Benner

Saturday 13 October 2012

အမြင်နဲ့ အထင်


ကြည်ညိုဖွယ် မင်းကွန်းဆရာတော်ကြီး
မန္တလေးမှာ ဒကာတစ်ယောက်က ဆွမ်းလောင်းနေရင်း ကိုရင်လေးကို အားပေးစကားများ လျှောက်ထားနေသည်။
" ကိုရင်လေး ကြီးလာရင် မင်းကွန်းဆရာတော်ကြီးလို ဖြစ်အောင် အခုကတည်း စာတွေ ကြိုးစားပြီး လိုက်ထား ဘုရား၊ မင်းကွန်းဆရာတော်ကြီးက ကြည်ညိုဖို့ သိပ် ကောင်းတာပဲ "

" ဟုတ်တယ် ဒကာကြီး မင်းကွန်းဆရာတော်ကြီးက ကြည်ညိုဖို့ သိပ် ကောင်းတာ "

" ကိုရင် မင်းကွန်းဆရာတော်ကြီး အတ္ထုပ္ပတ္တိကို သိသလား၊ ဘာဖြစ်လို့ ကြည်ညိုဖို့ သိပ် ကောင်းတာပဲ လို့ ပြောတာလဲ ဘုရား "


" မင်းကွန်းဆရာတော်ကြီးက ကိုရင်လေးတွေ ဘောလုံးပွဲ ကြည့်ချင်ရင် ကြည့်ပါစေ။ ဘုန်းကြီးတို့ အရွယ်ရောက်ရင် သူတို့ မကြည့်တော့ပါဘူး တဲ့။ ဆရာတော်ကြီး ကြောင့် ကိုရင်တို့ အခု ဘောလုံးပွဲ ကြည့်နေရတာပါ "
လို့ မိန့်ရင်း သပိတ်ကိုပိုက် ကြွသွားလေတော့သည်။

ယင်း ဒကာကား အော် ကိုရင်လေး မင်းကွန်းဆရာတော်ကြီးကို ကြည်ညိုတာက သူ့ အကြောင်း နဲ့ သူပေကိုး ဟုသာ မှတ်ချက်ချလိုက်ရလေတော့သည်။