Benner

Wednesday 16 January 2013

အမွေးများ၏ ရာဇဝင် သမိုင်း




ဟိုးရှေးရှေး တုန်းက....ယောကျာ်း တွေကော....မိန်းမတွေကောဟာ...
နှုတ်ခမ်းမွေး ပေါက်ကြတယ်တဲ့...ခုခေတ်လို မဟုတ်ဖူးပေါ့လေ...
အဲ တစ်နေ့ မှာ...သိကြားမင်းကြီးဟာ....လူ့ ပြည်ကို နတ်မျက်စိနဲ့ လှမ်းကြည့်
လိုက်တယ်တဲ့....။ အဲ့ဒီမှာ ယောကျာ်းတွေကော မိန်းမတွေကောဟာ....
နှုတ်ခမ်းမွေး ကိုစီနဲ့ ဆိုတော့...သိကြားမင်းကြီးဟာ ရုတ်တရက် ချက်ချင်း
ယောကျာ်းလား မိန်းမလား ခွဲမရဖြစ်နေတယ်တဲ့....အဲဒါနဲ့ ...မာတလိ နတ်သားကိုခေါ်လိုက်ပြီး
" ဟဲ့ မာတလိ....လူ့ ပြည်ကို ငါလှမ်းကြည့်ရတာ ယောကျာ်းတွေကော
မိန်းမတွေကော နှုတ်ခမ်းမွေး ကိုစီနဲ့ ဆိုတော့ ငါ လှမ်းကြည့်တဲ့အခါ ရုတ်တရက် ခွဲခြားဖို့ ခက်ခဲနေပေတယ်...ဒါကြောင့် မောင်မင်းက ကြည့်
ကောင်းအောင်စီစဉ်ပါဦး..."
အဲလိုပြောပြီး သိကြားမင်းကြီး လည်းအနောက်ဆောင်ထဲဝင်သွားတယ်...
ဒါနဲ့ မာတလိ နတ်သားလည်း...လူ့ ပြည်က မိန်းကလေးတွေရဲ့ နှုတ်ခမ်းမွေး
တွေကို ဝရဇိန် လက်နက်နဲ့ ချိန်ပြီး " ဂျိုင်း " ပြီး မိုးကြိုးနဲ့ ပစ်ချလိုက်တယ်ဆို
ရင်ပဲ...မိုးကြိုးပစ်တဲ့အ သံနဲ့ လိုက်ပြီး...မိန်းကလေးတွေရဲ့  နှုတ်ခမ်းမွေး
တွေက...ဂျိုင်း ကိုရောက်သွားတော့တယ်တဲ့ကွယ်....
ဒီလိုနဲ့ နောက်တစ်နေ့ မှာ...သိကြားမင်းကြီး ကလည်း လူ့ ပြည်ကို လှမ်း
အကဲခပ်လိုက်တော့...အားလုံးအဆင်ပြေပြေနဲ့ တွေရတော့...စိတ်ချမ်းသာ
သွားတာပေါ့....ဒါပေမယ့်...သိပ်မကြာပါဘူး....လုံမပျို တစ်ယောက်...ရေခပ်
ပြီး ပြန်လာတာကို သိကြားမင်းကြီးလှမ်းမြင်တော့...လန့် ဖျပ်သွားတယ်...
ဘာလို့ လဲဆိုတော့...လုံမပျိုက...ရေအိုးကို လက်နဲ့ ထိန်းထားတာကြောင်း
သူ့ ဂျိုင်းကြားက ဂျိုင်းမွှေး တွေကြောင်းလေ...ဒါနဲ့  သိကြားမင်းကြီးလည်း
မာတလိကို ခေါ်ပြန်တယ်....

" ဟဲ့ မာတလိ မောင်မင်း ဟာဟုတ်သေးကပါဘူးကွယ်...သေချာကြည့်
ကောင်းအောင် ပြန်လုပ်စမ်းပါဦးကွယ်.." ပြောပြီးသိကြားမင်းကြီးလည်း
အနောက်ဆောင်ထဲပြန်ဝင်သွားပြန်တယ်....ဒါနဲ့ မာတလိလည်း မိန်းကလေး
တွေ ရဲ့ ဂျိုင်းမွေးတွေကို ဝရဇိန်လက်နဲ့ သေချာချိန်ပြီး...ပစ်တဲ့အချိန်မှာပဲ....
ဝရဇိန်လက်နက်က...ယမ်းရေဆိုပြီး " ဖုတ် " ဆိုပြီးထွက်သွားလိုက်တာ...
နောက်နေ့ ကစပြီး သိကြားမင်းကြီး လည်း ဘယ်လို ကြည့်ကြည့် အဲ့အမွေး
တွေဘယ်ရောက်သွားလည်း ရှာမရတော့ပါဘူး....မာတလိလည်း ခတ်မစိတ်
သာနေတော့သတည်း ဟူသတတ်......။

တစိမ့်စိမ့်တွေးရင်း ရယ်မော့နိုင်ကြပါစေ....

No comments: