Benner

Monday 31 December 2012

Funny

            ရေးမိရေးရာဆိုတဲ့ ဖေ့စဘုတ်ပိုင်ရှင်က စိတ်အပန်းပြေစေဖို့ တင်..တင်လာတဲ့ ရယ်စရာ ဟာသလေးများကို နှစ်သက်မိလို့ ဖော်ပြလိုက်ပါတယ်။ သူ့လိပ်စာကို ဒါရိုက်ဝင်ဖတ်လိုလျှင်တော့ ရေးမိရေးရာ ဆိုတဲ့ အပြာရောင် စာသားကို နှိပ်လိုက်ပါ။ ဖွင့်လိုက်တဲ့ အချိန်မှာတော့ သင့်ရဲ့ ဖေ့စဘုတ်အကောင့်လည်း ဖွင့်ထားဖို့ လိုအပ်ပါလိမ့်မယ်။

ရှောင်နိုင်ဖို့။

ဆေးလိပ်၊အရက်၊မိန်းမကင်းရှင်းသောသူအလိုရှိသည် ဟု
အပျိုကြီးတစ်ယောက်သတင်းစာထဲတွင်ကြေညာထည့်သည်။
တစ်ကိုယ်လုံးအရက်နံ့ထွက်နေပြီး လက်ထဲတွင်စီးကရက်ကိုင်ထားသောလူတစ်ယောက်ရောက်လာသည်
အပျိုကြီးကမေးသည် ''ဘာကိစ္စလဲ'' ''သတင်းစာထဲမှာကြေညာထားတဲ့ကိစ္စ''
''ဪ ရှင်အရက်မသောက်တတ်ဘူးလား'' ''မိုးလင်းမိုးချုပ် တစ်နေကုန်သောက်တယ်''
''ဆေးလိပ်တော့မသောက်ဘူးမလား'' ''ဘယ်ကလာ.. သောက်တာမှ မီးခိုးခေါင်းတိုင်လိုပဲ တနေ့ငါးဘူးလောက်ကုန်တယ်''
''ဒါဖြင့်မိန်းမတော့ကင်းရှင်းတယ်ဟုတ်'' ''ပေါက်ပေါက်ရှာရှာ.. မိန်းမဆို ပျိုပျို အိုအို လာထားပဲ''
''ဟွမ် ဒါဆိုရှင်ဘာလာလုပ်တာလဲ''
''ခင်ဗျားကျုပ်ကိုလုံးဝမမျှော်လင့်နဲ့လို့လာပြောတာ''
XXXXXXXXXXXXXXXXX
လွယ်လွန်းလို့

တစ်ခါက နယ်လှည့် စာရင်းကိုင်ပညာ ကို သင်ကြားလေ့ရှိသော ပါမေက္ခကြီး တစ်ဦးသည် သူသွားလေရာသို့ သူ့ဒရိုင်ဘာအား အမြဲခေါ်သွားလေ့ ရှိ၏။ ကြာသောအခါ ဒရိုင်ဘာသည် စာရင်းကိုင် သင်တန်း၌ ပထမနေ့တွင် ဟောကြားရမည့် အချက်အလက်များကို မှတ်မိကာ အလွတ်ရလာလေသည်။ အခြား မြို့တစ်မြို့ကို ရောက်သောအခါ ဒရိုင်ဘာက ပါမေက္ခကြီးအား “ ဆရာကြီးခင်ဗျား…ဆရာကြီး ပထမနေ့ ဟောပြောတာတွေ ကျွန်တော် အလွတ်ရနေပါပြီ ဒီတော့ ဒီနေ့ ဆရာကြီးက ဒရိုင်ဘာအနေနဲ့ ကားထဲမှာ နေခဲ့ပြီး ကျွန်တော် ပြောပါရစေ” ဟု ခွင့်တောင်းလေသည်။ ပါမေက္ခကြီးက သဘောတူသောကြောင့် ဒရိုင်ဘာက သင်တန်းသားများကို တက်ရောက် ဟောကြားလေသည်။ ဟောပြောအပြီး၌ မေးခွန်းများကို ၀ိုင်းမေးကြရာ ဒရိုင်ဘာမှာ မဖြေနိုင် ဖြစ်သွားလေသည်။ သို့သော် ဒရိုင်ဘာက ဟန်ဆောင်ကာ “ လွယ်ပါတယ် ခင်ဗျားတို့ မေးတဲ့ မေးခွန်းတွေ သိပ်လွယ်တဲ့ အတွက် ကျွန်တော်က မဖြေဘဲ ကျွန်တော့ ဒရိုင်ဘာက ဖြေပါလိမ့်မယ် ” ဟု ပြောကာ စင်ပေါ်မှ ဆင်းသွားလေသည်။
XXXXXXXXXXXXXXXX
တခါက မြို့ကြီးရွာကြီးများနဲ့ ဝေးလံခေါင်သီတဲ့ ရွာလေးတစ်ရွာမှာ ခေတ်ပေါ်စက်ပစ္စည်းများကို မမြင်ဖူးမကြားဖူးတဲ့ ပါဠိဘာသာကို တစ်ဖက်ကမ်းကျွမ်းကျင်တဲ့ ဘုန်းကြီးတစ်ပါး ရှိသတဲ့။ တနေ့တော့ ဘုန်းကြီးနေထိုင်ရာ ရွာလေးသို့ မြို့သားဓာတ်ပုံဆရာတစ်ယောက် ရှုခင်းဓာတ်ပုံများရိုက်ကူးရန် ရောက်ရှိလာလေ၏။

ဓာတ်ပုံဆရာလည်း ရွာထဲတွင် နေထိုင်ရန်မိတ်ဆွေ မရှိသောကြောင့် ဘုန်းကြီးထံရောက်လာပြီး ဘုန်းကြီးကျောင်းတွင် တည်းခိုခွင့်ပေးပါရန်တောင်းဆိုရာ ၊ ဘုန်းကြီးကခွင့်ပြုလေသည်။
ဓာတ်ပုံဆရာသည် ရွာနီးဝန်းကျင်ရှိ ကောင်းနိုးရာရာ ရှုခင်းများကို ဓာတ်ပုံရိုက်ပြီး ကျန်အားလပ်ချိန်များတွင် ဘုန်းကြီးထံတွင် တရားနာလေသည်။ ထိုသို့ တရားနာရာတွင် ဘုန်ကြီးဧ။် တရားအသိအမြင် အတွေးအခေါ်များကို အလွန်သဘောကျကာ ဘုန်းကြီးအား ကြည်ညိုလေးစားစိတ်များ တဖွားဖွား ဖြစ်မိလေသည်။ ဒီလိုနဲ့ ဓာတ်ပုံဆရာသည် မြို့သို့ပြန်ရန်အချိန်တဖြည်းဖြည်း နီးကပ်လာလေရာ၊
ပြန်ရန်ရက်အနည်းငယ်အလိုတွင် ဓာတ်ပုံဆရာက...
“ ဆရာတော်ဘုရား တပည့်တော်အနေဖြင့် ဆရာတော်အား ကြည်ညိုလွန်း လေးစားလွန်းတာကြောင့် မြို့သို့ရောက်လျှင် ဆရာတော်အား ကိုယ်ပွားကိုးကွယ်ရန် ဆရာတော်၏ဓာတ်ပုံတစ်ပုံခန့် ယူသွားခွင့်ပြုပါဘုရား ” ဟုလျှောက်တင်လေရာ ဘုန်းကြီးက မျက်လုံးပြုးမျက်ဆံပြူးနှင့်...
“ မသင့်တော်ပါ တကာ ” ဟု ပြန်လည်မိန့်ကြားလေသည်။
ဓာတ်ပုံဆရာလည်းစိတ်ထဲ မရိုးမရွဖြစ်ကာ နောက်တနေ့တွင် ထပ်မံလျှောက်တင်လေရာ၊ ဘုန်းကြီးကလည်း “ မသင့်တော်ပါ တကာ ” ဟုသာ မိန့်ကြားလေသည်။ ဓာတ်ပုံဆရာသည် ဇွဲမလျော့ဘဲ နေ့စဉ်ရက်ဆက် အကြိမ်ကြိမ်လျှောက်တင်လေရာ၊ ဘုန်းကြီးလည်းစိတ်မသက်မသာဖြင့် “ မသင့်တော်ပါ တကာ ” ဟုသာ မိန့်ကြားလေသည်။
ဒီလိုနှင့် တစ်ပတ်ခန့်ကြာသော် ဘုန်းကြီးလည်းမနေသာတော့ဘဲ...
“ ကောင်းပြီတကာ မနက်ဇြန်မနက်စောစော လာတွေ့ချေတော့ ” ဟု မိန့်လိုက်လေတော့သည်။
ဓာတ်ပုံဆရာလည်း ၀မ်းသာအားရဖြင့် နောက်တနေ့ မနက်စောစော ဘုန်းကြီးထံဖူးမြှော်ပြီး ဓာတ်ပုံရိုက်ကူးရန် ခွင့်တောင်းလေသည်။ ထိုအခါ ဘုန်းကြီးက...
“ ရိုက်ပဲ ရိုက်ရိုက် ၊ ယူပဲ ယူယူ ၊ လွှင့်ပဲ ပစ်ပစ် ကော့စိတ်တိုင်းကျပါတကာ၊ ဘုန်းကြီးက တကာ့အတွက် ဓာတ်ပုံအဆင်သင့် ပြင်ပြီးပါပြီ ” ဟု ဆိုသည်။
ဓာတ်ပုံဆရာလည်း နားမလည်နိုင်ဘဲ ခပ်အမ်းအမ်းဖြစ်နေချန်တွင် ဘုန်းကြီးသည် နောက်ဖေးဝင်သွားပြီး ၊ တခဏခန့်ကြာသော်... ဘုန်းကြီးသည် နှာခေါင်းကို ရှုတ် ၊ မျက်မှောင်ကို ကျုံ့ကာ လက်ထဲတွင် အိတ်တစ်လုံးကိုင်လျက် ပြန်ထွက်လာလေ၏။ ပြီးနောက် ထိုအိတ်ကို ဓာတ်ပုံဆရာအား ပေးလေသည်။
ဓာတ်ပုံဆရာလည်း ယောင်နနဖြင့်အိတ်ကိုလှမ်းယူပြီးနောက် နှာခေါင်းထဲတွင်လည်း လွန်စွာဆိုးရွားလှသော အနံ့အသက်ကို ခံစားရလိုက်လေ၏။
ထိုအချိန်တွင် ဘုန်းကြီးက အိတ်ကိုလက်ညှိုးထိုးကာ...
“ အိတ်ထဲတွင် တကာလိုချင်သော ဘုန်းကြီး၏ဓာတ်ပုံပင်ဖြစ်သည် တကာ ” ဟု ဆိုလေရာ ဓာတ်ပုံဆရာလည်း အိတ်ထဲကိုကြည့်ပြီး ကိုယ့်နဖူးကိုယ်လက်ဖြင့် ရိုက်ကာ...
“ ဟိုက် သေပြီဆရာ ” ဟု တစ်ခွန်းတည်းသာ ဆိုနိုင်တော့လေသည်။
မှတ်ချက် ။ ။ ဓာတ်ပုံ ( ပါဠိဘာသာ ) = ချေးပုံ ( မြန်မာဘာသာ )
( ပါဠိဘာသာဖြင့် ချေးပုံကိုဓာတ်ပုံ ဟုခေါ်သည်။ )
XXXXXXXXXXXXXXXXXXXX

တစ်ခါတုန်းကပေါ့။ အိမ် တစ်အိမ်မှာ လင်မယားနစ်ယောက်ရယ် . ၊မိန်းမလုပ်သူရဲ့  အဖေ ၊နဲ့ အမေ ရယ်မိသား စု လေးဦးနေကြတယ်။မိန်းမလုပ်သူ က တနေ့ သားလေး တစ်ဦးမွေး လာတော့ သူတို့ ကေ၇ှးဖြစ်ဟောတဲံ့ဗေဒင်ဆရာ တစ်ဦး ဆီမှာ ကလေး လေး ကိုဇာတာဖွဲ့  ၊ ကြီးလာရင် ဘာဖြစ်မယ် ညာဖြစ်မယ်ပေါ့ မေးတာ.။
အဲ ဒီမှာ . ဗေဒင်ဆရာ က(အင်း )ဒီကလေးဟာ သူ စကားစပြောတဲ့  အချိန်မှာ
လူ သုံးယောက်ရဲ့  နာမည် ကို စပြောလိမ့် မယ။်
ွှဲဒီနာမည် ပြောပြီး မကြာခင်မှာ အဲဒီ သုံးယောက် ကသေလိမ့် မယ်။
အဲ ဒီလို နဲ့  ကလေးလေး စကား ပြောတဲ့ အရွယ်ရောက်တော့ 
အဖိုး ဆို ပြီးစခေါ်ပြီးသိပ်မကြာဘူးအဖိုးဖြစ်သူ သေသွားရော။
ဒုတိယ အကြိမ် ကျတော့ အဖွား ဆို ခေါ်ေ၇ာ အဖွားဖြစ်သူလည်း မကြာ ပါဘူးဆုံးေ၇ာ။
တတိယအကြိမ်ကျတော့ အဖေ လို့  ခေါ်ေ၇ာ
အဲဒီမှာ အဖေလုပ်တဲ့ သူ က(အင်း)ငါတော့ သေတော့ မယ် အိမ်မှာလည်းဘယ်သူမှမရှိဘူး။
မိန်းမ ကလည်းဈေးသွားတယ်ဒီအတိုင်းကြီး ညစ်ညစ်ပတ်ပတ် တော့ မသေနိုင်ဘူး။
သန့် သန့် ရှင်းရှင်းသပ်သပ် ရပ်ရပ် သေမှပဲ ဆိုပြီး
ေ၇မိုးချိုး၊ အ၀တ်အစား သပ်သပ် ရပ်ရပ်ဝတ်၊ သနပ်ခါးတွေဘာတွေလိမ်းပြီး
ကုတင်ပေါ် ဆန့် ဆန့် ကြီး တက်အိပ်နေတာပေါ့ ။ အဲဒီအချိန်မှာ မိန်းမ ဖြစ် ဈေး ပြန်ေ၇ာက် လာတော့ 
ဟဲ့  တော်ကဘာဖြစ်နေတာလဲ ။သနပ်ခါးတွေဘာတွေ လိမ်းပြီးကုတင်ပေါ်တောင် တက်အိပ်နေသေးတယ်။
ဟိုဘက်အိမ်က ကို အောင်ဘု ကြီး ဆုံးသွားပြီ တဲ့ တော်။ ရှင် မသိဘူးလား......တဲ့ ။
အင်း.... အဲဒီအခါကျမှ ယောက်ကျား လုပ်တဲ့သူက
သူမသေလို့ ပဲ ရယ် ရမလိုလို.....ဟို ဒင်းမဟုတ်လို့ ပဲ ငို ရမလိုလို.....။
XXXXXXXXXXXXXXXXXXXXXXXX
စုတ်ပြတ် နုံချာနေသော အ၀တ်အစားဝတ် လူတစ်ဦးသည်
လမ်းသွားလမ်းလာတို့ထံမှ ပိုက်ဆံတောင်းနေသည်။
သားနားခန့်ညားစွာ ၀တ်ထားသောလူတစ်ဦး လမ်းလျှောက်လာသည်။
“နောင်ကြီးရယ်၊ စားစရာမရှိလို့ပါ၊ စေတနာရှိသမျှ မ,စပါခင်ဗျာ"
“မပေးနိုင်ဘူး၊ မင်းကို ငါးဒေါ်လာလောက် ပေးကြည့်၊
ချက်ချင်းအရက်သောက်ပစ်မှာ မဟုတ်လား”
“ကျွန်တော်အရက်မသောက်တတ်ပါဘူး ခင်ဗျာ”
“မသောက်လည်း မင်း…ဖဲကစားပစ်မှာပေါ့”
“ကျွန်တော် အလောင်းအစား မလုပ်တတ်ပါဘူး ခင်ဗျာ”
“အို…ဒါ မဟုတ်လည်း မကောင်းတဲ့မိန်းမဆီ မင်းသွားမှာပေါ့”
“ဒါလည်းဝါသနာ မပါပါဘူးခင်ဗျာ...”
လူကြီးသည် သူတောင်းစားကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး……
“OK…မင်းကိုငါ ငါးဒေါ်လာပေးမယ်…။ ဒါပေမဲ့ မင်းငါအိမ်ကို ခဏလိုက်ခဲ့ရမယ်။ ဘာအပျော်အပါးမှမလိုက်စားတဲ့ယောက်ျားတွေ ဘယ်လိုဖြစ်တတ်တယ်ဆိုတာ ..ငါ့မိန်းမကိုမြင်အောင်ပြချင်လို့ ။

XXXXXXXXXXXXXXXXXXXX
ကိုချူချာ စတိုးဆိုင်ကြီးထဲ ဝင်လာသည်။
မမြင်ဘူးသော ပစ္စည်းတစ်ခုကို ညွှန်ပြပြီး အရောင်းစာရေးမကို မေးသည်။
"အဲဒါဘာလဲဟင်"
"ဓာတ်ဘူး"
"သူ့ကို ဘယ်လိုအသုံးချသလဲ"
"အပူဓာတ်နဲ့ အအေးဓာတ်ကို အချိန် အတော်တော်ကြာကြာ ထိန်းထားဖို့အတွက်"
ကိုချူချာ ဓာတ်ဘူးကို ဝယ်လိုက်သည်။ နောက်နေ့တွင် ဓာတ်ဘူးကို ယူလာပြီး တစ်ရုံတည်းသားများကို
"ငါ ဝယ်လာတဲ့ ဓာတ်ဘူး အသစ်ကွ။ ပူတဲ့ပစ္စည်း တစ်နေကုန် ပူနေမယ်။
အေးတဲ့ပစ္စည်း ဆိုလည်း တစ်နေကုန် အေးနေမယ်ကွ"
"ဓာတ်ဘူးထဲမှာ အခု မင်းဘာထည့်ထားသလဲ"
"မိန်းမ ဖျော်ပေးလိုက်တဲ့ ကော်ဖီပူပူ နှစ်ခွက်နဲ့ ရေခဲမုန့်"

(ချူချာလူမျိုးသည် ရုရှားနိုင်ငံ၊ ချူကော့ကာပြည်နယ်တွင်နေထိုင်ပြီး အလွန်ရိုးအ သူများအဖြစ် နာမည်ကြီးပါသည်။)
XXXXXXXXXXXXXXX
အမေရိကန် အာကာသစခန်းတစ်နေရာမှာ ဖြစ်ပါတယ်။ ဗီနပ်ဂြိုလ်ဆီသွားကြမယ့် လူတွေကို လူတွေ့စစ်ဆေးခဲ့ကြတယ်။ ဗီနပ်ဂြိုလ်သွားမယ့်လူက တစ်ယောက်ထဲဖြစ်ပြီး သွားပြီးနောက် ကမ္ဘာမြေဆီပြန်လာလို့ မရတော့ပါဘူး။

ပထမဦးဆုံး အမေရိကန်က အင်ဂျင်နီယာတစ်ဦးကို လူတွေ့စစ်ဆေးခဲ့တယ်။ လိုချင်တဲ့ ဆုကြေးငွေမေးတဲ့အချိန်မှာ သူက "ဒေါ်လာ၁ဝသိန်း လိုချင်ပါတယ်။ ဒီငွေတွေကို ကျွန်တော်ရဲ့ မိခင်ကျောင်းအတွက် ကျွန်တော်လှူဒါန်းခဲ့ပါမယ်"

ဒုတိယတစ်ယောက်က အင်္ဂလန်က ဆရာဝန်ဖြစ်တယ်။ "ဒေါ်လာ သိန်း၂ဝ လိုချင်ပါတယ်။ တစ်ဝက်ကို ကျွန်တော့်မိသားစုအတွက် ချန်ထားပြီး တစ်ဝက်ကို ဆေးတက္ကသိုလ်အတွက် လှူခဲ့ချင်ပါတယ်"

တတိယတစ်ယောက်က မြန်မာ နိုင်ငံက ကျောင်းသားဖြစ်ပါတယ်။
"ဒေါ်လာ သိန်း ၃ဝလိုချင်ပါတယ်" တစ်ခြားလူထက်ပိုယူတဲ့ကျောင်းသားကို တွေ့ဆုံသူတွေက ဘာကြောင့်ပိုယူသလဲလို့ မေးတော့ ကျောင်းသားက "ကျွန်တော့်ကို သိန်း၃ဝပေးခဲ့ရင် ခင်ဗျားကို ၁ဝသိန်းပေးမယ်၊ ကျွန်တော် ၁ဝသိန်းယူမယ်။ ကျန် ၁ဝသိန်းကို အမေရိကန် အင်ဂျင်နီယာကိုပေးပြီး ဂြိုလ်ပေါ်တက်ခိုင်းလိုက်မယ်။
XXXXXXXXXXXXX

နိုင်ငံတော် အကြီးအကဲ ခေါင်းဆောင်သုံးဦးဟာ ရဟတ်ယာဉ်စီးပြီး နိုင်ငံအခြေအနေကို လှည့်လည်ကြည့်ရှုနေတယ်။

ပထမ အကြီးအကဲ " တကယ်လို့ အခုချိန်မှာ ငါသာ ငွေတစ်ထောင်တန်တစ်ရွက် ပစ်ချလိုက်ရင် ကောက်ရတဲ့လူက အရမ်းပျော်မှာပဲ"

ဒုတိယ အကြီးအကဲ " တကယ်လို့ ငါသာ ၅၀၀တန်နှစ်ရွက် ပစ်ချလိုက်ရင် လူနှစ်ယောက်ပျော်ရမယ်"

တတိယ အကြီးအကဲ "တကယ်လို့ ငါသာ ၁၀တန်ဆယ်ရွက် ပစ်ချလိုက်ရင် လူဆယ်ယောက် ပျော်ရမယ်"

သူတို့အချင်းချင်း ပြောနေတဲ့ စကားကိုကြားတော့ လေယာဉ်မှုးက အခုလို ပြောလိုက်တယ်...
"အကြီးအကဲတို့ သုံးဦးလုံးသာ ခုန်ချလိုက်ရင် နိုင်ငံမှာရှိတဲ့ လူတွေအားလုံး ပျော်ကြမှာပဲ" ဟူတည်း။
XXXXXXXXXXXXX

ယောက်ျားက သတင်းစာဖတ်နေရင်း စိတ်ဝင်စားသောလေသံဖြင့်ပြောသည်။
“အီရန်မှာကြဲချဖို့အတွက် ကနေ့ အသစ်ထုတ်လိုက်တဲ့ နည်းပညာသစ် အနုမြူဗုံးဟာ တစ်လုံးကို ဒေါ်လာဆယ်သန်းတောင် တန်သတဲ့”

မိန်းမက စိတ်မ၀င်စားသောလေသံဖြင့်ပြန်ပြောသည်။
“ဟုတ်လား၊ ကျွန်မတို့ ခြံထဲကို တစ်လုံးလောက်လာကျရင် သိပ်ကောင်းမှာပဲနော်၊”
XXXXXXXXXXXXXX

ကမ္ဘာကြီး ပျက်တော့မယ့် အကြောင်းနဲ့ ပါတ်သက်ပြီး ဘုရားသခင်က ကမ္ဘာပေါ်က အထင်ရှားဆုံးလူတွေကို ခေါ်ပြီး ပြောပါတယ်။

အမေရိကန် သမ္မတရယ်။ တရုတ် သမ္မတရယ်။ ဘီလ်ဂိတ်ရယ် ပါ။

အမေရိကန် သမ္မတက သူ့တိုင်းပြည်ကလူတွေကို ကြေငြာပါတယ်။
ကျွန်တော်ဝမ်းသာ စရာတစ်ခု ၀မ်းနည်းစရာ တစ်ခု ပြောပါရစေ။
ဝမ်းသာစရာက ကျွန်တော်တော်တို့ ထင်သလို ဘုရားသခင်ဆိုတာ တကယ်ရှိပါတယ်။
ဝမ်းနည်းစရာက ဘုရားက မကြာခင် ကမ္ဘာပျက်တော့မယ်လို့ပြောပါတယ်။

တရုတ်သမ္မတကလည်း သူ့တိုင်းပြည်က လူတွေကို ကြေငြာပါတယ်။
ကျွန်တော်ဝမ်းနည်းစရာ နှစ်ခု ပြောစရာရှိပါတယ်။
ပထမတစ်ခုက ကျွန်တော်တို့ထင်သလို မဟုတ်ဘဲ ဘုရားသခင် ဆိုတာရှိနေပါတယ်။
ဒုတိယ တစ်ခုက ဘုရား က မကြာခင် ကမ္ဘာပျက်တော့မယ်လို့ ပြောပါတယ်။

နောက်ဆုံး ဘီလ်ဂိတ်က သူ့ ကုမဏီရှိလူတွေကို ခေါ်ပြီး ပြောပါတယ်။
ကျွန်တော် ၀မ်းသာစရာ နှစ်ခုပြောစရာရှိပါတယ်။
ပထမတစ်ခု က ကျွန်တော်ကို ကမ္ဘာပေါ်မှာ အထင်ရှားဆုံးလူဆိုတာ ဘုရားက
အသိအမှတ်ပြုလိုက်ပါတယ်။
ဒုတိယတစ်ခုက ကျွန်တော်တို့ နောက်ထပ် ဘယ်တော့မှ ထပ်ပြီး (ဒီ သောက်) Service Pack တွေကို ထုတ်စရာမလိုတော့ပါဘူး။
XXXXXXXXXXXXXX


အက်ဘီ နဲ့ အက်စသာ တို့ဟာ နှစ်၄၀ပြည့် မင်္ဂလာနှစ်ပတ်လည် ဟန်းနီးမွန်း ၂ပတ် ခရီးအတွက် သြစတြေးလျှကို လေယာဉ်နဲ့ ထွက်ခွာလာပါတယ်.. ပျံသန်းလာပြီး လေယာဉ် ခရီးတစ်ဝက်မှာ လေယာဉ်မှူးထံမှ ကြေငြာချက်တစ်ခု ထွက်ပေါ်လာပါတယ်.. “အမျိုးကောင်းသမီးများနဲ့ အမျိုးကောင်းသားများ ခင်ဗျာ. ကျွန်တော့မှာ သတင်းဆိုးတစ်ခု ကြော်ငြာဖို့ရှိပါတယ်.. ကျွန်တော်တို့လေယာဉ်ဟာ အင်ဂျင်စက် ချို့ယွင်းသွားတဲ့အတွက် အရေးပေါ် ဆင်းသက်ရပါလိမ့်မယ်.. ကံကောင်းစွာဘဲ ကျွန်တော်တို့ အောက်တည့်တည့်မှာ ကျွန်းကလေးတစ်ကျွန်းကို တွေ့ရပါတယ်.ဒါကြောင့် အဲဒီကျွန်းကို အရေးပေါ် ဆင်းသက်ပါမယ်.. ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေးစံနစ်လဲ ပျက်စီးသွားပြီ ဖြစ်တဲ့အတွက် ဒီကျွန်းပေါ်ကို ဘယ်လိုကယ်ဆယ်ရေးမှ ရောက်လာနိုင်စရာမရှိပါဘူး.. ဒါကြောင့် ကျွန်တော်တို့ဟာ ဒီကျွန်းပေါ်မှာဘဲ တစ်သက်လုံး နေထိုင်သွားရဖို့ ရှိပါတယ်…”


လေယာဉ်မှူးရဲ့ ကျွမ်းကျင်မှုကြောင့် လေယာဉ်ဟာ ချောချောမွေ့မွေ့ဘဲ ကျွန်းပေါ်ကို ဆင်းသက်နိုင်ခဲ့ပါတယ်.. ကျွန်းပေါ်ရောက်တဲ့အခါ အက်ဘီဟာ သူ့မိန်းမ အက်စ်သာကို မေးလိုက်ပါတယ်..

“အက်စ်သာ ငါတို့ပေးစရာရှိတဲ့ ရှေ့နေခ ဒေါ်လာ၅၀၀၀ ပေးပြီးခဲ့ပြီလား.. ”

“ဟင့်အင်း မပေးရသေးဘူး”

“ဘဏ်မှာ ပေးဖို့ရှိတဲ့ ဘဏ်ကြွေး ဒေါ်လာ ၂၅၀၀၀ ရော ပေးဖို့ သတိရခဲ့ရလား”

“အိုး.. ကျွန်မ မေ့သွားခဲ့တယ်.. မပေးခဲ့ရဘူး. ”

“ငါတို့အကြွေးနဲ့ ၀ယ်ထားတဲ့ အိမ်နဲ့ ကားအတွက်လဲ ဒီလ ငွေ ပေးသွင်းခဲ့ပြီလား”

“အိုး ကျွန်မတောင်းပန်ပါတယ်.. အဲဒါလည်း မပေးခဲ့ရသေးဘူး”

အက်စ်သာရဲ့ စကားအဆုံးမှာ အက်ဘီဟာ အက်စ်သာကို ပွေ့ဖက်လိုက်ပြီး ၀မ်းသာအားရ အနမ်းခြွေလိုက်ပါတယ်..

အက်စ်သာက အထိတ်တလန့် မေးလိုက်ပါတယ်.. “ဘယ်လိုဖြစ်တာလဲ ရှင် ရူးနေပြီလား”

“ငါတို့ ပူစရာမလိုတော့ဘူး အကြွေးရှင်တွေ ငါတို့ကို လိုက်ရှာကြလိမ့်မယ် ” တဲ့…


(ဒီတော့ အကြွေးများများ တင်ထားတာ ပိုကောင်းတယ်နော်) :) :)
XXXXXXXXXXXXXXX

တခါက တိုင်းအဆင့် အရာရှိကြီးတယောက် သူအုပ်ချုပ်ရတဲ့တိုင်းအတွင်း လှည့်လည်ကြည့်ရှုပါတယ်။ မြန်မာပြည်အလယ်ပိုင်းဒေသမှာပါ။ ထုံးစံအတိုင်း နောက်ပါအခြွေအရံ အရာရှိကြီးငယ်တွေနဲ့ပေါ့။ထုံးစံအတိုင်း လိုအပ်သည်များကို မှာကြားပါသည်ပေါ့။
သူ့ဇာတိနယ်က ဘုန်းတော်ကြီးကျောင်းကိုလဲ လှူဘွယ်ဝတ္ထုတွေနဲ့ အကျအန ၀င်လှူပါတယ်။ကျောင်းထိုင်ဆရာတော်ကြီးကိုလဲ အဲဒီအရာရှိကြီးက သူ့ကိုယ်သူမိတ်ဆက်စကားပြောတာပေါ့။ဒီရွာမှာနေသွားတဲ့ ဦးဘယ်သူ ဒေါ်ဘယ်သူတို့ရဲ့သားပါပေါ့။အခုတော့ ဘယ်လိုရာထူးမျိုးရနေပါတယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာပြောတာပေါ့လေ။
အဲဒီမှာ ဆရာတော်ကြီးက ဘယ်လိုမိန့်ကြားသလဲဆိုတော့ “အင်း..ပဲခူးမှာရေကြီးတုန်းကလိုမျိုးပေါ့” လို့ တခွန်းသာပြောပြီး ဘာမှဆက်မပြောတော့ပါဘူး။ ဆရာတော်ကြီး ပြောချင်တာကို ဘယ်သူမှနားမလည်ပါဘူး။ အဲဒီ အရာရှိကြီးကလည်းနားမလည်။ နောက်ကပရိသတ်ကလည်း နားမလည်။ အားလုံးနားမရှင်းဖြစ်နေတာမို့ တယောက်ကလျှောက်လိုက်ပါတယ်။
“အရှင်ဘုရားပြောတဲ့ ပဲခူးမှာရေကြီးတုန်းက ဘာဖြစ်တာပါလဲဘုရား”
လို့ ဆရာတော်ကြီးကိုဘဲ ပြန်မေးရတော့တာပေါ့။ ဆရာတော်ကြီးက ခပ်တိုတိုပြတ်ပြတ်ဘဲ ပြန်မိန့်တော်မူပါတယ်။ “ပဲခူးမှာရေကြီးတုန်းက....အိမ်ခေါင်မိုးပေါ်ခွေးတွေေ၇ာက်ကုန်တာပေါ့...”တဲ့
XXXXXXXXXXXXXXXXXX

ကောင်လေးနဲ့ သူ့အဖေဖြစ်သူတို့ဟာ အိမ်ရှေ့ကွပ်လပ်မှာ ဘောလုံးကစားနေကြပါတယ်.. ပျားတစ်ကောင် ပျံနေတာကို မြင်လိုက်တဲ့ကောင်လေးဟာ ပျားကို ကျောက်ခဲတွေ တုတ်တွေနဲ့ ကောက်ပေါက်ပြီး လိုက်လံ မောင်းထုတ်ပါတယ်..

သူ့အဖေက “ သား ဒီလိုမလုပ်နဲ့လေ .. ဒါက ပျားရည် ထုတ်ပေးတဲ့ပျားလေ…. ဒီပျားက သားကို ဘာမှ လုပ်တာမဟုတ်ဘူး… နောက်ကို ဒီလိုမလုပ်ရဘူး.. အခု ပျားကို လုပ်တဲ့ အပြစ်အတွက် သား တစ်ပတ်တိတိ ပျားရည်မစားဘဲ နေရမယ်.. ”

မကြာခင်မှာဘဲ ကောင်လေးဟာ လိပ်ပြာလေးတစ်ကောင်ကို တွေ့ပြန်ရော။ ဒါနဲ့ လိပ်ပြာလေးကို ကျောက်ခဲတွေ တုတ်တွေနဲ့ ပေါက်ပြီး လိုက်လံ မောင်းထုတ်ပြန်ပါတယ်..

ကောင်လေးအဖေက “သား…. လိပ်ပြာဆိုတာ သားကို ဘာမှ လုပ်တာမဟုတ်ဘူး.. ဘာလို့ဒီလို လုပ်ရတာလဲ… ဒီအပြစ်အတွက် သား တစ်ပတ်တိတိ ထောပတ်မစားရဘူး ”

နောက်နေ့မနက်မှာတော့ ထောပတ်လဲမစား ပျားရည်ကိုလဲ မတို့မထိဘဲ ပေါင်မုန့် အလွတ်ကိုသာ ကောင်လေးက စားနေပါတယ်.. အဲဒီချိန်မှာ ဘီဒို တစ်ခုအောက်က ပိုးဟပ်တစ်ကောင် ထွက်လာတာနဲ့ ကောင်လေးရဲ့ မိခင်ဖြစ်သူက တုတ်နဲ့ ခြောက်ပြီး မောင်းထုတ်ပါတယ်.. အဲဒီတော့ ကောင်လေးက သူ့အဖေကိုပြောလိုက်ပါတယ်..

“အဖေ ဒီကိစ္စ အပြစ်ရှိကြောင်း အမေ့ကို အဖေပြောမလား.. သားဘဲ ပြောလိုက်ရမလား ” တဲ့
XXXXXXXXXXXXXXXX

တောရွာလေးတစ်ရွာမှာ
အရက်ပုန်းရောင်းတဲ့ဆိုင်ကလေးတစ်ဆိုင်ရှိတယ်။
လိုင်စင်မဲ့တောအရက်ဆိုင်လေးပါ။ အရက်ရောင်းလို့ အဆင်ပြေနေပေမဲ့လဲ ရွာလူကြီးတို့ ရဲတို့ အရာရှိတို့လာရင် အရမ်းကြောက်ရတယ်။ မကြာမကြာလဲ ဆိုင်ပိတ်ပစ်လိုက်မယ်ဆိုတဲ့ ကြိမ်းမောင်းသံတွေ ကြားနေရတယ်။
အရက်လာသောက်ကြတဲ့သူတွေကလဲ အရက်ကိုကြိုက်လို့သာ လာသောက်ကြတာ။ အဖမ်းအဆီးလုပ်မှာကိုတော့ ကြောက်မှကြောက်။ အရက်သမားလဲ လူကိုးဗျ။ ကြောက်တတ်မှာပေါ့။

တစ်နေ့ အရက်ဆိုင်မှာ လူစည်ကားနေခိုက်
ယူနီဖောင်းအပြည့်ဝတ်ဆင်ထားပြီး သေနတ်ကိုခါးမှာချိတ်ကာ လက်ထိပ်ကို ဘောင်းဘီခါးပတ်ကြိုးမှာ ချည်တွဲထားတဲ့ ရဲအရာရှိတစ်ယောက် အဲဒီအရက်ဆိုင်ထဲဝင်လာတယ်။
အရက်ရောင်းတဲ့သူကော အရက်လာသောက်ကြတဲ့သူတွေကော ရုန်းရင်းဆန်ခတ်ဖြစ်သွားကြတယ်။

"ပြေးကြစို့ မှုခင်းရဲ လာဖမ်းနေပြီ"
"မြန် မြန် သွားပါဟ"
"အဖမ်းခံရတော့မယ်"

ဆူညံသံတွေက မိုးလုံးထိသောသောညံလို့။
အရက်သမားတွေလဲ အရက်မူးပြေသွားလောက်အောင် ကြောက်သွားကြတယ်။
အရက်ဆိုင်ထဲကနေပြီး အတင်းထွက်ပြေးသွားနေကြတုန်း အဲဒီ ရဲအရာရှိပြောလိုက်တဲ့စကားကြောင့်
အားလုံးဆိုင်ထဲကို ပြန်ဝင်လာကြသတဲ့။

ရဲအရာရှိက ဘာပြောလိုက်သလဲ ဆိုတော့--

"ကိုယ့်လူတို့ မကြောက်ကြပါနဲ့၊ ကိုယ်လဲမင်းတို့ လိုပါပဲ ..
ငါ အရက်လာဝယ်တာပါ" တဲ့။
XXXXXXXXXXXXXXXXXX

တနေ့ သောအခါ မိန်းမကြီးတစ်ယောက်သည် မိမိနေအိမ်သို့ ပြန်ရာ လမ်းခုလပ်တွင်
အိမ်မွေး တိရစ္ဆာန်ဆိုင်ကို ဖြတ်ကျော်ရပေသည်။ ထိုဆိုင်သို့ 
ဖြတ်ကျော်နေစဉ်အတွင်း ကြက်တူရွေး တစ်ကောင်သည် ထိုမိန်းမကြီးအား
((((အင်မတန်ရုပ်ဆိုးလိုက်တာဗျာ))))

မိန်းမကြီးခမျာ ဒေါသတွေထွက်ပြီး ဆောင့်ကြီးအောင့်ကြီးနဲ
့ဖြတ်ကျော်သွားလေသည်။ နောက်နေ့တစ်ခါထပ်မံဖြတ်ကျော်ရပြန်သည်
ထုံးစံအတိုင်းပင် ကြက်တူရေးသည် ((((ရုပ်ဆိုးလိုက်တဲ့ မိန်းမကြီး
ဗျာ...))))

ထိုမိန်းမကြီးအကြီးအကျယ် ဒေါသထွက်လေတော့သည်။ ထိုအခါ ထိုမိန်းမကြီးသည်
ဆိုင်ရှင် အား အကြိုးအကြောင်းပြောပြပြီး နောက်တစ်ခါ
ထပ်မံပြောနေဦးမည်ဆိုပါက ကြက်တူရွေး ကိုလည်းသတ်ပစ်မည်
ဆိုင်ရှင်ကိုလည်းတရားဆွဲမည် ဖြစ်ကြောင်းပြောပြပြီး
ဆိုင်မှထွက်ခွာသွားလေသည်။

နောက်နေ့  တွင် ထိုမိန်းမကြီးဆိုင်ရှေ့ မှ ဖြတ်ကျော်မည် အပြုတွင်
ကြက်တူရွေးက ။ ။ ဟိုအမကြီး
အမျိုးသမီး။ ။ ဘာတုန်း
ကြက်တူရွေး။ ။ဟဲ.....ဟဲ ခင်ဗျား ကို ကျူပ်ဘာပြောမယ်ဆိုတာ ခင်ဗျားသိပြီးသားပါ.....
XXXXXXXXXXXXXXX

*စောစောက ပြောရော့ပေါ့**
ရန်သူ၏ လက်ချက်ကြောင့် ခြေထောက်တွင် ဒဏ်ရာရသော စစ်ဗိုလ်ကို စစ်ဆေးရုံသို့
သယ်ဆောင်လာသည်။ ရောက်ရောက်ချင်း ¤င်းကို ခွဲစိတ်ခန်းထဲ သွင်းပြီး ခွဲစိတ်ရန်
ပြင်ဆင်ကြသည်။ နှစ်နာရီခန့် ကြာသွားသည်။ စစ်ဗိုလ်က သည်းမခံနိုင်တော့ဟန်ဖြင့်
မေးသည်။

"ခင်ဗျားတို့ ဘာဖြစ်လို့ ဒီလောက်တောင် ကြာနေရတာလဲ။ ဘာကို ရှာနေကြတာလဲ။
ဒဏ်ရာအပေါက်က သေးသေးလေး။ ဆယ်မိနစ်ချုပ်ရင် ပြီးတဲ့ ကိစ္စ "
"ကျွန်တော်တို့ ကျည်ဆန်ကို ရှာနေကြတာဗျ"
ဤစကားကို ကြာသော် လူနာစစ်ဗိုလ် ပေါက်ကွဲတော့သည်။
"စောစောက ပြောပါတော့လား။ ကျည်ဆန်က ကျွန်တော့် အိပ်ထောင်ထဲမှာ။ ရော့
XXXXXXXXXXXXXX


No comments: