IDM (Internet Download Manager) ကို ဘာကြောင့်သုံးသလဲဆိုရပါလျှင် ဖိုင်တွေကို လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် ဒေါင်းချင်လို့ပါလို့ ပြောရပါလိမ့်မယ်။ ဖိုင်ဆိုဒ် ကြီးကြီးမားမားတွေကို ဒေါင်းပြီဆိုရင် အင်တာနက် ဒေါင်းလုပ် မန်နေဂျာက မနေ့က ဒေါင်းလို့ မပြီးသေးတဲ့ဟာကို မနေ့က ဒေါင်းထားတဲ့ နေရာကနေပြီး ပြန်ဒေါင်းပေးပါတယ်။ (ကော်လည်း ကောင်းနေရင်ပေါ့)။ နောက်တစ်ခုက Youtube လို ရုပ်၊ အသံတစ်ခုခုကို အင်တာနက် စာမျက်နှာ တစ်ခုကို ဖွင့်လိုက်တာနဲ့ အော်တို ဒေါင်းမလားဆိုတဲ့ သင်္ကေတလေး ပြပေးပါတယ်။ ကျနော်ဆိုလျှင် ကော်နက်ရှင်ကောင်းတဲ့ နေရာကို ရောက်ရင် သူ့ကို ထည့်ပြီး ဇာတ်ကားတွေကို အမုန်းဒေါင်းပါတယ်။ ပြီးတော့မှ အေးအေးဆေးဆေး ပြန်ကြည့်ပေါ့။ အခု တင်ပေးထားမှာကတော့ အင်တာနက် ဒေါင်းလုပ် မန်နေဂျာက သင့်ရဲ့ အင်တာနက်စပိကို အရှိကို အရှိအတိုင်း ဒေါင်းနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဥပမာ.. 2MB/s ရှိနေတဲ့ လိုင်းတစ်လိုင်းကို 2MB/s အပြည့်နဲ့ ဒေါင်းနိုင်အောင်ပါ။
ဒီနေရာကို နှိပ်ပြီး ဒေါင်းလုပ် ရယူပါ။
ဒီနေရာကို နှိပ်ပြီး ဒေါင်းလုပ် ရယူပါ။
No comments:
Post a Comment