ရေးမိရေးရာဆိုတဲ့ ဖေ့စဘုတ်ပိုင်ရှင်က စိတ်အပန်းပြေစေဖို့ တင်..တင်လာတဲ့ ရယ်စရာ ဟာသလေးများကို နှစ်သက်မိလို့ ဖော်ပြလိုက်ပါတယ်။ သူ့လိပ်စာကို ဒါရိုက်ဝင်ဖတ်လိုလျှင်တော့
ရေးမိရေးရာ ဆိုတဲ့ အပြာရောင် စာသားကို နှိပ်လိုက်ပါ။ ဖွင့်လိုက်တဲ့ အချိန်မှာတော့ သင့်ရဲ့ ဖေ့စဘုတ်အကောင့်လည်း ဖွင့်ထားဖို့ လိုအပ်ပါလိမ့်မယ်။
ရှောင်နိုင်ဖို့။
ဆေးလိပ်၊အရက်၊မိန်းမကင်းရှင်းသောသူအလိုရှိသည် ဟု
အပျိုကြီးတစ်ယောက်သတင်းစာထဲတွင်ကြေညာထည့်သည်။
တစ်ကိုယ်လုံးအရက်နံ့ထွက်နေပြီး လက်ထဲတွင်စီးကရက်ကိုင်ထားသောလူတစ်ယောက်ရောက်လာသည်
အပျိုကြီးကမေးသည် ''ဘာကိစ္စလဲ'' ''သတင်းစာထဲမှာကြေညာထားတဲ့ကိစ္စ''
''ဪ ရှင်အရက်မသောက်တတ်ဘူးလား'' ''မိုးလင်းမိုးချုပ် တစ်နေကုန်သောက်တယ်''
''ဆေးလိပ်တော့မသောက်ဘူးမလား'' ''ဘယ်ကလာ.. သောက်တာမှ မီးခိုးခေါင်းတိုင်လိုပဲ တနေ့ငါးဘူးလောက်ကုန်တယ်''
''ဒါဖြင့်မိန်းမတော့ကင်းရှင်းတယ်ဟုတ်'' ''ပေါက်ပေါက်ရှာရှာ.. မိန်းမဆို ပျိုပျို အိုအို လာထားပဲ''
''ဟွမ် ဒါဆိုရှင်ဘာလာလုပ်တာလဲ''
''ခင်ဗျားကျုပ်ကိုလုံးဝမမျှော်လင့်နဲ့လို့လာပြောတာ''
XXXXXXXXXXXXXXXXX
လွယ်လွန်းလို့
တစ်ခါက နယ်လှည့် စာရင်းကိုင်ပညာ ကို သင်ကြားလေ့ရှိသော ပါမေက္ခကြီး တစ်ဦးသည် သူသွားလေရာသို့ သူ့ဒရိုင်ဘာအား အမြဲခေါ်သွားလေ့ ရှိ၏။ ကြာသောအခါ ဒရိုင်ဘာသည် စာရင်းကိုင် သင်တန်း၌ ပထမနေ့တွင် ဟောကြားရမည့် အချက်အလက်များကို မှတ်မိကာ အလွတ်ရလာလေသည်။ အခြား မြို့တစ်မြို့ကို ရောက်သောအခါ ဒရိုင်ဘာက ပါမေက္ခကြီးအား “ ဆရာကြီးခင်ဗျား…ဆရာကြီး ပထမနေ့ ဟောပြောတာတွေ ကျွန်တော် အလွတ်ရနေပါပြီ ဒီတော့ ဒီနေ့ ဆရာကြီးက ဒရိုင်ဘာအနေနဲ့ ကားထဲမှာ နေခဲ့ပြီး ကျွန်တော် ပြောပါရစေ” ဟု ခွင့်တောင်းလေသည်။ ပါမေက္ခကြီးက သဘောတူသောကြောင့် ဒရိုင်ဘာက သင်တန်းသားများကို တက်ရောက် ဟောကြားလေသည်။ ဟောပြောအပြီး၌ မေးခွန်းများကို ၀ိုင်းမေးကြရာ ဒရိုင်ဘာမှာ မဖြေနိုင် ဖြစ်သွားလေသည်။ သို့သော် ဒရိုင်ဘာက ဟန်ဆောင်ကာ “ လွယ်ပါတယ် ခင်ဗျားတို့ မေးတဲ့ မေးခွန်းတွေ သိပ်လွယ်တဲ့ အတွက် ကျွန်တော်က မဖြေဘဲ ကျွန်တော့ ဒရိုင်ဘာက ဖြေပါလိမ့်မယ် ” ဟု ပြောကာ စင်ပေါ်မှ ဆင်းသွားလေသည်။
XXXXXXXXXXXXXXXX
တခါက မြို့ကြီးရွာကြီးများနဲ့ ဝေးလံခေါင်သီတဲ့ ရွာလေးတစ်ရွာမှာ ခေတ်ပေါ်စက်ပစ္စည်းများကို မမြင်ဖူးမကြားဖူးတဲ့ ပါဠိဘာသာကို တစ်ဖက်ကမ်းကျွမ်းကျင်တဲ့ ဘုန်းကြီးတစ်ပါး ရှိသတဲ့။ တနေ့တော့ ဘုန်းကြီးနေထိုင်ရာ ရွာလေးသို့ မြို့သားဓာတ်ပုံဆရာတစ်ယောက် ရှုခင်းဓာတ်ပုံများရိုက်ကူးရန် ရောက်ရှိလာလေ၏။