Benner

Friday 11 January 2013

IDM 6.14 Latest


 IDM ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။ အသုံးပြု မကျွမ်းကျင်သေးသူ အနည်းငယ်သော လူအချို့ရဲ့ ကြုံတွေ့ရတဲ့ ပြဿနာပါ။ သိပြီးသူများ အောက်က အကြောင်းအရာကို ဆက်ဖတ်စရာ မလိုပါဘူးဗျာ။ ကျနော်တို့ အခု သုံးနေကြတဲ့ ဆော့ဝဲလ်တိုင်းလိုလိုက အမှန်အားဖြင့် ငွေပေးပြီး ဝယ်သုံးရလေ့ရှိပါတယ်။ ဒါကို ကျနော်တို့က ငွေမပေးချင်တာနဲ့ ခိုးပြီး သုံးနေကြတာပါ။ Patch ဖိုင်ကို ဖြည်ပြီး
ရမ်းလိုက်တယ်ဆိုလျှင် ၄င်းဆော့ဝဲလ်ဟာ ဖူးဗားရှင်း သဘောမျိုး ဖြစ်သွားပါတယ်။ ဖူးဗားရှင်းဖြစ်သွားတော့ ငွေပေးသုံးတဲ့ လူလိုမျိုး ကိုယ်လည်း သုံးခွင့်ရပြီပေါ့။ ဒါပေမဲ့ တစ်ခုရှိတာက အဲဒီလို ခိုးသုံးတဲ့ ဟာကို သွားပြီးတော့ Update မလုပ်ပါနဲ့။ လုပ်လိုက်လျှင် မိမိသုံးနေတာဟာ Fake Serial Key ကို သုံးထားတာကို သိသွားပြီး ဆက်လက် အသုံးပြုခွင့်မပေးတော့ပါဘူး။ အထူးသဖြင့် IDM မှာ ပေါ်လာလေ့ရှိပါတယ်။ IDM Version အသစ်ပေါ်နေပြီ..အပ်ဒိပ်လုပ်မလားဆိုပြီး မေးလာပါတယ်။ အဲဒီမှာ Yes or Ok တစ်ခုခုကို နှိပ်လိုက်တာနဲ့ သင်သုံးနေတာဟာ အတုဆိုတာကို သိသွားပြီ။ သေချာတာက ဘာကိုမှ ဒေါင်းလို့ ရမှာ မဟုတ်တော့ပါဘူး။ သူ့ကို မသုံးဘဲ ပုံမှန်အတိုင်း ဒေါင်းချင်တယ်ဆိုရင် သူ့ကို Uninstall လုပ်ရပါမယ်။

No comments: