Benner

Monday 9 July 2012

Virus Alarm


အင်တာနက်ချိတ်ဆက်မရအောင် တိုက်ခိုက်မယ့်ဗိုင်းရပ်စ် သတိပေးချက်ထုတ်ပြန်မနှစ်ကကွန်ပျူတာတွေကို တိုက်ခိုက်ခဲ့ပြီးတော့ ကမ္ဘာတ၀ှမ်း ပျံ့နှံ့ခဲ့တဲ့ GLOBAL VIRUS တမျိုးကို ကွန်ပျူတာ ပိုင်ရှင်တွေ အနေနဲ့ ချက်ချင်းလက်ငင်း စစ်ဆေးမှုတွေ မလုပ်ဘူးဆိုရင် ဒီနေ့ တနင်္လာနေ့ ကွန်ပျူတာ ဖွင့်တဲ့အခါ ထောင်နဲ့ချီတဲ့ ကွန်ပျူတာ သုံးသူတွေ အံ့အားသင့်စရာ တွေ့ကြရမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

အရှေ့ဥရောပက ကွန်ပျူတာစနစ် ဖျက်ဆီးတဲ့ ဟက်ကာတွေက ကွန်ပျူတာ သုံးသူတွေ အင်တာနက် မသုံးနိုင်အောင် အဲဒီဗိုင်းရပ်စ်ကို တီထွင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ်ကြောင့် ထိခိုက်မှုရှိနိုင်တဲ့ ကွန်ပျူတာ သုံးစွဲသူတွေကို FACEBOOK လူမှုကွန်ယက်နဲ့ GOOGLE တို့က သတိပေးထားပါတယ်။ ကွန်ပျူတာတွေကို ထိုးဖောက်ဖျက်ဆီးသူ ဟက်ကာတွေက မနှစ်က ကွန်ပျူတာ သုံးစွဲသူ ခြောက်သိန်းနီးပါးကို အွန်လိုင်းကြော်ငြာ တွေ သုံးပြီးတော့ သုံးစွဲသူတွေရဲ့ သတင်းအချက်အလက်တွေကို ရယူ ထိန်းချုပ်ခဲ့ပါတယ်။အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဋ္ဌာနFBI ရဲ့ယာယီပြင်ဆင်မှုကို တနင်္လာနေ့ UTC စံတော်ချိန် ၀၄း၀၁ အချိန်မှာ ပိတ်လိုက်ပြီဖြစ်ပါတယ်။ ကွန်ပျူတာ သုံးသူတွေအနေနဲ့ သူတို့ ကွန်ပျူတာတွေ တိုက်ခိုက်ခံရမှု ရှိမရှိ ဘယ်လို ပြန်ပြီးတော့ ပြင်ရမယ် ဆိုတာကို FBI ရဲ့ဝက်စာမျက်နှာ WWW.DCWG.ORG မှာ ရှာဖွေ ကြည့်ရှုနိုင်ပါတယ်။
REF: WWW.VOANEWS.COM/BURMESE/NEWS/COMPUTER_VIRUS_07-08-12-161738845.HTML

No comments: