Benner

Friday 9 August 2013

မိဘဆိုသည်မှာ



- သင့်ဆီက ဘာမှမလိုအပ် သင်လိုအပ်သမျှသာပေးချင်သူများဖြစ်သည် ။
- သင့်ဆီက ဘာမှမတောင်း သင်တောင်းသမျှသာ ပေးချင်သူများဖြစ်သည် ။
- သင့်ဆီကို ဘယ်လို ဆိုးကျိုးမှ မပေး ကောင်းကျိုးများသာ ပေးချင်သူများဖြစ်သည် ။
- သင့်ကို ဘယ်တော့မစွန့်ပစ် သင်စွန့်ပစ်မှသာ မျက်ရည်စက်လက်ကျန်ခဲ့သူများဖြစ်သည် ။
- သင့်ကို ရင်အုပ်မကွာ အမြဲစောင့်ရှောက်သည် သင်ကသာ သူတို့ရင်အုပ်ထဲက စုန်ကန်ထွက်ပြေးသွားသူဖြစ်သည် ။
- သင့်ကို မျက်ရည်မကျစေတတ် သူတို့သာ သားသမီးအတွက်မျက်ရည်ဖြိုင်ဖြိုင်ကျရသူများဖြစ်သည် ။
- သင့်ကို ကောင်းကင်ကြီးပမာ အုပ်မိုးလို့ စမ်းရေပမာ မေတ္တာတရားဖြင့် အေးမြစေတတ်သူများဖြစ်သည် ။
- သင့်ကို ဘယ်တော့မှ မစော်ကား သင်ကသာ တခါတရံ စော်ကားနေခြင်းဖြစ်သည် ။
- သင်ချမ်းသာ ဆင်းရဲ ပညာတတ်ခြင်းမတတ်ခြင်းကို စိတ်မ၀င်စား သူတို့ရင်သွေးအားလုံးကိုတပြေးညီချစ်ခင်တတ်သူများဖြစ်သည် ။

နောက်ဆုံး

သင်စော်ကားသမျှကို အမုန်းမဖက် အပြုံးမပျက်ပဲ သည်းခံခွင့်လွှတ်တတ်သူများမှာလည်း မိဘများပင်ဖြစ်သည် ။

by..,..Myanma Spectrum

No comments: