ဝင်းဒိုး ၇ သာတင်လိုက်.. Drivers တွေ အကုန်စုံပြီးသားတဲ့။ မဟုတ်ဘူးလို့တော့ မငြင်းပါဘူး။ ဒါပေမဲ့ တချို့စက်တွေမှာ မထင်မှတ်ဘဲ ကွိုင်တာတွေ ခဏခဏ ကြုံဘူးပါတယ်။ HDMI နဲ့ ချိတ်ဆက်လို့ မရတာတွေ။ Songs Driver ကြီးရှိနေပါလျှက် အသံမထွက်တာတွေ..စသည်ဖြင့်ပေါ့။
ကျနော် အခုစက်ကို အဖြေရှာနေတာ သုံးရက်လောက် ကြာသွားပါတယ်။ အင်တာနက်မှာ ရှိတဲ့ ဆရာ့ဆရာကြီးတွေကိုလည်း မေးကြည့်တယ်။ အဖြေလုံးဝ မပေးတာတွေလည်း ရှိသလို အဖြေပေးထားတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ပေးထားတဲ့ အဖြေနဲ့က တလွဲစီချည်းပဲ ဖြစ်လို့နေတယ်။ ပြဿနာက ဒီလိုပါ။ ကွန်ပြူတာမှာ ရှိတဲ့ ဗွီဇက်အိုကိုပဲ ဖွင့်ဖွင့်၊ စကိုင်းပီကိုပဲ ဖွင့်ဖွင့် ကျနော့်ပုံက ဇောက်ထိုးကြီးပေါ်နေတယ်။ တဖက်က ချစ်သူနဲ့ စကားပြောတော့မယ်ဆိုရင် ကျနော့်ကွန်ပြူတာကို ကျွမ်းထိုး မှောက်ခုံထားရဖို့ပဲ ရှိတယ်။
အဲဒီ ဇောက်ထိုး ပေါ်နေတဲ့ ပုံအတွက် တော်တော်လေးကို စိတ်ညစ်ခဲ့ရတယ်။ နောက်ဆုံးတော့... ရှာရင်း ဖွေရင်းနဲ့ အဆင်ပြေသွားပါတယ်။ အင်တာနက်မှာ ကျနော့်လို ပြဿနာကြုံလို့ မေးထားတဲ့ လူ နှစ်ယောက်၊ သုံးယောက်လောက်တော့ တွေ့ဖူးပါတယ်။ သူတို့ မေးထားတာတွေလည်း ဘာသာပြန်ကြည့်လိုက်တော့ ကင်မရာမှာ ပြောင်းပြန်ဇောက်ထိုးပေါ်နေတာပါပဲ။ အဲဒါကို ဘယ်လို ရှင်းလိုက်ရတယ်ဆိုတာကို ဖော်ပြရသော်...
ပထမဦးစွာ..My Computer> Right Click> Manage> Device Manager> Imaging Device အောက်က မြှားကလေးကို နှိပ်ပါ။ ခင်ဗျားရဲ့ ကင်မရာကို တွေ့ရပါမယ်။ ထို့နောက်.. အောက်ပါ ပုံများအတိုင်း လုပ်ကြည့်ပါ။
ကျနော် အခုစက်ကို အဖြေရှာနေတာ သုံးရက်လောက် ကြာသွားပါတယ်။ အင်တာနက်မှာ ရှိတဲ့ ဆရာ့ဆရာကြီးတွေကိုလည်း မေးကြည့်တယ်။ အဖြေလုံးဝ မပေးတာတွေလည်း ရှိသလို အဖြေပေးထားတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ပေးထားတဲ့ အဖြေနဲ့က တလွဲစီချည်းပဲ ဖြစ်လို့နေတယ်။ ပြဿနာက ဒီလိုပါ။ ကွန်ပြူတာမှာ ရှိတဲ့ ဗွီဇက်အိုကိုပဲ ဖွင့်ဖွင့်၊ စကိုင်းပီကိုပဲ ဖွင့်ဖွင့် ကျနော့်ပုံက ဇောက်ထိုးကြီးပေါ်နေတယ်။ တဖက်က ချစ်သူနဲ့ စကားပြောတော့မယ်ဆိုရင် ကျနော့်ကွန်ပြူတာကို ကျွမ်းထိုး မှောက်ခုံထားရဖို့ပဲ ရှိတယ်။
အဲဒီ ဇောက်ထိုး ပေါ်နေတဲ့ ပုံအတွက် တော်တော်လေးကို စိတ်ညစ်ခဲ့ရတယ်။ နောက်ဆုံးတော့... ရှာရင်း ဖွေရင်းနဲ့ အဆင်ပြေသွားပါတယ်။ အင်တာနက်မှာ ကျနော့်လို ပြဿနာကြုံလို့ မေးထားတဲ့ လူ နှစ်ယောက်၊ သုံးယောက်လောက်တော့ တွေ့ဖူးပါတယ်။ သူတို့ မေးထားတာတွေလည်း ဘာသာပြန်ကြည့်လိုက်တော့ ကင်မရာမှာ ပြောင်းပြန်ဇောက်ထိုးပေါ်နေတာပါပဲ။ အဲဒါကို ဘယ်လို ရှင်းလိုက်ရတယ်ဆိုတာကို ဖော်ပြရသော်...
လက်ရှိသုံးနေတဲ့ ကွန်ပြူတာ Product Support Site မှာ ရှာကြည့်ပါက ပုံထဲကလို မိမိလိုချင်တဲ့ PID Number ကို တိုက်ကြည့်ပြီး အဲဒါကို တစ်နေရာမှာ ဒေါင်းထားပါ။
ပြီးလျှင် အောက်က ပုံအတိုင်း သင့်ကွန်ပြူတာရဲ့ Web Cam Driver ကို Update လုပ်ပါ။
အောက်ကပုံအတိုင်း အစောက ဒေါင်းထားတာကို ရှာပြီး Update လုပ်ပေးပါ။ ဇောက်ထိုးဖြစ်နေတဲ့ သင့်ကင်မရာ အတည့်အတိုင်း မြင်ရပါလိမ့်မယ်။ ရီစတတ်တောင်းပါလိမ့်မယ်။ ရီပြီး စတတ်လိုက်ပါ။
ကျနော့်လို ကင်မရာ ဇောက်ထိုးဖြစ်နေသူများအတွက် ရည်ရွယ်ပါတယ်။