Benner

Thursday 9 January 2014

ဘိုင်ယန်မြူးနစ် အသင်း၏ မြို့တော်၏ တစိတ် တဒေသ

         

မြူးနစ်မြို့သည် ဂျာမဏီနိုင်ငံ ဘာဗေးရီးယားပြည်နယ်၏ မြို့တော်ဖြစ်ပါတယ်။ ဒေသခံများအနေဖြင့် (München) မြူံခြံ (တိတိကျကျမဟုတ်) ဟု ခေါ်ဆို သုံးနှုံးကြပါတယ်။ ဘာဗေးရီးယန်း အဲလ်ပ်တောင်တန်း၏ မြောက်ဖက် အီဆာမြစ်ကမ်းပေါ်တွင် တည်ရှိပြီး ဘာလင်မြို့နှင့် ဟမ်းဘတ် မြို့တို့ ပြီးလျှင် ဂျာမဏီ၏ တတိယမြောက် အကြီးဆုံးမြို့ဖြစ်သည်။ လူဦးရေအားဖြင့် ၁.၃၈သန်းခန့် နေထိုင်ပြီး ဘာဗေးရီးယန်း ပြည်နယ်၏ လူနေအထူထပ်ဆုံးနှင့် မြို့တော်လည်း ဖြစ်ပါတယ်။
München ဟူသော အဓိပ္ပါယ်မှာ "ဘုန်းကြီးများကြောင့် ဖြစ်ပေါ်လာသောနေရာ" ဟု အဓိပ္ပါယ် ရပါတယ်။ မြူးနစ်မြို့သည် ၁၉၇၂ခုနှစ်တွင် နွေရာသီ အိုလံပစ်အတွက် အိမ်ရှင်မြို့ ဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဆောင်းရာသီ အိုလံပစ်အတွက် အိမ်ရှင်အဖြစ် ပဏာမ ရွေးချယ်ထားသော စာရင်းတွင်ပါဝင်သည်။
          မြူးနစ်မြို့ကို ၁၁၅၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၁၅၀၆ ခုနှစ်တွင် Bavarian ပြည်နယ်၏ မြို့တော်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ မြူးနစ်မြို့ဟာ အပြည်ပြည်ဆိုင်ရာ အချုပ်အခြာအာဏာများ တည်ရှိရာ၊ တက္ကသိုလ်များ၊ ပြတိုက်၊ ကဇာတ်ရုံများ၊ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲများ တည်ရှိရာ ပင်မ အိမ်ကြီးသဖွယ် တည်ရှိနေပါတယ်။ Oktoberfest (အောက်တိုဘာဖက်စ်) ခေါ် ဘီယာပွဲတော်ဟာ နိုင်ငံခြားသားများကို ဆွဲဆောင်ရာမှာ အဓိက အခန်းဏ္ဍမှ ပါဝင်ပါတယ်။ မြူးနစ်မြို့ရဲ့ အဓိက ဆောင်ပုဒ်ကတော့ " München mag dich " မြူးနစ်မြို့က သင့်ကို ချစ်ပါတယ် ဆိုတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။ သို့သော် ၂၀၀၆ ခုနှစ် မတိုင်မီက ဆောင်ပုဒ်ကတော့ " Weltstadt mit Herz " နှလုံးသားနဲ့ မြို့တော်လို့ အဓိပ္ပါယ်ရပါတယ်။

မြို့တော်ဝန်.. Christian Ude (SPD ပါတီမှ)
လူဦးရေ.. 1,388,308 (၃၁.၁၂.၂၀၁၂ စစ်တမ်းအရ)
မြို့ဧရိယာ.. 310.43 ကီလိုမီတာ (119.86 စတုရန်းမိုင်)
Postal Codes 80331–81929
ရန်ကုန်၊ မန္တလေး၊ မုံရွာတို့ကဲ့သို့ မြို့ဧရိယာ တယ်လီဖုန်းလိုင်း ကုဒ်အနေဖြင့်ကတော့ ၀၈၉ ပဲ ဖြစ်ပါတယ်။
ပိုမို သိရှိလေ့လာလိုပါက http://en.wikipedia.org/wiki/Munich
သစ်ယာအိုက်

No comments: