Benner

Saturday 7 July 2012

Cookies and Temporary Files ဆိုတာ ဘာပါလိမ့်!!!

Cookies, Temporary files, 

Cookies ဆိုတာ ဘာလဲ!!!
Cookies ဆိုတာဟာ ကွန်ပြူတာထဲမှာ အလုပ် လုပ်နေတဲ့ Application Files အမျိုးအစားတစ်ခုတော့ မဟုတ်ပါဘူး။ ကွန်ပြူတာထဲမှာ ရှိတဲ့ Internet Browser များက ဖွင့်ခဲ့သော စားသားအချို့၊ ဆိုဒ်အချို့ရဲ့ လိပ်စာ အကြောင်းအရာများကို သင့်ကို နောက်တစ်ကြိမ်ပြန်ဖွင့်လျှင် အော်တိုသိအောင် အော်တို ဆေ့ထားတဲ့ ဖိုင်အမျိုးအစား အငယ်စားများကို ခေါ်ပါတယ်။ ဥပမာ သင်က သင်စိတ်ဝင်စားသော ဆိုဒ်တစ်ခုကို ဖွင့်ဖတ်ပြီး ပြန်ပိတ်လိုက်တယ်။ ၄င်းဆိုဒ်ကို နောက်တစ်ကြိမ်ပြန်ဖွင့်လျှင် လွယ်ကူ ချောမွေ့စွာဖြင့် မြန်မြန်ဆန်ဆန် ဖွင့်လို့ရအောင်၊ မှတ်မိအောင် ပြုလုပ်ပေးတဲ့ အလုပ်ကို လုပ်ပါတယ်။ သို့သော် သင့်စက်မှာ ကွတ်ကီးတွေ များနေလျှင်လည်း သင်အင်တာနက်ကို အမှန်အကန် လေးစေပါတယ်။ အင်တာနက် ဆိုဒ်များက မိမိတို့ဆိုဒ်ကို ဒီလူ လာလည်သွားတယ်ဆိုတာကို ခြေရာခံတဲ့ လမ်းစ၊ သဲလွန်စ တစ်ခုလို့လည်း ပြောလို့ရပါတယ်။ ဘယ်လို ဖျက်ထုတ်မလဲ ဆိုတာကို အောက်ပါ ပုံများကို ကြည့်ပါ။
မော်ဇီလာ တွင် ဖျက်ရန်

Googel Chrome တွင် ဖျက်ရန်

http://answers.yahoo.com/question/index?qid=20061017110002AAjAn6L

Temporary Files
Temporary File ဆိုတာကတော့ သင့်စက်ထဲမှာ ရှိတဲ့ ဆော့ဝဲလ် တစ်ခုခုဟာ တစ်ခုခုသော ရည်ရွယ်ချက်နဲ့ ဖန်တီးလိုက်တဲ့ ဖိုင် အမျိုးအစားပါ။ ၄င်း ဆော့ဝဲလ် ဟာ လိုအပ်ချက် တစ်ခုခုကြောင့် ဖန်တီးလိုက်ရပါတယ်။ ၄င်းဆော့ဝဲလ်ကို အသုံးပြုပြီး ပိတ်လိုက်စဉ်ခဏ နောက်ကွယ်မှာ သင့်ကွန်ပြူတာထဲမှာ ထိုဖိုင်လေးဟာ ကျန်ရစ်ခဲ့ပါတယ်။ အဲဒီဖိုင်ကို ကျနော်တို့က Temporary File လို့ ခေါ်ပါတယ်။ Temporary Files များဟာ သင့်စက်ထဲမှာ ဖိုင်ဆိုဒ် ကြီးကြီးမားမားနဲ့ ရှိနေတတ်ပါတယ်။ ကွန်ပြူတာ လေးရတဲ့ အကြောင်းရင်းများထဲမှာ ၄င်းဖိုင်များကြောင့်လည်း ပါ...ပါတယ်။ အမည်အားဖြင့်  a .TMP or .TEMP ဆိုပြီး ဖိုင် အိပ်စတန်းရှင်းနဲ့ ရပ်တည်နေပါတယ်။ ထိုဖိုင်များကို ဖျက်လိုပါက %temp% ဆိုပြီး Run Box မှ ရိုက်ထည့်ပါ။ 
C:\Users\Username~1\AppData\Local\Temp ဆိုတဲ့ နေရာမှာ ရှိနေပါလိမ့်မယ်။ အားလုံးကိုတော့ သင်ဖျက်လို့ ရမည် မဟုတ်ပါ။ အချို့ အချို့သော ဖိုင်တွေဟာ သင့်ကွန်ပြူတာမှာ လက်ရှိအချိန်၊ သင်ဖျက်ချိန်မှာ အလုပ်....လုပ်နေလို့ပါပဲ။
Other terms relating to 'temp':
CACHE = Store for temporary computer files
HIP = Cool, stylish, contemporary
PHAT = Pretty Hot And Tempting
TDY = Temporarily Deployed for a Year
UHT = Ultra High Temperature

Other terms relating to 'temporary':
CACHE = Store for temporary computer files
HIP = Cool, stylish, contemporary
Ref: http://www.pcmag.com/encyclopedia_term/0,1237,t=temporary+file&i=52738,00.asp

No comments: