Benner

Monday 14 January 2013

Android ဖုန်းထဲကို ပြင်ပမှ .apk files များအား Install ပြုလုပ်ခြင်း

                 ဖေ့စဘုတ်မှာ နည်းပညာနဲ့ ပတ်သက်ပြီး ရေးထားကြတဲ့ လူအများစုက တင်ပေးထားကြတာကို တွေ့ရပါတယ်။ ဒါက မြန်မာ Frozen Keyboard. apk, Game, Dictionary စသည်ဖြင့် တွေ့ရပါတယ်။ သိတဲ့အတိုင်းပဲ တင်ပေးထားတာတွေက လိုချင်စရာတွေနဲ့ အကြိုက်တွေချည်းပဲ ဆိုတော့ကား ဒေါင်းထားလိုက်တာပေါ့။ ဖုန်းထဲကို ထည့်တော့ သူ့ကို မတွေ့ရဘူး။ အင်စတောလည်း ဘယ်လို လုပ်ရမှန်း မသိခဲ့ဘူး။ အဲဒါနဲ့ ဂေါ်ဂယ်မှာ ရှာကြည့်လိုက်တော့
ဒီလို ရေးထားလေရဲ့...
၁. Play Store မှာ Astro File Manager ကိုဒေါင်းပါ။
၂. သင့်ဖုန်းကို USB Cable ဖြင့် ကွန်ပြူတာကို ချိတ်ဆက်ပါ။
၃. ပြီးလျှင် သင်ဒေါင်းထားတဲ့ .apk files များကို ကြိုက်ရာနေရာမှာ ကူးထည့်လိုက်ပါ။
၎. Safety Remove or Eject ကို လုပ်ပါ။
၅. ပြီးလျှင် Astro ကို ဖွင့်ပြီး Browse လုပ်ပြီး သင်ထည့်ထားတဲ့ ဘာညာသာရကာလေးများကို Open app Manager ဖြင့်ရမ်းလိုက်ပါ။
၆. အင်စတောကို နှိပ်လိုက်လျှင် ပြီးသွားပါမယ်။ ဒါပေမဲ့ အချို့ အချို့သော .apk files များဟာ Market မှာ မရှိတဲ့ အတွက် Block လုပ်ပြီး အင်စတော ပေးမလုပ်တာတွေ ရှိပါတယ်။ ဒါပေမဲ့ အဲဒါမျိုးကို အဆင်ပြေဖို့အတွက် Setting >> Security >> Unknown Sources မှာ Allow installation of non-Market apps ကို မှန်ခြစ် ခြစ်ပေးခြင်းဖြင့် အဆင်ပြေနိုင်ပါတယ်။
အထက်ပါ အကြောင်းအရာများဟာ HTC Android Phone ကို အခြေခံပြီး ရေးထားခြင်း ဖြစ်ပါတယ်။

No comments: