Benner

Friday 13 July 2012

Registry Error

ပြီးခဲ့တဲ့ အပတ်က သူငယ်ချင်းတစ်ယောက်ရဲ့ စက်တစ်လုံးမှာ ကြုံတွေ့ခဲ့ရတဲ့ ထူးထူးခြားခြား ပြဿနာပါ။ ဘယ်လိုမှ အဖြေရှာလို့ မရခဲ့ဘူး။ ဘယ်လိုဖြစ်တာလဲ ဆိုတော့... ဘယ်ဆော့ဝဲကိုပဲ ဖွင့်ဖွင့် Internet Explore ပဲ ပွင့်ပွင့်နေတယ်။ ဘယ် Application ကိုမှ ဖွင့်လို့ မရခဲ့ဘူး။ တွေးမိတာကတော့ ထုံးစံအတိုင်း ဗိုင်းရပ်ကြောင့်ပေါ့။ Computer Forums တော်တော်များများကို ဒီပြဿနာအတွက် မေးမြန်းခဲ့ပေမဲ့ အဖြေတွေက တလွဲတွေချည်းပါပဲ။ ကျနော် မေးတာနဲ့ သူတို့ နားလည် သဘောပေါက်တာနဲ့ ကွဲလွဲနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါနဲ့ နောက်ဆုံးမှာ http://www.bleepingcomputer.com Forum က ကျနော်ပြဿနာအတွက် ဖြေရှင်းပေးခဲ့ပါတယ်။
ဖိုင်လေး နှစ်ဖိုင်ကို ဒေါင်းလုပ် လုပ်ပြီး အဲဒီဖိုင်တွေကို Run ပေးလိုက်ရတာပါ။ ဒီဖိုင်လေးနှစ်ဖိုင်က ကျနော်တို့ရဲ့ ကွန်ပြူတာရဲ့ ရီဂျစ်စတီမှာ မှားနေတာတွေကို မူရင်း ဝင်းဒိုး တင်ထားခါစ အတိုင်း ဖြစ်အောင် ပြန်လည် ပြုပြင်ပေးသွားတာပါ။ နောက်ဆုံးတော့ အဆင်ပြေသွားပါတယ်။ ဝင်းဒိုးတင်ခါစအတိုင်း ဖြစ်အောင် ပြန်လုပ်ပေးသွားတယ်ဆိုလို့ စက်ထဲမှာ ရှိပြီးသား ဆော့ဝဲတွေကို ဖျက်ပစ်သွားတာလဲ မဟုတ်ပါဘူး။ ပြောလိုသည်က System Restore  လုပ်သလိုမျိုး လုပ်တာ မဟုတ်ပါဘူး။ ပျောက်ဆုံးနေတဲ့ ဖိုင်ကို အစားထိုးထည့်ပေးသွားတာကို ပြောတာပါ။ ဒီပြဿနာရဲ့ ဒီလို ဖြစ်ရခြင်းဟာ ဗိုင်းရပ်ကြောင့် မဟုတ်ဘူးလို့တော့ မပြောလိုပါဘူး။ ဗိုင်းရပ်က ရီဂျစ်စတီထဲမှာ ရှိနေတဲ့ အဓိက ကျတဲ့ ဖိုင်ကို ဖျက်ဆီးသွားလို့ အဲဒီလိုပဲ ဖြစ်တာ ဖြစ်ပါလိမ့်မယ်။ ရီဂျစ်စတီကို Repair လုပ်ပေးတဲ့ ဆော့ဝဲလ်တွေနဲ့ စကင်ဖတ်၊ Fix ဖြစ်အောင် လုပ်ကြည့်တယ်၊ အန်တီ ဗိုင်းရပ်တွေ တစ်ခုပြီး တစ်ခု တင်ပြီး စကင်ဖတ်ကြည့်တယ်။ အဆင်လုံးဝ မပြေပါဘူး။ နောက်ဆုံးမှ အဲဒီဖိုင်လေးနှစ်ခုကို ရမ်းပေးလိုက်ပြီး စက်ကို ရီစတတ်ချပေးလိုက်တော့ အိုင်ကွန်တွေ၊ အပလီကေးရှင်းတွေ အားလုံးဟာ သူ့ဆိုင်ရာ ဆိုင်ရာတွေနဲ့ ဖြစ်လာပါတော့တယ်။
လိုအပ်ပါက အဲဒီဖိုင်လေးတွေကို ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

No comments: