Benner

Monday 23 July 2012

Computer Problems များ ဖြေရှင်းနည်းများ (မြန်မာလို)

အခုအချိန်ကစပြီး ဘယ်သူ့ကိုမှ မေးနေစရာ မလိုတော့ပါဘူး။ ဘာပဲ ဖြစ်လာ ဖြစ်လာ ကိုယ့်ဘာသာ ဖြေရှင်းနိုင်ပြီလို့ ယူဆလိုက်ပါတော့။ ဝင်းဒိုး အိပ်စပီမှ ဝင်းဒိုး ဆဲဗင်း အထိ ရေးထားပါတယ်။ ကိုယ့်ဘာသာ စာအုပ်ကို ကြည့်ပြီး ဖြစ်လေ့ရှိတဲ့ ပြဿနာကို မိမိဘာသာ ဖြေရှင်းနိုင်ပါပြီ။ စာအုပ်ရဲ့ ခေါင်းစဉ်နဲ့အတူပါတဲ့ အကြောင်းအရာလောက် ကြည့်လိုက်တာနဲ့.... ဟာ ငါ့ကွန်ပြူတာမှာ ဖြစ်နေတဲ့ ဟာတောင် ရေးထားပါလားလို့ အံသြတကြီး ဖြစ်ပါလိမ့်မယ်။ ကိုယ့်ဘာသာ ကွန်ပြူတာ ပြဿနာတွေကို ရှင်းရှင်းလင်းလင်းနဲ့ သိပြီး ဖြေရှင်းနိုင်ရန်အတွက် ဒီစာအုပ်ဟာ အထောက်အကူ ပြုပါလိမ့်မယ်။ ၁၆၀၀၀ ကွန်ပြူတာ ပြဿနာများလို့ ရေးထားပါတယ်။ အထူးသဖြင့် ကွန်ပြူတာတွေကို ပြုပြင်၊ ဖြုတ်တပ်၊ လဲလှယ် အစားထိုးပြီး ရောင်းဝယ် ဖြတ်စား လုပ်တော့မယ့် ကျနော့်အစ်ကိုကြီး ကိုဂျက်ဖရီအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်။ ကွန်ပြူတာ ရှိသူတိုင်း ဖတ်ရှု့ လေ့လာသင့်တဲ့ စာအုပ်လို့ ပြောလို့ ရပါတယ်။ ဖတ်ပြီးလို့ သဘောကျတယ်ဆိုရင် ကျေးဇူးတင်ပါတယ်လို့ မပြောပါနဲ့၊ ကိုယ့်လို မသိသေးတဲ့လူကို ပေးဖတ်မျှဝေပြီး ကုသိုလ် ယူနိုင်ကြပါစေဗျာ။
စာအုပ်ကို ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

No comments: