Benner

Thursday 29 November 2012

Skype ကို တန်ဖိုးရှိစွာ အသုံးပြုခြင်း

          စကိုင်းပီ ဆိုတာက ဗွီဒီယို ချတ်တင်နှင့် အခြား လုပ်ဆောင်၍ ရသော ဆော့ဝဲတစ်ခု ဖြစ်ပါတယ်။ စစ်ကိုင်းပီ ဖြင့် ကျနော်တို့ လုပ်ဆောင်လို့ ရတာလေးတွေကို ပြောပြသွားပါမယ်။ စကိုင်းပီဖြင့် မြန်မာလိုလည်း ရေးလို့၊ ရိုက်လို့ ရပါတယ်။
 စကိုင်းပီဖြင့်  Share Screen လုပ်လို့ရပါတယ်။
 Share Screen ဆိုတာက ဘာလဲဆိုလျှင် ဥပမာ..ကျနော်နဲ့ အခုဖတ်နေတဲ့လူဟာ စကိုင်းပီနဲ့ ပြောနေပြီဆိုလျှင် တဘက်လူရဲ့ ကွန်ပြူတာ စခရင်ကို မြင်တွေ့နိုင်အောင် ပြုလုပ်ခြင်းကို ခေါ်ပါတယ်။ တဘက်လူက ကျနော့်ကွန်ပြူတာမှာ ဟိုဟာကို ဖွင့်လိုက်ရင် ဒီလိုဖြစ်နေတယ် ဆိုတာမျိုးကို ကျနော့်ဘက်ကို လုပ်ပြနိုင်ပါတယ်။ ပြဿနာ တစ်ခုခုဖြစ်နေတာကို ပြောပြနေတာ ဆိုလျှင်လည်း ကိုယ်တိုင်တော့ ဝင်လုပ်လို့ ရတာ မဟုတ်ပေမဲ့ တဘက်လူ လုပ်နေတာကို ကြည့်ပြီး ဟိုလို လုပ်ပါလား၊ ဒီလို လုပ်ပါလား ပြောပြလို့ ရပါတယ်။ အပြည့်အဝ တဘက်လူ ကွန်ပြူတာကို ကွန်ထိုးလုပ်ပြီး ကိုယ်တိုင် လုပ်ချင်လျှင်တော့ Team Viewer ဆိုတဲ့ ဆော့ဝဲလ်ကို သုံးပါ။ အထက်က ပြောပြသလို ဘယ်လို လုပ်ကြမလဲဆိုတော့ကား...

စကိုင်းပီကို ဖွင့်ပြီးတော့ Call Tab မှ Share Screen ဆိုတာကို နှိပ်ပြီး တဘက်လူရဲ့ လက်ခံမှု့ကို ရယူပါ။

မြန်မာလို ပေါ်စေရန်အတွက်..ပုံများနှင့်လည်း ရှင်းပြထားပါတယ်။
Tools > Options > IM & SMS > IM Appearance > Change Font ကိုနှိပ်ပြီး ဇော်ဂျီဝမ်းကို ချိန်းလိုက်ပါ။ ဂျီတော့မှာ ကျူသလိုမျိုး စိတ်ချမ်းသာ လက်ချမ်းသာ ကျူနိုင်ပါပြီ။



စကိုင်းပီကို ငွေထည့်ပြီး အပြည်ပြည်ဆိုင်ရာ ဖုန်းများကိုလည်း ခေါ်ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဈေးကတော့ နည်းနည်း ကြီးတယ်လို့ ကျနော့်အမြင်အရ ပြောချင်ပါတယ်။ ကျနော်ကတော့ မသုံးပါဘူး။
အဆင်ပြေကြပါစေ။