဖြစ်သည်။
# မိန်းမများ ဖြုန်းနိုင်သည့် ငွေ ပမာဏထက် ဝင်ငွေ ပိုရှာပြနိုင်သူမှာ အာဂ ယောကျာ်း မည်၏။
ထိုယောကျာ်းကို ရအောင် ယူနိုင်သူကား အာဂမိန်းမပင် ဖြစ်၏။
# အမျိုးသားများမှာ အမျိုးသမီး တစ်ဦးဦး၏ အချစ်ဦး ဖြစ်လိုကြသည်။
အမျိုးသမီးများမှာမူ အမျိုးသား တစ်ဦးဦး၏ နောက်ဆုံးချစ်သူ သာ ဖြစ်လိုကြ၏။
အမျိုးသားများမှာ အချစ်ဦး မဖြစ်ရသည့်တိုင် စိတ်ပျက်စရာ မလိုပေ။ ပထမဆုံးသော တရားဝင် ခင်ပွန်းသည် ဖြစ်ခွင့်ရှိ နိုင်ပါသည်။
အမျိုးသမီးများမှာလည်း နောက်ဆုံးချစ်သူ မဖြစ်ရ၍လည်း ဝမ်းမနည်းသင့် ပေ။ နောက်ဆုံးမိန်းမ ဖြစ်ရခြင်း ကပင်ကံကောင်းလွန်း နေပြီ ဖြစ်သည်။
# မိန်းမတစ်ဦးမှာ ယောကျာ်းက ၎င်းကို ချစ်နေရန်သာ လိုလားသည်။ ၎င်းအား နားလည်မှု့ ပေးခြင်းကိုမူ မလိုလား။
ယောကျာ်းတစ်ဦးမှာ မိန်းမတစ်ဦးက ၎င်းကို ချစ်နေမည်ထက် နားလည်ပေးမည်ကိုသာ ပို၍ လိုလားသည်။
# မိန်းမက နည်းနည်းသာချစ်ပြီး နားလည်မှု့ များများပေးမည် ဆိုလျှင် ယောကျာ်းက ကျေနပ်သည်။
ယောက်ကျာ်းက နားလည်မှု့ နည်းနည်းပေးပြီး များများချစ်လျှင် မိန်းမက ကျေနပ်သည်။
# မိန်းမများသည် အပြောင်းအလဲ လုပ်လို၍ လက်ထပ်ကြခြင်းဖြစ်သည်။
ယောကျာ်းများမှာ ဘာများ ပြောင်းလဲမည်နည်းဟု မျှော်လင့်၍ လက်ထပ်ကြခြင်း ဖြစ်သည်။
လက်ထပ်ပြီးနောက် ဘာမှ မထူးမှန်း သိကြကုန်၏။
အနှစ်ချုပ်
-------------
လက်ထပ်ပြီး ယောကျာ်းများမှာ လက်မထပ်ရသေးသော ယောကျာ်းများထက် အသက်ပို ရှည်ကြသည်။
သေချင်စိတ်လည်း ပိုများ ကြလေ၏။ ခဏမကြာဆိုသလိုလည်း နောင်တ များစွာရရှိပြီး လက်မထပ်ရသေးသော သူများအား အဝီစိသို့ သွားရာလမ်းပမာ လက်မထပ်ရန် တားမြစ်ကြကုန်၏။
Saturday 4 January 2014
အရပ်ထဲမှာ ပြောနေကြတဲ့ 1G, 2G, 3G & 4G တို့အကြောင်း
ကျနော် ရေးထားတာ မဟုတ်ပါဘူး။ သူများရေးထားတာကို သိစေလိုတဲ့ စိတ်နဲ့ ပြန်ရှဲလ်လိုက်တာပါ။ အသေးစိတ်ကိုတော့ Wireless Communication နည်းပညာစာအုပ်တွေ မှာ အကျယ်တစ်ဝင့် ရှင်းလင်း ထားပါတယ်။ ယခုက သာမန်လူတစ်ယောက်အနေနဲ့ အခြေခံအားဖြင့် သိရှိရန် ရေးသားမျှဝေ လိုက်ရ ပါတယ်။ ... 1G - အသံပဲ ပို့နိုင့်၊ရောက်နိုင်ပါတယ်။ အနီးစပ်ဆုံး ဥပမာ အနေနဲ့ကတော့ တစ်ချိန်တုန်းက ပေါ်ခဲ့ဖူးတဲ့ ဆယ်လူလာ ဖုန်းတွေပါ။ ဆယ်လူလာတောင် Analogue Signal သုံးတဲ့ ဆယ်လူလာဖြစ်ပြီး လိုင်း က ပြတ်တောင်းပြတ်တောင်း ဖြစ် ပါတယ်။ 2G - အသံ အပြင်၊ Data ပါ Transfer လုပ်လို့ ရပါတယ်။ သူကတော့ ဒစ်ဂျစ်တယ် ဆယ်လူလာ အဆင့်ရောက်သွား ပါပြီ။ လက်ရှိ မြန်မာပြည်က ဆက်သွယ်ရေး စနစ်မှာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ GSM, CDMA, TDMA တို့ ဖြစ်ပါတယ်။ 2.5G - 2G ကို အဆင့်အနည်းငယ် မြင့်လိုက်တာပါ။ ဒီတော့ Data Rate ပိုမြင့်လာတာ ထူးခြားသွားပါတယ်။ 3G -
Thursday 28 November 2013
အလိုလျှောက် ကြော်ငြာစာမျက်နှာများ တက်လာသော ပြဿနာ
၂ ရက်ရှိသွားခဲ့ပြီ။ ကွန်ပြူတာဟာ အင်တာနက်နဲ့ ချိတ်ဆက်ထားလျှင် ဘာကိုမှ မလုပ်ရပါဘဲနှင့် သူ့အလိုလျှောက် ကြော်ငြာစာမျက်နှာတွေ တက်တက်လာတယ်။ ခဏခဏပဲ ပိတ်နေရတယ်။ ငါးမိနစ် တစ်ခါလောက်ကို ပွင့်...ပွင့်နေလို့ ပြဿနာကို ရှာလိုက်တော့ အောက်က Show Hidden Icons ဆိုတဲ့ Task ဘားမှာ ဘယ်တုန်းက ရောက်နေမှန်းမသိတဲ့  Lollipop Network, S.L. ဆိုတဲ့ Application လေး ရောက်နေတယ်။ Uninstall or Change a Program ထဲမှာလည်း သူ့အလိုလျှောက် (တစ်ခုခုကို အင်စတောလုပ်ရင်း) ရောက်နေတာကို တွေ့ရတယ်။ လူကြီးမင်းအနေဖြင့် ၄င်းကဲ့သို့ ပြဿနာ ဖြစ်လာပါက ထုတ်ပစ်လိုက်လျှင် ပြီးသွားပါတယ်။ ဘာမှ မဟုတ်တဲ့ ပြဿနာ အသေးစားလေးပါ။
သစ်ယာအိုက်
Sunday 27 October 2013
ဘာသာရေးအရ မရှင်းလင်းသည်များကို မေးမြန်းခြင်း
နတ်နဲ့ နဂါး မလှည့်စားနဲ့ ဆိုတဲ့ စကားပုံလည်း ရှိပါတယ်ဘုရား။ တပည့်တော်တို့ ဒီပဲယင်းနယ်မှာ နှောဘိုးတော် (နှော နတ်) ဆိုတာ ရှိပါတယ်ဘုရား။ တပည့်တော်တို့နယ်က လူအားလုံးကိုလည်း စောင့်ရှောက် မ စ ပါတယ်ဘုရား။ အဲဒီနယ်မှာ ရှိတဲ့ လူအားလုံးကလည်း ယုံကြည်စွာနဲ့ ကန်တော့ကြပါတယ်ဘုရား။ စည်းကမ်းလည်း ကြီးပါတယ်ဘုရား။ မြတ်စွာဘုရားကို ဦးစွာ ကန်တော့ရမယ်။ ပြီးတော့မှ နတ်နန်းမှာ ကန်တော့ရပါတယ်ဘုရား။ ပူဇော် ပ သ ရာမှာလဲ အသားတွင် ငါးခြောက်တစ်မျိုးသာ လက်ခံပါတယ်လို့ တပည့်တော် ထင်ပါတယ်ဘုရား။
ပြီးခဲ့သော ရက်ပိုင်းက ဦးသုမင်္ဂလရဲ့ တရားကို နာကြားရာမှာ နတ်ကို ကန်တော့တာနဲ့ သရဏဂုံ ပျက်ပြီလို့ ဟောတာကို တွေ့ရပါတယ်ဘုရား။ စော်ကားလိုသော သဘောနဲ့ မေးတာ မဟုတ်ပါဘုရား။ တပည့်တော် မေးလိုရင်း အချက်မှာ တပည့်တော်တို့နယ်က နယ်ပိုင် နတ်မြတ်နတ်ကောင်း နှောနတ်ကို ပူဇော်ကန်တော့ခြင်းဟာ သရဏဂုံ ပျက်ဖို့ ရှိပါသလားဘုရား။ မေတ္တာရှေ့ထားပြီး ဖြေကြားပေးပါဘုရား။
Friday 25 October 2013
မှတ်သားထားသင့်သော အကြောင်းအရာများ
(၁) ပုရွက်ဆိတ်တွေကြောင့်စိတ်ညစ်နေပါသလား။
ပုရွက်ဆိတ်တွေကသခွားသီးကိုမုန်းတယ်လေ။ ဒါကြောင့် သခွားသီး အခွံတွေကိုပုရွက်ဆိတ်အိမ်(အသိုက်အအုံ)နားမှာ ချထားပေးလိုက်ပါ။
(၂) ရေခဲရေသန့်သန့် သောက်ချင်ပါသလား။
ဦးစွာ ရေနွေးပွက်ပွက်ဆူအောင်ကြိုပါ။ ပြီးရင်အအေးခံပြီးတော့ သင့်လျော်ရာ ပုလင်းထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်လိုက်တော့ ရေခဲရေသန့်သန့်ရပြီပေါ့။
(၃) မှန်တွေ ကြည်ကြည်လင်လင်ဖြစ်ချင်ပါသလား။
Sprite အချိုရည်နဲ့မှန်ကိုသုတ်ပေးလိုက်ပါ။
(၄) အဝတ်အထည်တွေပေါ်မှာ ပီကေတွေကပ်နေလို့ ဖျက်ရခက်နေပါ သလား။
အဲဒီအဝတ်အထည်ကို ရေခဲသေတ္တာထဲ တစ်နာရီလောက်ထည့် ပေးပြီးနောက်မှာတော့ ပီကေတွေခွာလို့ရပါပြီ။
Wednesday 23 October 2013
အတော်ဆုံးဆိုတဲ့ ကျောင်းဆရာရဲ့ အင်တာဗျူး
Rafe Esquith က အမေရိကန်နိုင်ငံမှာ သြဇာလွှမ်းမိုးမှုအရှိဆုံး၊ စိတ်ဝင်စားစရာအကောင်းဆုံး ကျောင်းဆရာတစ်ဦးဖြစ်တယ်။ လူအများရဲ့"လူဆိုး"လို့ တင်စားခံထားရတဲ့ ကလေးငယ်တွေကို လေ့လာသင်ယူလိုစိတ်ရှိသူ၊ လိမ္မာယဉ်ကျေးသူဖြစ်အောင် မွေးထုတ်ပေးနိုင်တဲ့ဆရာတစ်ဦးဖြစ်တယ်။ ပညာရေးနဲ့ပတ်သက်တဲ့ ဆုကို အကြိမ်ကြိမ်ရရှိခဲ့သလို အင်္ဂလန်ဘုရင်မကချီးမြှင့်တဲ့ Member of the Order of the British Empireဆုကိုလည်း ရရှိခဲ့သူဖြစ်တယ်။ အမေရိကန်တစ်နိုင်ငံလုံးရဲ့ အကောင်းဆုံးကျောင်းဆရာဆုကိုလည်း ရခဲ့သူဖြစ်တယ်။
အခုအချိန်မှာ Rafe Esquithဟာ Hobart Boulevard Elementary School in Los Angeles ကျောင်းမှာ ငါးတန်းကလေးတွေကို ပညာသင်ကြားပေးနေသူဖြစ်ပါတယ်။
၂ဝ၁၂ခုနှစ် မတ်လ၆ရက်နဲ့ ၇ရက်နေ့မှာ Rafe Esquithဟာ တရုတ်နိုင်ငံ ပေကျင်းတက္ကသိုလ်မှာ ဟောပြောပွဲတစ်ခုပြုလုပ်ခဲ့တယ်။ အဲဒီဟောပြောပွဲမှာ သူ့ရဲ့စာသင်ခန်းနံပါတ် "၅၆"ရဲ့ အဖြစ်အပျက်တွေကို အမြို့မြို့အနယ်နယ်က တက်ရောက်လာကြတဲ့ ကျောင်းအုပ်ဆရာ၊ ကျောင်းဆရာအယောက် ၂ဝဝဝကျော်ကို မျှဝေခဲ့ပါတယ်။
အောက်ကအချက်တွေက ကျောင်းသားနဲ့ဆရာတို့ကြားဆက်ဆံရေးကို တရုတ်ဆရာကမေးပြီး Rafe က ပြန်ဖြေထားတဲ့ အမေးအဖြေကဏ္ဍဖြစ်ပါတယ်။ ဘာသာပြန် မျှဝေလိုက်ပါတယ်။
(၁) တရုတ်နိုင်ငံမှာ ပညာရေးပညာရှင်တော်တော်များများက ဆရာတွေကို "သွန်သင်ဆုံးမလို့မရတဲ့ ကျောင်းသားဆိုတာ မရှိဘူး။ အသင်အပြမကောင်းတဲ့ဆရာပဲ ရှိတယ်"လို့ သတိပေးပါတယ်။ ဒါဟာ တရုတ်ဆရာတွေကို စိတ်ဖိစီးမှုတော်တော်ဖြစ်စေခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားအမြင်ကိုပြောပါဦး။
Rafeး တချို့ကျောင်းသားတွေက တကယ်ကိုသွန်သင်ဆုံးမလို့ မရတာပါ။ ကျောင်းသားတိုင်း အောင်မြင်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒါပေမယ့် ကျွန်တော်ရဲ့အလုပ်က အဲဒီကျောင်းသားကို အောင်မြင်နိုင်တဲ့အခွင့်အရေးတစ်ခု ပေးတာပါပဲ။ ဆရာတစ်ယောက်ရဲ့အလုပ်က ကျောင်းသားကို တံခါးတစ်ချပ်ဖွင့်ပေးတာပါ။ အဲဒီတံခါးပေါက်ထဲ ကျောင်းသားကိုယ်တိုင် လျှောက်လှမ်းဝင်ရောက်ရပါတယ်။ အဲဒီတံခါးပေါက်ထဲ သူတို့ကို ကျွန်တော်အတင်းတွန်းမသွင်းပါဘူး။ သူတို့ကို အတင်းဆွဲသွင်း၊ တွန်းသွင်းတာမျိုး မဟုတ်ဘူး... သူတို့ကိုယ်တိုင် လျှောက်ဝင်တာမျိုးဖြစ်ရပါတယ်။
(၂) အမေရိကန်ပညာရေးက မူကြိုကနေ အထက်တန်းအထိ ကြီးမားတဲ့ပြဿနာတွေရှိနေတယ်၊ အရည်အချင်းမပြည့်တဲ့ဆရာတချို့ ကျောင်းဆရာအဖြစ်နဲ့ ရပ်တည်နေသေးတယ်လို့ တစ်ချိန်က ခင်ဗျားပြောခဲ့ဖူးတယ်။ ထက်မြက်ထူးချွန်တဲ့ဆရာတစ်ဦးမှာ ဘယ်လိုအရည်အချင်းတွေက အရေးအကြီးဆုံးလို့ ခင်ဗျားထင်သလဲ။
Rafeး ကောင်းမွန်တဲ့ကျောင်းသားတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ ဆရာကိုယ်တိုင်ကလည်း ကောင်းမွန်အောင်နေထိုင်ရပါတယ်။ စိတ်တိုဒေါသထွက်ချိန်မှာလည်း ခင်မင်ရင်းနှီးပုံပြရပါတယ်။ ကျွန်တော်က အလုပ်ကြိုးစားသူတစ်ယောက်ပါ။ ဘာသင်ရမယ်ဆိုပြီး တရားသေသင်တာထက် ကိုယ့်အမှားထဲကနေ၊ ကိုယ့်အတွေ့အကြုံထဲကနေ ပိုကောင်းအောင် ဘယ်လိုသင်ယူမယ်ဆိုတာကို ကျွန်တော်လုပ်ပါတယ်။ ကျောင်းသားတွေက ဆရာရဲ့အပြုအမူ၊ အပြောအဆိုတွေကို သတိထားတတ်ပါတယ်။ ဒါကြောင့် မထက်မြက်တဲ့ဆရာက ကျောင်းသားတွေကိုရော၊ တခြားကျောင်းဆရာတွေကိုပါ မကောင်းတဲ့အကျိုး သက်ရောက်စေပါတယ်။ ဆရာဆိုတာ ကျောင်းသားရဲ့စံပြပဲဖြစ်နေရပါမယ်။
(၃) တစ်နှစ်တာအချိန်တိုတိုအတွင်းမှာ ခင်ဗျားသင်ခန်းစာတော်တော်များများ ဖွင့်ခဲ့တယ်။ ရှိတ်စပီးယားပြဇာတ်၊ ဘေ့စ်ဘော၊ ရုပ်ရှင်သင်ခန်းစာ၊ စီးပွားရေးသင်ခန်းစာ... ပြီးတော့ ကျောင်းသားတွေနဲ့ ခင်ဗျားလေ့လာရေးခရီး ထွက်သေးတယ်။ ဒါတောင် ခင်ဗျားရဲ့ကျောင်းသားတွေက စာမေးပွဲအမှတ်စာရင်းတွေ အရမ်းကောင်းကြတယ်။ ဒါကို ကျွန်တော်အရမ်းအံ့သြမိတယ်။ ဒီလိုဖြစ်အောင် ခင်ဗျားဘယ်လိုလုပ်နိုင်ခဲ့တာလဲ။ ကျောင်းသားတွေအမှတ်စာရင်းကောင်းဖို့ ကျွန်တော်အချိန်အများကြီးသုံးရတယ်။ ခင်ဗျားနဲ့ ကျွန်တော်ရဲ့ကွာဟာချက်က ဘာဖြစ်လို့ ဒီလောက်ကွားခြားနေသလဲ။
Rafeး ကျွန်တော့်ကျောင်းသားတွေ စာအရမ်းဖတ်ကြတယ်။ စာမေးပွဲဖြေဖို့အတွက် သူတို့စာဖတ်တာကြမဟုတ်ဘူး။ ကျွန်တော်ကျောင်းသားတွေ သချာင်္ဘာသာကို ကောင်းကောင်းနားလည်ကြတယ်။ စာမေးပွဲမေးခွန်းလွှာတွေက သူတို့နဂိုသိတာထက် ပိုလွယ်နေတယ်လို့ သူတို့ထင်ကြတယ်။ သူတို့ အမှတ်ကောင်းရတာက သူတို့ဟာ စိတ်ပေါ့ပါးမှုရှိလို့ပါ။ သူတို့ ဘယ်လောက်ထိ နားလည်တတ်ကျွမ်းပြီလည်းဆိုတာကို ကျွန်တော်စစ်မေးတတ်ပါတယ်။ ဒါပေမယ့် သူတို့ကို ကောင်းကောင်းမဖြေရင် ဘာရလဒ်ရမလဲ... အဲဒီရတဲ့ရလဒ်က မပြောင်းဘူးဆိုတာကို ကျွန်တော်ပြောပြတတ်တယ်။ မပြောင်းဘူးဆိုတဲ့ရလဒ်က စာမေးပွဲမဖြေနိုင်လည်း သူတို့ငရဲရောက်သွားမှာမဟုတ်ဘူး။ စာမေးပွဲမဖြေနိုင်လည်း သူတို့မေမေက သူတို့ကိုချစ်မြဲချစ်မှာပဲ၊ သူတို့ကို ကျွန်တော်ချစ်မြဲချစ်မှာပဲ။
စာမေးပွဲအမှတ်စာရင်း ကောင်းရမယ် မကောင်းရဘူးဆိုတာထက် ကျွန်တော်မျှော်လင့်တာက ဒီတစ်နှစ်အတွင်းမှာ ကျောင်းသားတွေ ဘာဘဝကျွမ်းကျင်မှုကို ရသွားသလဲဆိုတာကိုပါ။ ကျောင်းသားတွေက
စာမေးပွဲဖြေဖို့ သင်ယူလေ့လာနေတာမဟုတ်ပါဘူး။ သူတို့က ဘဝအတွက် အကျိုးအမြတ်ရှိတဲ့ အသိပညာ၊ ဗဟုသုတကို ရှာဖွေသင်ယူနေတာဖြစ်ပါတယ်။ သူတို့ကို စိတ်လက်ပေါ့ပါးစေလေ သူတို့ရဲ့ရမှတ်က ကောင်းလေပဲဖြစ်ပါတယ်။
(၄) လောကမှာ "ကျောင်းသားကောင်း"နဲ့ "ကျောင်းသားဆိုး"ဆိုတဲ့ ကျောင်းသားနှစ်မျိုးတည်ရှိနေပါတယ်။ "ကျောင်းသားဆိုး"အပေါ် ကျွန်တော်ဘာမှမတတ်နိုင်
အမြဲဖြစ်ခဲ့ရတယ်။ ဘာနည်းနဲ့ဖြစ်ဖြစ် သွန်သင်ဆုံးမလည်း သူတို့က ကျွန်တော့်ကို မျှော်လင့်ချက်မဲ့စေခဲ့တယ်။ ဒီလို ကျောင်းသားဆိုးနဲ့ကြုံရင် ခင်ဗျားဘယ်လိုလုပ်မလဲ။ အကြံဉာဏ်တချို့ မျှဝေပေးနိုင်မလား။
Rafeး ကျွန်တော့်အမြင်နဲ့ ကျောင်းသားကို သုံးမျိုးခွဲပါတယ်။ ကလေး၁၊ ကလေး၂၊ ကလေး၃ဆိုပြီး ကျွန်တော်သတ်မှတ်ပါတယ်။ ကလေး၁က ပါရမီရှိသူ၊ ထက်မြက်ထူးချွန်သူ၊ ကျောင်းတက်မပျင်းသူ၊ ဆရာ့ကိုချစ်သူ၊ ဘက်ဂရောင်းကောင်းသူဖြစ်တယ်။ ကျွန်တော့်အတန်းထဲမှာ သူတို့ရှိတာကို ကျွန်တော်အရမ်းပျော်မိတယ်။ ကလေး၃က ကျောင်းတက်ပျင်းသူ၊ စာမေးပွဲတိုင်းကျသူ၊ ဆရာ့ကို အလွန်မုန်းသူ၊ မိဘကလည်း ဆရာ့ကိုမုန်းသူတွေဖြစ်တယ်။ တကယ်လို့ သူတို့ကလေးကို သင်ဆဲဆိုမိရင် သင့်ကိုသူတို့သတ်လိမ့်မယ် (ရယ်လျှက်)။
ကျွန်တော်တို့ဆရာအများက သူတို့ရဲ့အချိန်ကို ကလေး၁နဲ့ ကလေး၃ပေါ်မှာ ပိုသုံးကြတယ်။ ကလေး၁က ထက်မြက်ပြီးတတ်လွယ်တော့ သူတို့အပေါ်အချိန်သိပ်ဖြုန်းစရာမလိုဘဲ သူတို့တတ်သွားကြတယ်။ ကလေး၃အပေါ်မှာ ကျွန်တော်တို့အချိန်မပေးနိုင်ရင် သူတို့က သင့်ဘဝကိုဖျက်ဆီးသွားလိမ့်မယ် (ရယ်လျှက်)။ သင့်ကို ပြဿနာအမျိုးမျိုး သယ်ဆောင်ပေးလာလိမ့်မယ်။ ကျွန်တော်ကတော့ ကျွန်တော့်အချိန်တွေကို သာမန်ကလေးတွေဖြစ်တဲ့ ကလေး၂ပေါ်မှာပဲ ပိုသုံးဖြစ်တယ်။ သူတို့က သာမန်တယ်၊ သချာင်္ဘာသာမှာ အရမ်းထူးချွန်သူမဟုတ်ကြသလို၊ စာစီစာကုံးမှာလည်း အကောင်းဆုံးရေးနိုင်သူတွေ မဟုတ်ကြဘူး။ တခြားဘာသာမှာလည်း သာမန်လောက်ပါပဲ။ ဒါပေမယ့် သူတို့က ပြဿနာမလုပ်ဘူး။ ဆရာတွေက သူတို့အပေါ် သိပ်အားစိုက်ထုတ်စရာမလိုဘူး။ ဒါပေမယ့် သူတို့အပေါ် ကျွန်တော်ပိုအားစိုက်ထုတ်တယ်။ သူတို့ပိုကောင်းအောင် ကျွန်တော်အားပေးတယ်။ ကျောင်းသူတစ်ယောက်ကို ကျွန်တော်တွေ့ရင် "သမီးအသံက အရမ်းနားထောင်လို့ကောင်းတယ်၊ ဆရာ့အတန်းမှာ သမီးရှိနေတာက ဆရာ့အတွက် ကံကောင်းခြင်းပဲ၊ သမီးရဲ့အောင်မြင်မှုအတွက် ဆရာစောင့်မနေနိုင်တော့ဘူး"လို့ သူတို့ကို ကျွန်တော်ပြောရင် သူတို့အရမ်းဝမ်းသာကြတယ်။ ဒီလိုနဲ့ ကလေး၁ရဲ့အပြုအမူလို သူတို့ပြောင်းလဲကြတယ်။ ဒီလိုအချိန်မှာ ကလေး၃က ပြဿာနာကိုဖန်တီးချင်တဲ့အခါ ဆိုးဖော်ဆိုးဖက် ရှာမတွေ့တော့ဘူး။ ကလေး၂နဲ့ အတန်းကိုအကျိုးသက်ရောက်စေတဲ့အခါ ဒီအတန်းဟာ တိတ်ဆိတ်တဲ့၊ သင့်မြတ်တဲ့၊ ကောင်းမွန်တဲ့အတန်းဖြစ်သွားတယ်။ ကလေး၃ လိုမျိုးကျောင်းသားက ဆရာဘာနည်းနဲ့သွန်သင်ဆုံးမလည်း အကျိုးဖြစ်မှာမဟုတ်ဘူး။ စိတ်ဝင်စားစရာကောင်းတဲ့သင်ခန်းစာတွေကို ဆရာကဖန်တီးပေးပြီး သူတို့ရဲ့စိတ်ဝင်စားစိတ်ကို မြင့်ပေးမှ သူတို့ကို ပြောင်းလဲနိုင်မှာဖြစ်တယ်။
(၅) စာဖတ်ခြင်းရဲ့အကျိုးကို ခင်ဗျားမကြာခဏပြောတယ်နော်။ အခုခေတ်ကျောင်းသားတွေက အင်တာနက်ဂိမ်းကိုပဲ ရူးသွပ်ခုံမင်နေကြတယ်။ ကြာလေ စာဖတ်တာကိုမနှစ်သက်လေ ဖြစ်ကြတယ်။ ဒီလို အခက်အခဲမျိုးကို ခင်ဗျားကြုံဖူးလား၊ ခင်ဗျားဆိုရင် ဘယ်လိုအဖြေရှာမလဲ။
Tuesday 22 October 2013
လေးစားဖွယ် မင်းကွန်းဆရာတော်ဘုရားကြီး၏ ဖြစ်ရပ်ကလေးတစ်ခု
"ဆိုက်ကားစီးသော နိုင်ငံကျော်ဆရာတော် (သို့) ဒေါသဖြစ်စရာနှင့် ကြုံပါလျက် ဒေါသမဖြစ်တဲ့
မင်းကွန်းဆရာတော် ဘုရားကြီးရဲ့ ကြည်ညိုဖွယ်ရာဖြစ်ရပ်လေးတစ်ခု"
မင်းကွန်းတိပိဋကဆရာတော်ဆိုရင် တစ်ခါက မန္တလေးမြို့က ညတရားပွဲပင့်ထားတယ်။ အစီအစဉ်ကတော့ ဆရာတော်က မင်းကွန်းကနေ မန္တလေးဆိပ်ကမ်းဘက် စက်လှေနဲ့ ကြွလာရမယ်။ တရားပွဲကျင်းပမယ့်သူများက မန္တလေးဆိပ်ကမ်းကနေ ကားနဲ့ကြိုမယ်ပေါ့။ ဆရာတော်ကြီးလည်း ညနေခြောက်နာရီခွဲလောက် မန္တလေးဆိပ်ကမ်းလည်း ရောက်လာရော လာကြိုတဲ့ ကားတစ်စီးမှ မရှိဘူး။ ကိစ္စတစ်စုံတစ်ခုကြောင့် နောက်ကျတာ ဖြစ်မှာပါ ဆိုပြီး ဆရာတော်ကြီးက ဆိပ်ကမ်းက သစ်ပင်အောက်မှာ ထိုင်စောင့်ရှာတယ်။ တရားပွဲက ခုနှစ်နာရီခွဲ ဟောရမှာ ကားက ခုနှစ်နာရီထိုးပြီးတဲ့အထိ ရောက်မလာဘူး။
ယောက္ခမနိုင်နည်း
တစ်ခါတုန်းက မိန်းကလေးတစ်ယောက်ရှိပါသတဲ့…။
သူဟာ အိမ်ထောင်ကျတဲ့အခါ ယောင်နောက်ဆံထုံးပါ လင်ယောက်ျားရှိရာလိုက်နေရတာပေါ့…။ လင်ယောက်ျားကိုချစ်လို့သာလိုက်နေရတာ ယောက္ခမနဲ့တော့ အဆင်ပြေပါဘူး…။
များမကြာမီမှာပဲ မိန်းကလေးဟာ သူ့ယောက္ခမကြီးနဲ့ ရေရှည်စခန်း သွားလို့ဖြစ်မှာ မဟုတ်ဘူးဆိုတာ သဘော ပေါက်လာတယ်။ တစ်ယောက်နဲ့ တစ်ယောက် စိတ်သဘောထားချင်းက အလွန်ကွာခြားနေ ပါတယ်…။ ချွေးမလုပ်သူက ယောက္ခမရဲ့  လုပ်ရပ်တွေကို မကြိုက်သလို…ယောက္ခမကလည်း ချွေးမကို တစ်စက်မှ ကြည့်မရဖြစ်နေပါတော့တာပေါ့…။
သူတို့နှစ်ယောက်က အမြဲတကျက်ကျက်ဖြစ်နေတော့ မိန်းကလေးရဲ့  ခင်ပွန်းဖြစ်တဲ့ ကောင်လေးကလည်း အတော်စိတ်ဆင်းရဲနေရပါတယ်…။
ချွေးမဖြစ်သူဟာ ယောက္ခမရဲ့  ဖိနှိပ်မှုဒဏ်ကို ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အဆုံးမှာတော့ ဆုံးဖြတ်ချက် တစ်ခုကို ခိုင်ခိုင်မာမာ ချလိုက်ပါတယ်…။ ဒါကြောင့် သူ့အဖေရဲ့ သူငယ်ချင်း တစ်ယောက်ဆီ သွားပြီး အကူအညီ တောင်းပါတယ်…။ အဲဒီသူကတော့ ဈေးထဲမှာ ပရဆေးရောင်းတဲ့သူပါ…။ မိန်းကလေးဟာ သူ့နဲ့ သူ့ယောက္ခမရဲ့  အခြေအနေအကြောင်းစုံကို ရှင်းပြပါတယ်…။ ပြီးတော့ဒီလိုပြောတယ်…
“ဒါ့ကြောင့် ဦးလေးမှာ အဆိပ်ဖြစ်စေတဲ့ ဆေးတစ်မျိုးမျိုးများမရှိဘူးလား…စားတဲ့သူ မရိပ်မိစေတဲ့ဟာမျိုးပေါ့ …ဒါဆိုတစ်ခါတည်း ဒီမိန်းမကြီးသေပြီး ပြဿနာတွေအကုန်အေးရော…”
ဆိုတော့ ဟိုလူကြီးက တစ်ချက်စဉ်းစားလိုက်ပြီး ပြန်ပြောတယ်…
“ အေးဟ…ငါ့မှာ အဆိပ်တစ်မျိုးတော့ရှိတယ်… ဒါပေမယ့် နင် ငါပြောတဲ့အတိုင်း အတိအကျလိုက်နာဖို့ တော့လိုမယ်… တခြားဘယ်သူမှ ရိပ်မိလို့လည်းမဖြစ်ဘူး…ငါပြောတဲ့အတိုင်းနင်မလိုက်နာရင် နင်ရောငါပါ ပြဿနာအကြီးကြီးတက်ကုန်လိမ့်မယ်…”
Monday 21 October 2013
Windows 7 Password ခံထားသည်ကို ပြောင်းလဲခြင်း ၁၀၀%
တစ်စုံတစ်ယောက်က တကယ့်တကယ် အခက်အခဲတွေ့လို့ အကူအညီတောင်းလာလျှင်သော်၎င်း၊ ကိုယ့်ကွန်ပြူတာက ပတ်စဝပ် မေ့သွားလျှင်သော်၎င်း ပြုလုပ်သင့်ပါသည်။ အင်တာနက်ဆိုင်များမှ ကွန်ပြူတာများကိုတော့ ပညာပြသည့်အနေဖြင့် မပြုလုပ်သင့်ပါ။ ၁၀၀% အောင်မြင်ပါတယ်။ ကျနော့် ကိုယ်တွေ့ပါ။ အောက်ပါအချက်များအတိုင်း တသွေမတိမ်း လုပ်ဆောင်ပါ။ အရမ်းအခက်ကြီးတော့ မဟုတ်ပါဘူး။ ပြဿနာလည်း လုံးဝ မရှိပါဘူး။
၁။ ပါဝါခလုပ်ကို နှိပ်ပြီး ကွန်ပြူတာကို ဖွင့်လိုက်ပါ။ ပတ်စဝပ်တောင်းသောနေရာရောက်လျှင် ပါဝါခလုပ်ကို ဖိပြီး ပိတ်ချလိုက်ပါ။ ပြန်ဖွင့်ပါ။ ထိုအခါ
Safe Mode
Command Prompt
Start Windows Normally
စတာတွေ ပေါ်လာပါလိမ့်မယ်။ ထုံးစံအားဖြင့် ကျနော်တို့ဟာ Start Windows Normally ဆိုပြီး ဆက်လက်ဖွင့်ကြတယ် မဟုတ်လား။ သို့သော် ပါဝါခလုပ်ကို ဖိပြီး ပြန်ပိတ်လိုက်ပါ။
၂။ Lunch Startup Repair
    Start Windows Normally
ဆိုတာ ပေါ်လာသည်အထိ ပါဝါခလုပ်ကို ဖိပြီးပိတ်ပါ။ တခါတရံမှာ ၃ ခါမှ ၄ ခါအထိ ပိတ်ရပါတယ်။
Sunday 20 October 2013
အရှက်နှင့် အကြောက်
          ကျွန်မတို့နိုင်ငံမှာ သတိမပြုဘဲ မနေနိုင်လောက်အောင် လူပြောများလာတဲ့ ကိစ္စတစ်ရပ်ကတော့ အမျိုးသမီးအချို့ရဲ့ မလုံမခြုံ ၀တ်စားဆင်ယင်မှု ဖြစ်ပါတယ်။ ယိုသူမရှက် မြင်သူရှက် ဖြစ်ရလောက်အောင် အမျိုးသမီးတွေ အရှက်ကင်းမဲ့လာမှုဟာ လူမျိုးရဲ့ ယဉ်ကျေးမှုကို ဖျက်ဆီးပစ်နေတာ မြင်တတ်သူတိုင်း သိကြပါတယ်။
                                                                             ဒေါ်ယဉ်ကျေး (ပုဂံမြို့ဟောင်း)
          ဒေ၀ဓမ္မဇာတ်ဟူသော ဇာတ်တော်တစ်ခု ရှိပါသည်။ ထိုဇာတ်တော်ကို ဟောတော်မူရခြင်း၏ အကြောင်းအတ္ထုပ္ပတ်ကား ဤသို့ ဖြစ်၏။
Saturday 19 October 2013
ချမ်းသာသူကို ဘယ်လိုလက်ထပ်ယူရမလဲ?
လှပချောမောတဲ့ မိန်းမပျိုလေးတစ်ယောက်က အမေရိကားက စီးပွားရေးဖိုရမ်တစ်ခုမှာ "ကျွန်မ ဘယ်လိုလုပ်မှ ချမ်းသာတဲ့သူကို ရနိုင်မလဲ" လို့ ခေါင်းစဉ်တပ်ပြီး အောက်ပါအတိုင်း မေးခဲ့ပါတယ်။
" ကျွန်မစိတ်ထဲက စကားတွေကို ပြောပါရစေ ။
ကျွန်မ အသက်၂၅နှစ်၊ လူတကာ ငေးမောရလောက်အောင် လှတယ်။
စကားပြော ယဉ်ကျေးတယ်။ သိမ်မွေ့တယ်။တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၅သိန်း ၀င်ငွေရှိသူကို လက်ထပ်ယူချင်ပါတယ်။
ကျွန်မကို လောဘကြီးတယ်လို့ လူတွေထင်ကြမယ်။
ဒါပေမဲ့ နယူးယောက်လို နေရာမျိုးမှာ တစ်နှစ်ကို ဒေါ်လာ ၁၀သိန်း ရသူကတောင် အလယ်အလတ်တန်းစား ဖြစ်တဲ့အတွက် ကျွန်မ ရချင်တာ မများဘူးလို့ ထင်ပါတယ်။
ဒီဖိုရမ်မှာ တစ်နှစ် ၅သိန်း ၀င်ငွေရှိတဲ့ လူမရှိဘူးလား? သူတို့ လက်ထပ်ကုန်ပြီလား?အားလုံးကို ကျွန်မ မေးခွန်းတစ်ခု မေးချင်ပါတယ်။
ကျွန်မဘယ်လိုလုပ်မှ ရှင်တို့လို သူဌေးတွေကို ရနိုင်မလဲ? ကျွန်မချိန်းတွေ့ဖူးတဲ့ လူတွေထဲမှာ အချမ်းသာဆုံးက တစ်နှစ် ၀င်ငွေ ၂သိန်းခွဲရတဲ့ လူတွေဖြစ်တယ်။
ဒါ ကျွန်မရဲ့အနိမ့်ဆုံး ကန့်သတ်ချက်ပေါ့။
နယူးယောက်မြို့လယ်မှာ နေဖို့ဆိုတာ တစ်နှစ်ဝင်ငွေ ၂သိန်းခွဲနဲ့ ဘယ်လိုမှ မလောက်နိုင်ပါဘူး။
ကျွန်မက တကယ် အကြံဥာဏ် လာတောင်းတာပါ။
ကျွန်မ ထပ်မေးချင်ပါတယ်။
ကျနော်တို့ ဗိုလ်ချုပ်အောင်ဆန်း၏ ပွင့်လင်းသော အချစ်ဇာတ်လမ်း
တစ်ခါမှ မဖတ်ဖူးသေးတဲ့ အင်မတန်လေးစားစရာကောင်းတဲ့ ဗိုလ်ချုပ်အကြောင်း မိုလို ပြန်ရှယ်လိုက်ပါတယ်။
`` သ ခင် အောင် ဆန်း နဲ့ မ ရင် အေး တို့ ဇာတ် လမ်း ´´
===============================
သ ခင် တင် မောင် ( ကျုံ မ ငေး )
အိုးဝေ ဂျာနယ် ၊ အမှတ် - ၂၅ ။ ( ၁၅. ၈. ၁၉၆၉ ) နေ့ထုတ်မှ
သခင်အောင်ဆန်း အတွက်ကတော့ မြစ်ဝကျွန်းပေါ် ရွာကြီး တစ်ရွာ က မြေပိုင်ရှင် စက်သူဌေး သမီးကလေး `` မရင်အေး ´´ ကို ကျွန်တော်ေ ရွးပါတယ်။
မရင်အေးကို ရွေးရတဲ့အကြောင်းရင်းကတော့ မရင်အေးဟာ ရုပ်ရည်ချော သလောက် သဘောလည်း ကောင်းတယ်။ စိတ်လည်း ရှည်တယ်။ ပြီးတော့ သူ့မှာ အုပ်ထိန်းသူဆိုလို့ အမေတစ်ယောက်တည်းဘဲ ရှိတယ်။ အမွေဆိုင်ကလည်း မောင်လေးတစ်ယောက်ပဲရှိတယ်။
အဲဒီ မောင်ကလေးကလည်း ကျွန်တော်တို့ ဒို့ဗမာ အစည်းအရုံးဝင် သခင် တစ်ယောက်ဖြစ်တယ်။ သခင်အောင်ဆန်းနဲ့လည်း ရင်းနှီးတယ်။ သခင်ေ အာင်ဆန်းကိုလည်း ကျောင်းသားဘဝကတည်းက ကြည်ညိုလေးစားခဲ့ သူ ဖြစ်တယ်ဆိုပြီး ရွေးချယ်လိုက်တာပါပဲ။
နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ
တကယ် အခမဲ့ပါ။ မယုံလို့ တစ်ခုလောက်ဝင်ကြည့်လိုက်တာ ဗီဒီယိုဖိုင်ယူမလား၊ PDF လား၊ သင်ခန်းစာ Note ယူမလား အစရှိသဖြင့် စာသင်ခန်းမှာ ဆရာနဲ့ မတွေ့ရပေမယ့် တကယ့် သင်ရသလိုပါပဲ။
သို့ပေမယ့် နိုင်ငံတကာ ဆိုဒ်ဖြစ်တဲ့အတွက် အားလုံးက အင်္ဂလိပ်လိုချည်း ဖြစ်ပါတယ်။ အခြေခံအင်္ဂလိပ်စာ ဖတ်အား၊ ရေးအား၊ မှတ် အားလေးတော့ ရှိမှ အဆင်ပြေမယ် ထင်ပါတယ်။ ခု ပေးမယ့် ဆိုဒ်များက ကမ္ဘ့ာ့ ထိပ်တန်း အွန်လိုင်း အခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေချည်း ဖြစ်ပါတယ်။
Friday 18 October 2013
ဘဝများစွာထဲက အချို့အချို့သော ဘဝလေးများ
သမီးရယ်… ညည်းယောက်ျားလဲ နိုင် ငံခြားကို ငွေရှာသွားလိုက်တာ ငွေမပါဘဲဒုက္ခ ဘဲ ပါလာတယ်
ဟုတ်တယ် အ မေရယ် ရောက်ကတဲ က တ ရှောင်ရှောင် နဲ့ ကျမလဲ ဈေးရောင်း မထွက် နိုင်ဖြစ်နေပြီ
ငါဘဲ ဈေး ရောင်း ထွက်လိုက် ပါ မယ်အေ
အ မေ က အသက်ကြီးနေပြီ ပင် ပန်းမခံ ပါနဲ့ အ မေရယ်
ညည်း က ဘာသိလို့လဲ အသက်ကြီး အိုမင်းနေ တော့ လူတွေ က သနားပြီး
ပိုတောင် ရောင်းကောင်းသေးတယ် အေ့
ရယ်စရာ ဓာတ်ပုံများ (နောက်ဆုံးပုံသည် အရယ်ရဆုံး)
သူခိုး...သူခိုး...
ယခင့်အရင်အခါကပေါ့..။ ကျနော် သေသေချာချာ သဲသဲကွဲကွဲ မစဉ်းစားခဲ့မိဘူး။ ဝယ်ယူဖို့အတွက် မတတ်နိုင်သော ကျနော့်လို လူတန်းစား တော်တော်များများအတွက် ကျနော် ကူညီခဲ့ဖူးတယ်။ ကွန်ပြူတာ ပြဿနာ အချို့ကို အဓိကပြောလိုပါတယ်။ အခုနောက်ပိုင်းမှာမှ စဉ်းစားလာမိတော့တယ်။ ကျနော်ဟာ သူများတွေ အဆင်ပြေစေဖို့အတွက် ခိုးယူနေတဲ့ သူခိုးတစ်ယောက် ဖြစ်နေတယ်ဆိုတာကိုပါပဲ။ ဥပမာ.. ကွန်ပြူတာက ဝင်းဒိုး လုံးဝ တက်မလာတော့လို့ ဆိုပြီး ဝင်းဒိုး အသစ်တင်ပေးပြီး လိုအပ်တဲ့ ဆော့ဝဲလ်တွေကို အရန်သင့် သုံးနိုင်ရန်အတွက် ကျနော်ဟာ ကွန်ပြူတာ အလုံးပေါင်း တော်တော်များများကို ကူညီခဲ့ဖူးတယ်။ အမှန်ကတော့ ခိုးခဲ့တာလို့ပဲ ပြောရမှာပါ။ ဝင်းဒိုး အခွေတစ်ခုကို အပြင်မှာ အမှန်အကန်ဝယ်လိုပါက ဒေါ်လာ ၁၀၀ ဝန်းကျင်လောက် ရှိပါလိမ့်မယ်။ မိုက်ခရိုဆော့ နောက်ဆုံးပေါ် ၂၀၁၃ ကို ဝယ်လျှင် ဒေါ်လာ ၂၅၀ လောက် အောက်ထစ် ရှိပါတယ်။ အင်တာနက် ဒေါင်းလုပ်မန်နေဂျာကို ဒေါ်လာ ၈၀ လောက်ရှိပါမယ်။ မဲလ်ဝဲ တစ်ခွေကို ဒေါ်လာ ၅၀ လောက်ရှိပါမယ်။ စသည်ဖြင့် ကွန်ပြူတာ သုံးသူတစ်ယောက်အတွက် လိုအပ်မည့် အရာ ဆော့ဝဲများကို ကျနော်ဟာ ဖြန့်ဝေခဲ့တယ်။ ဝင်းဒိုးကို တရားဝင်လို ဖြစ်အောင် လုပ်ပေးတယ်။ ဆော့ဝဲလ်တွေကို ဖူးဗားရှင်းဖြစ်အောင် လုပ်တယ်။ ခရက်ဖိုင်တွေ ဖြန့်ဝေတယ်။ ကူညီပြီး လုပ်ဆောင်လည်း ပေးခဲ့ဖူးတယ်။ အခုနောက်ပိုင်းမှ တဖြည်းဖြည်းနဲ့ သိလာတယ်။ ဒါဟာ မတရားသောနည်းနဲ့ ခိုးယူပြီး သူတစ်ပါးကို ကူညီနေရာကို ဗြောင်ငြင်းလို့ မရပါဘူး။ အခုနောက်ပိုင်းမှာ တကယ့်တကယ် ဖရီး မဟုတ်သည်များကို ကျနော် ကူညီခြင်း လုံးဝ လုံးဝ မပြုတော့ပါ။
နောက်ဆုံး ကိုယ့်အတွက်ပဲ ခိုးတယ်ဆိုရင်ပဲ အပြစ်က ဖြစ်နေပါပြီ။  ကိုယ့်အတွက်တောင် မဟုတ်ဘူး သူများအတွက်ပါ ခိုးပေးနေသလို ဖြစ်နေခဲ့ပါတယ်။ နောက်နောင်မှာ အီလီဂယ်လီး ဆော့ဝဲလ်များကို တင်တော့မှာ မဟုတ်ပါ။
             လူတော်တော်များများကို အခုလို ခိုးပြီး ကူညီနေတာဟာ ကျေးဇူးဆိုတဲ့ စကားလုံးက လွဲပြီး ပြန်ရလာတာဟာ ရှားပါတယ်။ ဒါပေမဲ့ ခိုးယူခြင်းဆိုတဲ့ ပြစ်မှုဟာ ကျနော့်အတွက်ပဲ ကျန်ခဲ့ပါတော့တယ်။ ကျနော်ဟာ သူခိုးတစ်ယောက် ဖြစ်နေခဲ့ဖူးပါတယ်။
ဘယ်လို ရှာဒေါင်းရမှန်း မသိသေးသူများအတွက်
ဗိုက်ဗာ ကွန်ပြူတာ ဝင်းဒိုးအတွက်
Viber ကို ကွန်ပြူတာမှာ သုံးမည်ဆိုလျှင် ၄င်းဗိုက်ဗာကို အတီဗိတ်လုပ်ရန်အတွက် သင့်ဖုန်းမှာလည်း ဗိုက်ဗာ ရှိနေဖို့ လိုအပ်ပါတယ်တဲ့။ ဖုန်းနံပါတ်ကလေး ရှိရုံနဲ့ မရတာဟာ ဗိုက်ဗာရဲ့ အားနည်းချက်ပါ။ တန်ဂိုကတော့ အတီးဗိတ်လုပ်ရန်အတွက် ပေးသော ဖုန်းမှာ တန်ဂို မရှိခဲ့ရင်တောင်မှ ရပါတယ်ခင်ဗျား။ ဒါပေမဲ့ အသက်ရှင် သုံးစွဲနေတဲ့ ဖုန်းနံပါတ်တော့ ဖြစ်ရပါမယ်။
တန်ဂို ကွန်ပြူတာ ဝင်းဒိုးအတွက်
ပါပီလွန် နှင့် ဗင်ဂို
ကံဆိုးမှုအပေါင်း သရဖူဆောင်းခဲ့သည်လို့ အမည်တပ်ရမလိုပါဘဲ။ ဒီစာအုပ်ကို လွန်ခဲ့သော ၅ နှစ်ခန့်က ဖတ်ဖူးခဲ့ပါတယ်။ အခု ပြန်ဖတ်တော့လည်း စိတ်ဓာတ်ခွန်အားများ ရရှိစေမြဲပါဘဲ။ သင်ဟာ အရမ်းပဲ ကံဆိုးလွန်းနေတယ်ဆိုရင် ဒီစာအုပ်ကို ဖတ်ကြည့်ပါ။ တကယ့်အဖြစ်အပျက်များကို ရေးသားထားခြင်းဖြစ်ရာ အလွန်တရာမှလည်း ကမ္ဘာမှာ အောင်မြင် အရောင်းသွက်ခဲ့ရသော စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ပါပီလွန် နှင့် ဗင်ဂို
ဖတ်ကြည့်စေလိုသော စာအုပ်များ
စာနာနားလည်တတ်မှု၊ ကိုယ်ချင်းစာတရားရှိမှုတို့နှင့် အလေးအနက်ကို ဖတ်စေလိုသော (ကျနော် ဖတ်ပြီးသော) စာအုပ်များကို အောက်မှာ ဒေါင်းယူပြီး ဖတ်ကြည့်စေချင်ပါတယ်။
၁။ ဘဝနှင့် ရင်းခဲ့ရသော အတွေးအမြင်များ ၁..မေတ္တာရှင် (ရွှေပြည်သာ)
၂။ ဘဝနှင့် ရင်းခဲ့ရသော အတွေးအမြင်များ ၂..  ။      ။        ။
၃။ ။          ။                    ။          ။       ၃...
အမှတ် ၃ စာအုပ်ကတော့ တရားသဘော အများစုကို တင်ပြထားခြင်းဖြစ်ရာ သိပ်တော့ အထက်က အတွဲ၁ နှင့် အတွဲ ၂ လောက်တော့ ဖတ်လို့ ကောင်းမည် မဟုတ်ပါ။
မစိုးရိမ်ဟူသော ကျောင်းတိုက်၏ အမည် ဖြစ်ပေါ်လာပုံ
ဦးသက်ရှည်ဟု အမည်ရသော လူတစ်ယောက်က မန္တလေးမြို့တွင် စာသင်တိုက်ကြီး တစ်တိုက်ကို တည်ထောင် လူဒါန်းလိုစိတ်များဖြင့် မြို့ဝန်ဦးပေစိပိုင်သော လေးဧကခန့်ကျယ်သည့် ဥယျာဉ်ကြီးတစ်ခုကို ဝယ်လိုက်လေသည်။ ထိုဥယျာဉ်သည် သစ်ပင်ပန်းမန်တို့ဖြင့် အရမ်းအေးမြပြီး ငြိမ်းချမ်းလျှက်ရှိလေ၏။ တရက်တွင် ထိုဥယျာဉ်ထဲသို့ ကြေးရတတ် အသိုင်းအဝိုင်းမှ ကလေးငယ်တစ်ဦး အသည်းအသန် နေမကောင်းသည်ကို ဆရာဝန်မှ အရိပ်အာဝါသ ကောင်းပြီး အေးမြသည့် ၄င်းဥယျာဉ်ထဲတွင် ထားပြီး ဆေးကုရမည် ဆိုသဖြင့် ခေတ္တထား ဆေးကုစေ၏။ ထိုကလေးမှာ အသက်အန္တရယ် စိုးရိမ်ရသည့် အခြေအနေမှ တဖြည်းဖြည်း သက်သာလာလေသည်။ မျက်နှာကြီး မိဘအသိုင်းအဝိုင်းက ဖြစ်သဖြင့် ထိုကလေးအား လူနာလာမေးသူများမှာ အရမ်းပင် ပေါများလှပေ၏။ လာမေးသမျှ လူတိုင်းကို အခုဆိုလျှင် မစိုးရိမ်ရတော့ပါဘူးဟုချည်းသာ ပြောနေရတော့၏။ ထိုသို့ မစိုးရိမ်ရတော့ပါဘူး ဟူသော စကားလုံးကို အစွဲပြု၍ နောင်အခါ ကျောင်းတိုက်ကြီး တည်သောအခါ မစိုးရိမ်ဟူသော အမည်သည် တွင်လာခဲ့လေသတည်း။
မေတ္တာရှင် (ရွှေပြည်သာ) ၏ ဘဝနှင့်ရင်းရသော အတွေးအမြင်များ အမှတ်(၂)
Monday 7 October 2013
သင့်ကိုယ်သင် ပြန်ကြည့်ပါ။
ဖေ့စဘုတ်မှာ ရေးထားတာကို တွေ့ပြီး နှစ်သက်လို့ ပြန်တင်လိုက်ပါတယ်။
1. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကိုလျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။
2. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေမထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်လုပ်လိုက်ပါ။
3. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။
4. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။
5. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။
ဦးဥတ္တမသာရ၏ အဖိုး တစ်သိန်းထိုက်သော ဂါထာ
 တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ၏ " သတသဟဿာရဟ " ဂါထာတော်
တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ၏
တစ်ဂါထာလျှင် အဖိုးတစ်သိန်း ထိုက်တန်သော
" သတသဟဿာရဟ " ဂါထာတော်
" အို - လောက စောင့်ကြပ် နတ်များအပေါင်းတို့ ၊ တရားနာ လာကြကုန်လော့ ။
တောစောင့်နတ် ၊ တောင်စောင့်နတ်အပေါင်း ၊မြို့စောင့်နတ် ၊ ရွာစောင့်နတ်အပေါင်း ၊ ရုက္ခစိုး ၊ ဘုမ္မစိုး ၊ အာကာသစိုး
နတ်အပေါင်းတို့ တရားနာ လာကြကုန်လော့ ။
မြေစောင့်နတ် ၊ ရေစောင့်နတ် ၊ သာသနာတော်စောင့်နတ် ၊ သမုဒ္ဒရာစောင့်နတ် ၊ ၀ဠာဟကနတ် ၊ ပဇ္ဇုန်နတ် ၊
စတုလောကပါလနတ် ၊ သိကြား ၊ ဗြဟ္မာ ၊ အသုရာ ၊ ယမာ အစရှိသော နတ်ဗြဟ္မာအပေါင်းတို့ - တရားနာလာကြကုန်လော့ ။
နဂါး ၊ ဂဠုန် ၊ ကုမ္ဘန် ၊ ယက္ခိုက် အစရှိသော ဥပါသကာ အပေါင်းတို့ - တရားနာ လာကြကုန်လော့ ။
ဝိဇ္ဇာ ၊ ဇော်ဂျီ ၊ တပဿီ အစရှိသော သူတော်ကောင်း အပေါင်းတို့ - တရားနာ လာကြကုန်လော့ ။
အို-လူအပေါင်း ၊ နတ်အပေါင်း အပါယ်လေးပါး သတ္တ၀ါ အပေါင်းတို့ တရားနာလာရန် ဖိတ်ခေါ်ပါကုန်၏ ။
အကျွန်ုပ်သည် ဝေနေများစွာ သတ္တ၀ါတို့၏ ချမ်းသာမှုကို ရှေးရှု၍ ကောင်းမြတ်သော စိတ်စေတနာဖြင့် ကဿပ
မြတ်စွာဘုရားရှင်သည် ဟောကြားတော်မူခဲ့သည့် တစ်ဂါထာလျှင် အဖိုး တစ်သိန်းထိုက်တန်သည့် အလွန်တရာ ကြားရ နာရ
ခဲလှစွာသော " သတသဟဿာ ရဟ " ဂါထာတော်ကို ရွတ်ဖတ် သရဇ္ဈာယ်ပါကုန်အံ့ ။ ကောင်းမွန် ရိုသေစွာ နားကြား ကြကုန်လော့။ "
၁ ။ သကိံဒေ၀ မဟာရာဇ ၊ သဗ္ဘိဟောတိ သမာဂမော ။
သာ နံ ပါလေတိ သင်္ဂတိ ၊ နာ သဗ္ဘိဗဟုသင်္ဂမော ။
၂ ။ သမ္ဘိရေ၀ သမာသေထ ၊ သမ္ဘိ ကုဗ္ဗေထ သန္တ၀ံ ။
သတံ သဒ္ဓမ္မ မညာယ ၊ သေယျော ဟောတိ န ပါပိယော ။
၃ ။ ဇိရန္တိ ဝေ ရာဇရထာ သုစိတ္တာ ၊ အထော သရီရမ္ပိ ဇရံ ဥပေတိ ။
သတဉ္စ ဓမ္မော န ဇရံ ဥပေတိ ၊ သန္တော ဟဝေ သဗ္ဘိ ပဝေဒယန္တိ ။
၎ ။ နဘိံ စ ဒူရေ ပထ၀ီ စ ဒူရေ ၊ ပါရံ သမုဒ္ဒဿ တဒါဟု ဒူရေ ။
တတော ဟဝေ ဒူရတရံ ၀ဒန္တိ ၊ သတဉ္စ ဓမ္မော အသတဉ္စ ရာဇ ။
အနက် - မြန်မာပြန်
Thursday 29 August 2013
ကွန်ပြူတာ၊ အင်တာနက်၊ ဆော့ဝလ်၊ ဟတ်ဝဲလ် စသည့် နည်းပညာ စာအုပ်များ
အောက်ဖော်ပြပါ စာအုပ်များသည် ဆရာဦးဇော်လင်း၏ Youth Computer သင်တန်းမှ လက်ချာအနေဖြင့် ပို့ချထားသော စကားပြောဆန်ဆန်ရေးထားတာတွေလို့ ကျနော် ထင်ပါတယ်။ http://www.onlineictreader.com/home/ebooks/articles/ စာမျက်နှာမှ ကြိုက်နှစ်သက်သည်များကို ဒေါင်းယူ ဖော်ပြပါသည်။
3D နှင့် ပတ်သက်သော ဗဟုသုတ
3D Video Card အကြောင်း
ADSL  (Asymetric Digital Subscriber Line) အကြောင်း သိကောင်းစရာများ 
DDR3 အကြောင်း
DDR3 Memory
DDR3 SD RAM
Dual Core & Core 2 Duo တို့ကြားက ကွာခြားချက်
Fiber Cable အကြောင်း
Folder Lock အကြောင်း
           ဒီဆော့ဝဲလ်လေးကို ဘယ်လိုအသုံးဝင်တယ်။ ဘယ်လို သုံးရတယ်ဆိုတာကို အကျယ်တဝင့်ရှင်းပြထားတာပါ။ မဖတ်ဘဲ ကိုယ့်ဘာသာလုပ်ရင်လည်း အဆင်ပြေမှာပါ။ အထူးအဆန်းတော့ မဟုတ်ပါဘူး။
Google Documents
         အခုရှာကြည့်တော့ Google Service မှာ မရှိတော့ပါဘူး။ တင်ပြီးသားမို့...
Information Software
           အခုဟာလည်း အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဆော့ဝဲလ်လေး တစ်ခုအကြောင်းကို ဘယ်လိုသုံးရတယ်ဆိုတာကို ရှင်းပြထားတာပါ။ စစ်စတမ်တွေ ဘယ်လိုကြည့်ရတယ် ဘာညာပေါ့။ Run Box ကနေပြီး dxdiag ဆိုပြီး ရိုက်ထည့်လျှင်လည်း ပြီးပါတယ်။
LAN Internet Network
           ဖတ်သင့်ပါတယ်။
Laptop အကြောင်း
              သိပြီးသား အကြောင်းအရာတွေက များနေပါလိမ့်မယ်။ ဒေါင်းချင်ဒေါင်း မဒေါင်းချင်နေပေါ့နော်။
Laptop တစ်လုံး ဝယ်တော့မယ်ဆိုလျှင်
           ဖတ်သင့်ပါတယ်။ သူများလာမေးရင်လည်း တော်တော်များများ ဖောလို့ ရတာပေါ့ဗျာ။ ကျနော်က ဘာအတွက် သုံးဖို့ ဝယ်ချင်တာပါလို့ ပြောလာရင် ရေရေလည်လည် ရွှီးနိုင်တာပေါ့။
လက်ပတော့က ပြဿနာများကို ဖြေရှင်းခြင်း
          ဘယ်လိုဖြစ်လာရင် ဘယ်လိုလုပ်ရမယ်။ ဘာကတော့ ဖြစ်နိုင်တယ် စသည်ဖြင့် ဖြစ်လေ့ဖြစ်ထရှိသည်များကို ရေးထားပါတယ်။ အော်.. ဂလိုလား။ ဒါဆိုရင်တော့ ဒါကြောင့်ပဲ ဖြစ်ရမယ်ဆိုတာတွေကို ရေးထားပါတယ်။ ထိထိရောက်ရောက်တော့ မရှိပါ။ အင်းပေါ့..လက်ပတော့တစ်လုံးကို ပုံထဲကအတိုင်း ဖြုတ်ဖို့တပ်ဖို့ ဆိုရင်တော့ စာမျက်နှာ ၇ မျက်နှာလောက်နှင့် မလုံလောက်နိုင်ပါ။ ဒါပေမဲ့ ဖတ်ထားရင်တော့ အကောင်းဆုံးပေါ့ စာမျက်နှာက နည်းနည်းလေးပါပဲ။
Sunday 25 August 2013
ဖေ့စဘုတ်တွင် ကိုယ့်သူငယ်ချင်းများကို တပါးသူတို့ မမြင်ရလေအောင် ပြုလုပ်ခြင်း
အောက်ပါ ပုံများကို ကြည့်ပြီး တသွေမတိမ်းလုပ်ဆောင်ပါ။ ပြီးသွားလျှင်...ကိုယ်နဲ့ မသိသူတစ်ယောက်က ကိုယ့်ရဲ့ ပရိုဖိုင်ကို ကြည့်လျှင် သူငယ်ချင်းပေါင်း ၄၉၉၉ ယောက်ရှိနေတယ်လို့ တွေ့ရသော်ငြားလည်း ကိုယ့်သူငယ်ချင်းများကို ထိုလူဟာ မတွေ့မြင်နိုင်ပါ။ ခင်ဗျားရဲ့ သူငယ်ချင်းစာရင်းကို မမြင်ရနိုင်ပါ။
ဒါပေမဲ့ ထိုလူရဲ့ Mutual Friends များကိုတော့ တွေ့မြင်ရပါလိမ့်မယ်။ Mutual Friends ဆိုတာကတော့ ကိုယ့်သူငယ်ချင်းတွေထဲက သူနဲ့ သူငယ်ချင်းဖြစ်နေတာကို ခေါ်ပါတယ်။
Wednesday 21 August 2013
ထူးထူးခြားခြား ဗဟုသုတများ
ဖေ့စဘုတ်မှာ တွေ့ရှိပြီး နှစ်သက်လို့ ပြန်ရှယ်လိုက်ပါတယ်။
(၁) အင်္ဂလန် နိုင်ငံ ရဲ့ ပထမမြောက် ဂျော့ရှ် ဘုရင်မင်းမြတ်ဟာ အင်္ဂလိပ်စကား တစ်လုံးမှ မပြောတတ်ပါဘူး တဲ့ ။
(၂) ပါရှားပြည်ကို BC 558 – 529 ထိ စိုးစံခဲ့တဲ့ မဟာဆိုင်းရပ်စ် ဘုရင်ကြီးဟာ
တစ်နေ.မှာ နေ. (၁၂) နာရီ ည (၁၂) နာရီ ရှိတယ်လို. ပထမဦးဆုံး ပိုင်းခြားသတ်မှတ်ပေးခဲ့သူပါ ။
ပစ္စည်းရေတွက်တဲ့ခါမှာလည်း (၁၂) ခု ဒါဇင် ဆိုတာကို စတင်အသုံးပြုစေခဲ့သူပါ ။
(၃) ပြင်သစ်ခေါင်းဆောင် တစ်ယောက်ရဲ့ဖြစ်တဲ့ ကာဒီနယ် ရစ်ချယ်လီယူ( ၁၅၈၅ – ၁၆၄၂ ) ဟာ
စားပွဲတင်သားလှီးဓါးအ၀ိုင်းကို စတင်အသုံးပြုစေခဲ့တာပါ ။
ဘာလို.လဲဆိုတော့ ညစာစားသူတွေဟာ သားလှီးဓါး ဦးချွန်တွေနဲ့ သွားကြားထိုး ကြလို.ပါတဲ့ ခင်ဗျာ…။
(၄) တတိယမြောက် ကွန်ရက် ဘုရင်ကြီး ဟာ ၀ိုင်းစဘတ်မြို.ကို ၁၁၄၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ.မှာ
သိမ်းပိုက်နိုင်ခဲ့ပါတယ် ။ အဲလို သိမ်းပိုက်ပြီးနောက်မှာ ဘုရင်ကြီး က မြို.တွင်းရှိ အမျိုးသမီးများ ဘေးကင်းစွာဖြင့်
မြို.တွင်းမှထွက်ခွာနိုင်တယ် ။ ထိုသို.ထွက်ခွာရာတွင် မိမိသယ်ဆောင်နိုင်သော မည်သည့်အရာကိုမဆို
သယ်ဆောင်သွားနိုင်သည် … လို.တရားဝင် အမိန်.ကြေငြာခဲ့တယ် ။
အဲဒီ အမျိုးသမီးတွေ ဘာကို သယ်ဆောင်သွားခဲ့တယ်လို. မိတ်ဆွေတို. ထင်ပါသလဲ …
သူတို.ရဲ့ လင်ယောက်ျားတွေ ကို ချီပိုးပြီး ခေါ်ထုတ်သွားခဲ့တာပါတဲ့ ခင်ဗျာ ……
Hacking Google EBook
အင်တာနက်မှာ ဂေါ်ဂယ်ကို အသုံးပြုပြီး လိုချင်တာတွေကို ဘယ်လို ရှာဖွေကြမလဲဆိုတာကို အသေးစိတ်နဲ့ ကျနော်တို့ မသိသေးသည်များကို ဆရာဦးမျိုးသူရ ရေးထားတာပါ။ ဖတ်ရှု့လေ့လာသင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ပထမတင်ထားသော လင့်မှာ သေနေပါသဖြင့် ထပ်တင်ထားပါတယ်။
ဒီမှာ နှိပ်ပြီး ဒေါင်းယူပါ။
Friday 9 August 2013
မိဘဆိုသည်မှာ
- သင့်ဆီက ဘာမှမလိုအပ် သင်လိုအပ်သမျှသာပေးချင်သူများဖြစ်သည် ။
- သင့်ဆီက ဘာမှမတောင်း သင်တောင်းသမျှသာ ပေးချင်သူများဖြစ်သည် ။
- သင့်ဆီကို ဘယ်လို ဆိုးကျိုးမှ မပေး ကောင်းကျိုးများသာ ပေးချင်သူများဖြစ်သည် ။
- သင့်ကို ဘယ်တော့မစွန့်ပစ် သင်စွန့်ပစ်မှသာ မျက်ရည်စက်လက်ကျန်ခဲ့သူများဖြစ်သည် ။
- သင့်ကို ရင်အုပ်မကွာ အမြဲစောင့်ရှောက်သည် သင်ကသာ သူတို့ရင်အုပ်ထဲက စုန်ကန်ထွက်ပြေးသွားသူဖြစ်သည် ။
- သင့်ကို မျက်ရည်မကျစေတတ် သူတို့သာ သားသမီးအတွက်မျက်ရည်ဖြိုင်ဖြိုင်ကျရသူများဖြစ်သည် ။
- သင့်ကို ကောင်းကင်ကြီးပမာ အုပ်မိုးလို့ စမ်းရေပမာ မေတ္တာတရားဖြင့် အေးမြစေတတ်သူများဖြစ်သည် ။
- သင့်ကို ဘယ်တော့မှ မစော်ကား သင်ကသာ တခါတရံ စော်ကားနေခြင်းဖြစ်သည် ။
- သင်ချမ်းသာ ဆင်းရဲ ပညာတတ်ခြင်းမတတ်ခြင်းကို စိတ်မ၀င်စား သူတို့ရင်သွေးအားလုံးကိုတပြေးညီချစ်ခင်တတ်သူများဖြစ်သည် ။
နောက်ဆုံး
သင်စော်ကားသမျှကို အမုန်းမဖက် အပြုံးမပျက်ပဲ သည်းခံခွင့်လွှတ်တတ်သူများမှာလည်း မိဘများပင်ဖြစ်သည် ။
by..,..Myanma Spectrum
Saturday 3 August 2013
.apk Games ဖိုင်များ
SuperAntiSpyware + Key (12 Years)
Click here to download SuperAntiSpyware + Key
016-012-6017-Act Code: 2264-dc65-dc28-fe5d
AVG 2013 + Key (12 Years )
လက်တွေ့စမ်းကြည့်မှုအရကတော့ ကီးကတော့ 100 % ပြည့် အလုပ် လုပ်ပါတယ်။.
8MEH-RW2ZU-29S4F-26QCR-WT482-BEMBR-ACED
Friday 2 August 2013
မပြစ်မှားသင့်သော ခင်ပွန်းကြီး ၁၀ ပါး
           မြတ်ဗုဒ္ဓရဲ့အဆုံးအမကို ခံယူပြီး မြတ်ဗုဒ္ဓဟောကြားသော ကံ၊ ကံ၏အကျိုးကို ယုံကြည်သော သူများသည် လောက၌ မဖြစ်မှားသင့်သောပုဂ္ဂိုလ် (၁၀) ယောက်ရှိသည်။ ထိုပုဂ္ဂိုလ်များသည် အလွန်ကျေးဇူးများသောကြောင့် ပြစ်မှားခြင်းငှါ မသင့်တော်ပါ။
ထိုပုဂိုလ်တို့မှာ
(၁) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သမ္မာသမ္ဗုဒ္ဓဘုရားရှင်။
(၂) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင်မြတ်။
(၃) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက၊ မဟာသာဝကရဟန္တာအရှင်မြတ်။
(၄) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာအရှင်မြတ်။
(၅) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်။
(၆) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်။
(၇) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းဆုံးမပေးသော ဆရာ။
(၈) သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျက်ရှိကြကုန်သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ်။
(၉) ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောပြောပေးတက်သော ဆရာ။
(၁၀) ထမင်းတစ်လုပ်၊ ရေတစ်မှုတ်စသည်ဖြင့် ပေးကမ်းချီးမြှင့်ထောက်ပံ့ဘူးသော ကျေးဇူးရှင် များဖြစ်ကြသည်။
ဤပုဂ္ဂိုလ် (၁၀)ယောက်ကို ခင်ပွန်းကြီး (၁၀)ပါးဟုခေါ်သည်။
Monday 29 July 2013
"... ရဟန်းကို ဘာကြောင့် ရိုသေလေးစားရှိခိုးထိုက်သလဲ ..."
ရဟန်းကို ဘာကြောင့် ရိုသေလေးစားရှိခိုးထိုက်တယ် ဆိုတာကို ဗုဒ္ဓက မုနိ သုတ်တော် မှာ ဒီလို အသိပေး ဆုံးမခဲ့ပါတယ်။
ကိုယ်...့ဟာကို တရားကျင့်ပြီး အနာဂါမ်ဖြစ်နေတဲ့ အရိယာ လူပုဂ္ဂိုလ် ကတောင် ဒီကနေ့မှာ သင်္ဃန်းဝတ်ထားတဲ့ ပုထုဇဉ် ကိုရင်လေးကို ရှိခိုးရမယ် လို့ ဆိုပါတယ်။
တရားသိမှု၊ ကျင့်ကြံပေါက်မြောက်မှုမှာ ကိုယ်က သာနေပေမယ့် သာသနာဝန်ထမ်းရှင်သာမဏေလေးကို ရှိခိုးထိုက်တယ်။ဘာကြောင့်ဆိုရင် ရှိခိုးထိုက်သော အသွင်အပြင်အားဖြင့် (၂)မျိုးရှိတယ်။ရှိခိုးထိုက်သောဂုဏ်အရည်အချင်းအားဖြင့်အချက်ပေါင်း(၂၀) တိတိရှိနေတယ်။
အသွင်အပြင်အားဖြင့် (၂)မျိုးကတော့ -
(၁) ဖန်ရည်ဆိုးသော သင်္ဃန်းကို ၀တ်ရုံခြင်း ၊(လှပတင့်တယ်သော အရောင်အဆင်းရှိတဲ့ အ၀တ်အစား ကို ရှောင်ကြဉ်လိုက်ခြင်း၊ကာမဂုဏ်ကို အသွင်ဖြင့် သတ်ခြင်း ၊
မျက်လှည့် ဆက်ကပ်ပွဲများ၏ လိမ်ညာမှု့များ
           မူလ ကြည့်ခါစမှာတော့ ပါးစပ် အဟောင်းသားနဲ့ ဖြစ်သွားပါလိမ့်မယ်။ ပြီးရင် အဲဒီပြကွက်ဟာ ဘယ်လိုလိမ်သွားတယ်ဆိုတာကိုလည်း ရှင်းပြထားပါတယ်။ အော်.. ဒီလိုလား။ ဒါလေးများဆိုတာမျိုး ဖြစ်သွားပါလိမ့်မယ်။ အပိုင်း တစ်ပိုင်းချင်းစီကို ခွဲတင်ထားပါတယ်။ တစ်ပိုင်း ဒေါင်းပြီးရင် တစ်ပိုင်း ကြည့်လို့ ရပါတယ်။
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
Thursday 25 July 2013
Snooker 147
ဘိလိယက် စနူကာ ကစားလိုသူများ အောက်မှာ ဒေါင်းယူပါ။ ကစားရတာ သိပ်တော့ မမိုက်ပါ။ ဖိုင်ဆိုဒ်လည်း သေးပါတယ်။ ၁.၁ မီဂါဗိုက်ပဲ ရှိပါတယ်။
သိပ်တော့ ကစားလို့ မကောင်းဘူးနော်။ ဒေါင်းလိုက ဒီမှာ နှိပ်ပြီး ဒေါင်းပါ။