Benner

Thursday 18 October 2012

ဆရာကြီး ဦးဂိုအင်ဂါ၏ အင်တာဗျူး ၂


၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာ ၂၀-ရက်နေ့ထုတ် Vipassana Newsletter တွင် ဖော်ပြပါရှိသည့် ဆရာကြီး
ဦးဂိုအင်ကာနှင့် အမေးအဖြေကဏ္ဍကို အောက်ပါအတိုင်း ဘာသာပြန်ဆို တင်ပြအပ်ပါသည်။

အမေး ။ ။ ၀ိပဿနာသည် ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်မူ၏ တစ်စိတ်တစ်ပိုင်းပဲ မဟုတ်ပါလားခင်ဗျာ..အခြားဘာသာဝင်များကရော ၀င်ရောက်အားထုတ်ကျင့်ကြံနိုင်ပါသလား။ အခြားဘာသာများ၏ကျင့်နည်းများကိုအနှောက်အယှက်ပေးမူရှိနေပါသလား။ခရစ်ယာန်ဘာသာဝင်များကလည်း ဘယ်လိုအကြောင်းများကြောင့် လိုလိုလားလား ၀င်ရောက်အားထုတ်ကျင့်ကြံချင်ကြပါသလဲ - ခင်ဗျာ..။


ဖြေ ။ ။ ဒါကိုလဲ ရှင်းရှင်းလင်းလင်းသိထားသင့်ပါသည်။ ၀ိပဿနာသည် ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်မူတစ်ခုတည်းအတွက်ဟု ဆိုလိုရင်း မဟုတ်ပါ။ တစ်ချိန်တည်းမှာ ဗုဒ္ဓ၏ လမ်းညွှန်သင်ပြထားခဲ့သည့်နည်းဖြစ်သည်ဟုလည်း ဆိုလိုပါသည်။ ဗုဒ္ဓ-ဆိုသည်မှာ မချွင်းမကျန်အလုံးစုံသိမြင်တော်မူသော သဗ္ဗညုတဥာဏ်တော်ကို ရရှိပြီးသော, ကိလေသာအညစ်အကြေးဆို၍ မြူမှုံမျှပင် မရှိအောင်ပယ်သတ်ကင်းစင်ပြီးသော, ဒုက္ခဆင်းရဲအပေါင်းမှ လွတ်မြောက်ပြီးသော, နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးသော ပုဂ္ဂိုလ်ဖြစ်သည်။
ထိုကဲ့သို့သော အရိယာပုဂ္ဂိုလ်တို့သည် ယုံကြည်ကိုးကွယ်မူ-ဘာသာအယူဝါဒတစ်ခုကို မည်သည့်အခါမှသင်ပြစည်းရုံးထူထောင်နေမည်မဟုတ်ချေ။ဤစကြာဝဠာတစ်တိုက်လုံးနှင့်ဆိုင်သည့် အကျုံးဝင်သည့်,အမြဲမှန်ကန်ကောင်းမွန်အကျိုးပြုနေမည့်,ဘ၀တွင်မှန်ကန်ကောင်းမွန်ချမ်းသာစွာနေထိုင်ခြင်း နည်း,အတတ်-ပညာကိုသာ သင်ပြလမ်းညွှန်ကြမည်ဖြစ်သည်။ ထို့အပြင် ဂိုဏ်းဂဏတစ်ခုခု-သို့မဟုတ်-ယုံကြည်ကိုးကွယ်မူ-ဘာသာ-အယူဝါဒတစ်ခုခုကို ဘယ်သောအခါမှ မထူထောင်ကြချေ။ ထို့ကြောင့်ဗုဒ္ဓရှင်တော်မြတ်သည်လည်း ဗုဒ္ဓဘာသာဟူသော ယုံကြည်ကိုးကွယ်မူ-ဘာသာ-အယူဝါဒ-ဂိုဏ်းဂဏကိုတည်ထောင်ခဲ့ခြင်းမရှိချေ။ ထို့ကြောင့် ၀ိပဿနာသည်လည်း ဘ၀နေနည်းထိုင်နည်းအတတ်ပညာ --နည်းတစ်ရပ်ပင်ဖြစ်သည်။

မည်သည့်လူမူအဖွဲ့အစည်းမှ၊ မည်သည့်ယုံကြည်ကိုးကွယ်မူ-ဘာသာ-အယူဝါဒတစ်ခုခုမှ မည်သူမဆို အခက်အခဲမရှိပဲ ၀င်ရောက်အားထုတ်ကျင့်ကြံနိုင်ကြပါသည်။ ဘာကြောင့်လည်းဆိုတော့ ၀ိပဿာနာသည် စကြာဝဠာတစ်တိုက်လုံးနှင့်သက်ဆိုင်နေသော, အမြဲမှန်ကန်သော ဘ၀နေနည်းထိုင် နည်းအတတ်ပညာ-နည်းကောင်းတစ်ခုဖြစ်သောကြောင့်ဖြစ်ပါသည်။ လူတိုင်းလူတိုင်းတို့သည် စိတ်၏ငြိမ်းအေးမူအစစ်အမှန်၊ စိတ်၏ သန့်ရှင်းစင်ကြယ်မူ အစစ်အမှန်ကိုရှာဖွေကြပါသည်။ ခရစ်တော်သည်လည်း ကြည်ညိုဖွယ်ကောင်းသည့် ပုဂ္ဂိုလ်တစ်ပါးဖြစ်ခဲ့ပါသည်။ ငြိမ်းငြိမ်းချမ်းချမ်းနှင့် ညီညွတ်မျှတစွာ နေထိုင်တတ်ရန်သာမက စိတ်ကောင်းစိတ်မြတ်များဖြစ်သော မေတ္တာ၊ ကရုဏာ၊မုဒိတာစိတ်များကိုလည်း ပွားများစေရန်သင်ပြဆုံးမပေးခဲ့ပါသည်။ဒါကြောင့်လည်း ခရစ်တော်၏ သင်ပြဆုံးမ
ပေးခဲ့သည်များကို ယုံကြည်လိုက်နာကြသည့် ခရစ်ယာန်ဘာသာဝင်များသည် စိတ်ကောင်းစိတ်မြတ်များဖြစ်သည့် မေတ္တာ၊ ကရုဏာ၊ မုဒိတာစိတ်များကို ပွားများသည့်ကျင့်ကြံမူကို သဘောတွေ့နှစ်ခြိုက်ခဲ့သည်မှာအသေအချာဖြစ်သည်။
ထိုသူများသည် ၀ိပဿနာတရားပတ်များသို့ ၀င်ရောက်အားထုတ်ကြသည့်အခါများ၌ အခြားယုံကြည်ကိုးကွယ်မူ-ဘာသာ-အယူဝါဒတစ်ခုခုသို့ ၀င်ရောက်အားထုတ်နေရသည်ဟု မခံစားကြရပေ။ထို့အပြင် အလွန်အဆင့်မြင့်သော ခရစ်ယာန်ဘုန်းတော်ကြီးများနှင့် သီလရှင်ကြီးများက ခရစ်ယာန်ဘာသာဝင်များကို သင်ပြဆုံမထားမူ-နည်းများသည် ဗုဒ္ဓ၏ နည်းများထဲ၌လည်းတွေ့ရသည်ဟု ကျွန်ုပ်ကို ပြောပြခဲ့ပါသေးသည်။


မေး ။ ။ ၀ိပဿနာတရားဒေသနာတွေထဲမှရော၊ ဓမ္မအတွေးအမြင်အယူအဆများဖက်မှာရော၊ လက်တွေ့ဘ၀နှင့် မကိုက်ညီတာတွေ အများပြားပါနေတယ်လို့ထင်ပါတယ်။ သာဓကပြ ပြောရမည်ဆိုလျှင် ဘုရားရှင်၏ မရေမတွက်နိုင်အောင်များပြားလွန်းတဲ့ အတိတ်ဘ၀ဇာတ်ကြောင်းတွေနဲ့ အနှိုင်းမဲ့သော စွမ်းရည်တန်ခိုးတော်တွေရဲ့ ဖော်ပြချက်များရှိနေပါတယ်၊ အဲဒီဖော်ပြချက်များ၊ ဟောပြောချက်များအားလုံးကို မဖြစ်မနေယုံကြည်လက်ခံဖို့ တကယ်လိုအပ်နေပါသလားခင်ဗျာ..။

ဖြေ ။ ။ မဖြစ်မနေလိုအပ်နေသလားဆိုလျှင်တော့ မလိုအပ်ပါဘူး။ အတိတ်က အရင်ဘ၀ရှိခဲ့သည်၊ အနာဂတ်မှာ နောင်တမလွန်ဘ၀လည်းရှိသည်ကို မယုံကြည်တဲ့ လူတွေသည်လည်း ဤနည်းနာ နိဿယ-၀ိပဿနာကို ၀င်ရောက်အားထုတ်ခဲ့ကြရာ သူတို့တွေသည်လည်း တရားအရာမှာ တိုးတက်မူများရရှိနေဆဲဖြစ်သည်ကို တွေ့ရှိနေရပါသည်။ ထို့ကြောင့် ယောဂီများသည် ထိုဟော
ပြောဖော်ပြချက်များကို လက်မခံချင်လျှင်လည်း လက်မခံကြပါနဲ့၊ ကျွန်ုပ်တို့ကလည်း " သင်တို့တစ်တွေအား ဒီဟောပြောဖော်ပြချက်များကို လက်ခံကြရမည်" ဟု အတင်းအကျပ်မတိုက်တွန်းပါ။

သို့သော် ၀ိပဿနာတရားပြတာဝန်ရှိ ဆရာတစ်ဦးအနေနှင့်ကတော့ ကျွန်ုပ်ကိုယ်တိုင် ဘာနဲ့ပဲကြုံတွေ့နေရသည်ဖြစ်စေ၊ဘယ်လိုပဲ နားလည်သဘောပေါက်မူများနှင့် တွေ့ကြုံနေရသည်ဖြစ်စေ ထိုလက်မခံနိုင်သောသူများ၏ ရှေ့မှောက်ကို တကယ့်အမှန်
တရား, ဓမ္မကိုသာ ချပြသွားမည်ပင်ဖြစ်သည်။ ထိုသူတို့သဘောကျနှစ်သက်နေသည်များကိုချည်း လိုက်လျောပြီး၊ " အိုး ! နိုး - နိုး၊အတိတ်က အရင်ဘ၀ဆိုတာ တကယ်မရှိပါဘူး၊ နောင်တမလွန်ဆိုတာလည်း တကယ်မရှိပါဘူး "လို့ မပြောမဆို၊ မဟောပြောပေးနိုင်ပါဘူး။ ဒါဆို လူတွေကို လမ်းမှား၊ အယူမှားတွေဖြစ်စေပါလိမ့်မည်။ ဒါကြောင့် ကျွန်ုပ်သည် အလွန်သတိကြီးစွာထားရပါသည်။ လူတွေက လက်ခံခြင်း၊ လက်မခံခြင်းသည် ကျွန်ုပ်၏ ပြဿနာ မဟုတ်ပါချေ။

မှတ်ချက်။ ။

ဆရာကြီး၏ဖြေဆိုပုံအားအထူးသဘောကျနှစ်သက်မိသောကြောင့် ကျွှန်တော့်၏မိတ်ဆွေအပေါင်းအသင်းများ ဗဟုသုတတိုး သိရှိစေခြင်းအလို့ ဌာ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ခင်ဗျာ။ https://www.facebook.com/topic.php?uid=129054333771254&topic=249 မှ ကူးယူဖော်ပြပါသည်။