Benner

Monday 2 July 2012

အတုယူစရာလေးတွေ

                အောက်ပါပုံများကို အသေးစိတ်ကြည့်လိုက်ပါ။ ကျနော်တို့ နိုင်ငံနဲ့ သူတို့ရဲ့ ပြုမူနေထိုင်ကြတာလေးတွေကို ထူးထူးခြားခြား တွေ့ရပါလိမ့်မယ်။ ကျနော်တို့ နိုင်ငံမှာဆိုရင် ကလေးတွေ မဆော့ရဲအောင်၊ လူထူထူရှိရင် မရှုပ်အောင် မာန်မဲ ထားတတ်လေ့ရှိပါတယ်။ အခုတွေ့ရတဲ့ နေရာမှာတော့ သူတို့တွေဟာ ကလေးတွေကို လူကြီးတွေထက် အလေးထားပြီး ဆက်ဆံတာကို တွေ့ရပါတယ်။ ကျနော်တို့ဆီက ဆော့တဲ့ ကလေးကို လူကြီးများက ဆဲဆို ရိုက်နှိပ်လေ့ ရှိပေမဲ့ ဒီဒေသမှာတော့ ကလေးတွေကို ဆော့နိုင်သမျှ ကဲနိုင်သလောက် ကဲလို့ရအောင် ပွဲတောင် လုပ်ပေးလိုက်သေးတယ်။ ကလေးများအတွက် သီးသန့်ပွဲပေါ့။ ဥာဏ်ရည်မြင့်မားအောင် အတွက် အဖြေကို ကိုယ့်ဘာသာ ရှာအောင်၊
အရုပ်ကလေးတွေကို ဆက်စပ် ပေါင်းစည်းစေတာတို့၊ စိတ်လွတ်ကိုယ်လွတ် ဆော့ကစားနိုင်အောင်ကို စီစဉ်ပေးတာပါ။ ဆော့လို့ မောသွားပြီလား၊ ထပ်ဆော့ဖို့အတွက် ဒီမှာ ဒီဟာကို ကြိုက်သလောက် ယူစား၊ ကြိုက်သလောက်သောက် စီစဉ်ပေးထားတာပါ။ ဘယ်နေရာမှာမဆို မိသားစု အိမ်များရဲ့ အနီးမှာ ကလေး ကစားကွင်းများ ထားလေ့ရှိပါတယ်။ အောက်ပါပုံများကတော့ ကလေးများနေ့မှာ ရိုက်ယူထားတာပါ။ ကလေးတွေကို ပန်းချီပုံတွေ ဆွဲခိုင်းတယ်။ ဆွဲခိုင်းတယ် ဆိုတာထက် မဆွဲ ဆွဲချင်အောင် လုပ်ပေးထားတယ်။ ကလေးဆိုတာကလည်း သိတဲ့အတိုင်း လက်ကမြင်းတော့ ဆွဲကြတယ်။ နောက်ပြီး သူတို့လေးတွေရဲ့ မျက်နှာပေါ်ကိုလည်း ပန်းချီအလှပုံလေးတွေ ဆွဲပေးတယ်။ သူတို့ဘာသာ ရွေးခြယ်ပြီး ဒီပုံကို ဆွဲချင်တယ်လို့ တောင်းဆိုလာတာတွေကို ဆွဲပေးတယ်။ ကလေးများအတွက် မျက်လှည့်ပွဲကလည်း ပါလိုက်သေးတယ်။ မျက်လှည့်ပွဲဆိုတာကလည်း ပဟေဠိတွေကို ဖြေခိုင်းတာက များပါတယ်။ ဖြေနိုင်သူကို ပူစီဖောင်းနဲ့ ဘုရင်ဆု၊ အိမ်ရှေ့မင်းသားဆု၊ သူရဲကောင်းဓားတို့၊  နတ်သမီး သရဖူတို့ ပေးပါတယ်။ တော်တော်လေးကို ကလေးများအတွက် အချိန်ယူပြီး သူတို့ ပြုစု ပြိုးထောင်ကြတာပါ။ အကယ်၍သာ ကျနော်တို့ နိုင်ငံမှာလည်း ဒီလိုလေးတွေ လုပ်ပေကြမယ်ဆိုလျှင်ဖြင့်...
















No comments: