Benner

Friday 18 October 2013

ဘဝများစွာထဲက အချို့အချို့သော ဘဝလေးများ

သမီးရယ်… ညည်းယောက်ျားလဲ နိုင် ငံခြားကို ငွေရှာသွားလိုက်တာ ငွေမပါဘဲဒုက္ခ ဘဲ ပါလာတယ်

ဟုတ်တယ် အ မေရယ် ရောက်ကတဲ က တ ရှောင်ရှောင် နဲ့ ကျမလဲ ဈေးရောင်း မထွက် နိုင်ဖြစ်နေပြီ

ငါဘဲ ဈေး ရောင်း ထွက်လိုက် ပါ မယ်အေ

အ မေ က အသက်ကြီးနေပြီ ပင် ပန်းမခံ ပါနဲ့ အ မေရယ်

ညည်း က ဘာသိလို့လဲ အသက်ကြီး အိုမင်းနေ တော့ လူတွေ က သနားပြီး
ပိုတောင် ရောင်းကောင်းသေးတယ် အေ့

× × × ×

သမီးရေ ညည်း မလဲ မုဆိုးမ ဖြစ်တာတောင် မလွတ်မလပ် ဗိုက် တလုံး နဲ့ အေ

အ မေရယ် ဒီအထဲ ဈေးရောင်းဖို့ အရင်းတောင် မရှိ တော့တာ ဘယ်လို လုပ် ကြမလဲ

ငတ် မရှက်ပေါ့ အေ ထမင်းဖိုးလေး သနားကြပါ လို့ လျှောက်တောင်းရုံပေါ့

အ မေ ထမင်းဖိုး ရရုံ ဘဲ မလုပ်နဲ့ နော် ကျမ က မွေးခါနီး နေပြီ

အမ လေးတော် ငါက ညည်းထက် လောဘ ရှိပါတယ်အေ့ မွေးဖွားစရိတ် အတွက် မပူပါနဲ့
× × ×

ဟဲ့ သမီး က လေးငယ်လေး နဲ့ ဘယ် တုန်း

က လေးနဲ့ ထွက်တောင်းတော့ က လေး အတွက် အဝတ်ရော အစားရော ငွေရော ပိုရ တော့ ကိုက်တာပေါ့ အ မေရဲ့

ဟေ …ညည်းက ငါ့ထက် မြင် တတ် နေပြီဘဲ … ကောင်းပါ့အေ

× × × ×

သားလေး အဖွား နဲ့ စပါးတွဲ သွားရောင်း ကြမယ် လေ

ညောင်းတယ် အ မေရာ အဖွားက မချီ နိုင်တော့ တလမ်း ပြီး နောက် တလမ်း လျှောက် နိုင် ဘူး ဂျာ

အဖွားတ ယောက်ထဲ ဆို သားပါ သလို အင်္ကျီတွေ မုန့်တွေ မရဘူး လာပါ မြေးလေး ရယ်

ဒါဆို မ နေ့ က ရတဲ့ ဝက်ဝံ အင်္ကျီ လေး ဝတ်သွားမယ်နော်

ဟဲ့ အဲဒါ ဆန် နဲ့ လဲ လိုက်ပြီ နင် က အင်္ကျီ ကောင်း ဝတ်ထားရင် ဘယ်သူ
က အကျီင်္ ပေးတော့ မှာလဲ ငတုံး ရဲ့

× × ×

အ မေ သူများ တွေ ကျောင်း သွား သလို သားလဲ ကျောင်း သွား ချင် တယ်

သားရယ် ကျောင်းက ပိုက်ဆံ မ ပေးရ ဘူး စာအုပ်လဲ ပေးတယ် ဆိုပေမဲ့ သား ဘူးခွံ သွားမ ကောက် ရင် ထမင်း စားဖို့ ပိုက်ဆံ မရ တော့ဘူးပေါ့ မဖြစ် ပါ ဘူး သား ရယ်

× × ×

မငို ပါနဲ့ မြေးလေးရယ် အဖွား ရှိ ပါသေးတယ်

မငိုတော့ ပါဘူး အဖွား ရယ် အ မေ က ရောဂါ ရပြီး ဆေးဖိုး မရှိ လို့ စောစော သေရတာ အဖွား ကို တော့ ကြာကြာ နေ ရ
အောင် သား ဘူးခွံ များများ ကောက်မယ် နော်

× × ×

ဒီနေ့ ကြေးအိုး ဆိုင် က မောင်း မထုတ်ခင် ရလာတာလေး စားလိုက်ပါလား မြေးလေး ရေ

ဖွား ဘဲ စားလိုက်တော့ သားက ဒီမှာ ဒါ
ရှိတယ်

ဟဲ့ အဲဒါ ဘာလဲ မြေး ရဲ့

ကော်ဘူး လေ……

× × ×

………………ဝုန်း………

ဟာ……… အမှိုက်ပုံ မှာ ဗုံး ပေါက် တယ်

ဘူးခွံ ကောက်တဲ့ ကောင်လေး ထိ သွား တာ ပွဲချင်းပြီးဘဲ

ဆင်းရဲတွင်း က လွတ်သွား ပြီ ပေါ့

× × ×

စတိုးဆိုင် နား မှာ တောင်းနေကျ အဖွားကြီး မ တွေ့ ပါလား

မလှုပ်လို့ ကြည့်လိုက်တော့ အသက် မရှိတော့ဘူးလေ

သူ့ မြေးလေး ဗုံးထိ မှန်း သိမသွားတာ ကံကောင်း သလိုဘဲ

ဒုက္ခတွေ ပြီးဆုံး သွားပြီ ပေါ့

× × ×

စာဖတ်သူ မိတ်ဆွေများက ရော လွတ်မြောက် ပြီးဆုံး သွားပြီ ထင် ပါ သလား
မေစိုး
Ref; https://www.facebook.com/khinsoe.kyi.9/posts/246727252144831

No comments: