Benner

Monday 12 November 2012

Team Viewer အား အသုံးပြုခြင်း



Team Viewer ဆိုသည်မှာ ကွန်ပြူတာ နှစ်လုံးကို ချိတ်ဆက်ပြီး ထိန်းချုပ်ရာနေရာမှာ သုံးလေ့ရှိပါတယ်။ အဲဒီလို သုံးရန်အတွက် ဆိုင်ရာကွန်ပြူတာ နှစ်လုံးစလုံးမှာ အဲဒီဆော့ဝဲလ် ရှိနေဖို့ လိုအပ်ပါတယ်။ ဥပမာ ကျနော်က လူကြီးမင်းရဲ့ ကွန်ပြူတာကို ထိန်းချုပ်မယ် ဆိုပါစို့။ အဲဒါဆိုလျှင် ကွန်ပြူတာ နှစ်ခုစလုံးမှာ ၄င်းဆော့ဝဲလ်ကို ဖွင့်ထားရပါမယ်။ သင်ဖွင့်ပြီးလျှင် သင့်ရဲ့ ID and Passwords ကို ကျနော့်ကို ပေးရပါမယ်။ အဲဒါမှ သင့်ကွန်ပြူတာကို ကျနော် ထိန်းချုပ်ခွင့်ရပါတယ်။ ထိုသို့ ပြုမူလုပ်ဆောင်ရန်အတွက် အင်တာနက်လိုင်းကလည်း အသင့်အတင့် ကောင်းနေဖို့ လိုအပ်ပါတယ်။ ဒီတစ်ခါ သင့်ကွန်ပြူတာမှာ အဲဒီဆော့ဝဲလ်ကို ထည့်ပြီးပြီ ဆိုလျှင်ပဲ နောက်ထပ် ဘယ်တော့မှ သင့်ရဲ့ အိုင်ဒီ နံပါတ်ဟာ မပြောင်းလဲတော့ပါဘူး။ ဒါပေမဲ့ သင့်ရဲ့ ပတ်စဝပ်ကတော့ တစ်ခါဖွင့်လျှင် တစ်ခါ ပြောင်းနေပါလိမ့်မယ်။ ဒါဟာ လုံခြုံရေးအတွက် ဆော့ဝဲလ် ဖန်တီးသူများရဲ့ ပြုလုပ်ချက်တစ်ခုပေါ့။ အဲသလိုမှ မဟုတ်လျှင်လည်း ဝင်ချင်တိုင်းဝင်ပြီး လုပ်ချင်ရာကို လုပ်နေတော့မှာပေါ့။

ဒါကြောင့် သင့်ကွန်ပြူတာကို ထိန်းချုပ်ဖို့အတွက် သင့်ရဲ့ခွင့်ပြုချက်အနေနဲ့ သင်ပေးတဲ့ ပတ်စဝပ်ကို ရိုက်ပါမှ တဖက်လူမှ ကြိုးကိုင်လို့ ရပါမယ်။ နောက်တစ်ခု ပြောလိုတာက သင့်အနေနဲ့ ယုံကြည်စိတ်ချပါမှ အဲဒီ အိုင်ဒီနဲ့ ပတ်စဝပ်ကို တဖက်လူကို ပေးပါ။ ဘာကြောင့်လဲဆိုလျှင် တဖက်လူက သင့်ကွန်ပြူတာကို ထိန်းချုပ်ခွင့် ရသွားပြီဆိုတာနဲ့ သူ့သဘောရှိ ဖွင့်ချင်ရာဖိုင်နဲ့ လုပ်ချင်ရာကို လုပ်ခွင့်ရသွားလို့ပါပဲ။ ကျနော့်အနေနဲ့ အဲဒီဆော့ဝဲလ်ကို သုံးပြီး စင်္ကာပူ၊ ထိုင်း၊ မလေး၊ ဘာရိန်း၊ ဥရောပ နိုင်ငံတချို့ နှင့် မြန်မာပြည်တနံတလျား ရောက်ဖူးပါတယ်။ (ကြုံတုန်း ကြွားလိုက်ရတာ)။
အဲဒီဆော့ဝဲလ်ကို လိုချင်လျှင် ဒီနေရာမှာ နှိပ်ပြီး ဒေါင်းလုပ် ရယူနိုင်ပါတယ်။