Benner

Thursday 30 August 2012

အသုံးများသော ပရိုဂရမ်များကို မြန်မြန် အလုပ်..လုပ်စေဖို့

သင့်ကွန်ပြူတာမှာ သင်သုံးနေကျ၊ အသုံးပြုတာ အများဆုံး ပရိုဂရမ်များကို မြန်မြန်ဆန်ဆန် အလုပ်..လုပ်စေရန်အတွက်..အောက်ပါ ပုံအတိုင်း ပြုလုပ်ကြည့်ပါ။ သိသိသာသာ ပိုမြန်လာတာကို တွေ့ရပါလိမ့်မယ်။ ကွန်ပြူတာရှိ Desktop ၏ အောက်ဆုံးတွင်ရှိသောဘား task bar ပေါ်တွင် Right click လုပ်ပါ..Start Task manager> Processes> Right Click Program မှ ပုံပါအတိုင်း လုပ်ဆောင်ကြည့်ပါ။

Tuesday 28 August 2012

Windows 8 ကို သုံးကြမလား

ထူးခြားတဲ့ အပြင်အဆင် ပြောင်းလဲမှု့များနဲ့ ဝင်းဒိုး 8 ကို သုံးကြည့်ရအောင်လားဗျာ... ကျနော်ကတော့ စမ်းသုံးကြည့်ပြီးပြီ။ တော်တော်လေးကို မိုက်တယ်လို့ ပြောနိုင်ပါတယ်။ ရုပ်ပုံတွေရဲ့ ကြည်လင်ပြတ်သားမှု့တွေကတော့ အံမခန်းပါပဲ။ အန်တီဗိုင်းရပ် Microsoft Internet security လည်း အော်တို ပါလာတယ်။ ကျနော့်အနေနဲ့ ထိုဝင်းဒိုးကို USB Strick နဲ့ တင်လိုက်တာ ၁၀ မိနစ်တောင် မကြာလိုက်ပါဘူး။ ဝင်းဒိုး ရဲ့ ထုံးစံဖြစ်တဲ့ စတတ်မီနူး မပါတော့ပါဘူး။ ဝင်းဒိုး တင်လိုတဲ့ စက်မှာ ရှိသင့် ရှိထိုက်တာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
Minimum system requirements
1 GHz or faster 32-bit (x86) or 64-bit (x64) processor
16 GB available hard disk space (32-bit) or 20 GB (64-bit)
1 GB RAM (32-bit) or 2 GB RAM (64-bit)
DirectX 9 graphics device with WDDM 1.0 or higher driver
Taking advantage of touch input requires a screen that supports multi-touch
To run Metro style Apps, you need a screen resolution of 1024 X 768 or greater
 အောက်ပါပုံများကို ကြည့်ခြင်းအားဖြင့် ၄င်းရဲ့ ထူးခြားတဲ့ အပြင်အဆင်ကို မြင်နိုင်ပါမယ်။
ပထမဆုံး ကွန်ပြူတာကို ဖွင့်လျှင် ဖွင့်ခြင်း မြင်တွေ့ရမဲ့ ပုံပါ။

Saturday 25 August 2012

ကွန်ပြူတာ၊ အင်တာနက်၊ နည်းပညာ နှင့် ပတ်သက်သော စာအုပ်များ


၁..အင်တာနက် ဝက်ဆိုဒ် လိပ်စာများ
၂..ဗိုင်းရပ်ကို ဘယ်လို ကာကွယ်ကြမလဲ
၃..နက်ဝပ်အကြောင်း သိကောင်းစရာများ
၎..အင်တာနက် အီးမေးများကို ကျွမ်းကျင်စွာ အသုံးပြုခြင်း
၅..Twitter အကြောင်း သိကောင်းစရာများ
၆..ဂျီမေးနှင့် ပြုမူလုပ်ဆောင်၍ ရသည်များ
၇..ဂျီမေးနှင့် ဂျီတော့အား ကျွမ်းကျင်စွာ အသုံးပြုခြင်း
၈..ပီစီ ဟတ်ဝဲလ် လက်စွဲ
၉..ပီစီကွန်ပြူတာများအား မိမိဘာသာ ပြုပြင် သင်ယူနည်း
၁၀..Google ၏ လျို့ဝှက်ချက်များနှင့် ၄င်းအား အသုံးချနည်းများ
၁၁..ဂျီမေး၏ လျို့ဝှက်ချက်များ
၁၂..ကွန်ပြူတာများတွင် ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာမေးခွန်းများနှင့် အဖြေများ
၁၃.. ကျွမ်းကျင် ပိုင်နိုင်စွာ ပြင်စားတတ်စေရန် သိထားသင့်သော အကြောင်းအရာများ
၁၄..ဖိုတိုရှော့ပိုင်းဆိုင်ရာ မှတ်စုများ
၁၅..MP3..MP4 များအား ပြုပြင် တပ်ဆင်ခြင်း
၁၆.. လက်ပတော့ ကွန်ပြူတာများအား ပြုပြင်ခြင်း
၁၇..Internet Security
၁၈..ရိုးသားစွာ ဟက်ကင်း ပြုလုပ်ခြင်း
၁၉..ဟတ်ဝဲလ်အကြောင်း အသေးစိတ်
၂၀..ဂိုဂယ်မှာ ဟက်ကင်းပြုလုပ်ခြင်း

ဘာသာတရားဆိုင်ရာ စာအုပ်များ

Friday 24 August 2012

အမေရိကန် ကို သွားချင်နေသလား

          လွန်ခဲ့တဲ့ နှစ်ထဲမှာတုန်းက ကျနော့်ညီတစ်ယောက်ဟာ အမေရိကန် ဒီဗွီပေါက်တယ်လို့ သူ့အီးမေးမှာ အကြောင်းကြားလာခဲ့လို့ စိတ်လှုပ်ရှားစွာနဲ့ ကျနော့်ကို ဆက်သွယ်လာခဲ့ပါတယ်။ သူ့အနေနဲ့လည်း အမေရိကန် ဒီဗွီကို ထိုးထားတာနဲ့ အီးမေးက ရလာတာနဲ့ ဆက်စပ်ပြီး သူတော့ ကံကောင်းထောက်မစွာနဲ့ ပေါက်ခဲ့ပြီလို့ တွေးနေခဲ့ပါတယ်။ အမှန်က ဒီလိုမဟုတ်ပါဘူး။ အင်တာနက်ပေါ်မှာ လိမ်ပြီး ရိုက်စား လုပ်နေကြတာတွေပါ။
           ကျနော်ကိုယ်တိုင်လည်း ထိုးခဲ့ဖူးပါတယ်။ ချေးတော့ တော်တော် ထူတယ်ဗျ။ ဓာတ်ပုံကို သတ်မှတ်ချက်အတိုင်း ရိုက်ပြီး တိုင်ရပါတယ်။ တစ်ခါမှ မတင်ဘူး၊ မလျှောက်ဖူးသူများအဖို့

Wednesday 22 August 2012

နားထောင်ပြီး အရယ်ရဆုံး ဆရာ အီကြာကွေးရဲ့ ရယ်စရာ ဗားရှင်း

ဆရာအီကြာကွေးရဲ့ ရယ်စရာ ဗားရှင်း...
နားထောင်လိုက ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

မိန်းကလေးများနှင့် သူတို့၏ ကျန်းမာရေး

မိန်းကလေးတို့၏ သဘာဝနဲ့ သူတို့ရဲ့ ဖြစ်လေ့ဖြစ်ထ သဘာဝဖြစ်ရပ်များ၊ သဘာဝလွန်ဖြစ်ရပ်များ၊ မေးခွန်းများနှင့် အဖြေများ...ဖတ်ရှု့လိုက ဒီနေရာတွင် ဒေါင်းလုပ် ရယူပါ။

Defraggler 2.0

ဖိုင်များအားလုံးကို စနစ်တကျ စီပေးရန်အတွက် အသုံးပြုသည်။ လိုအပ်ပါက ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

Total Video Convertor

Click here to download.

Thursday 16 August 2012

စာပေ ဟောပြောပွဲများ

စာပေဟောပြောပွဲတွေတော့ အများကြီး ရှိပါတယ်။ ကျနော်နှစ်သက်သော စာရေးဆရာများကို တင်ပေးလိုက်ပါတယ်။
1 ။ Nan Dar Thein Zan
2 ။ ဦးသုခ
3 ။ ဦးအောင်သင်း
4 ။ ဦးအောင်သင်း၂
5 ။ ဦးအောင်သင်း၃
6 ။ ဦးအောင်သင်း၎
7 ။ ဦးအောင်သင်း၅
8 ။ ဦးအောင်သင်း၆
9 ။ ဦးအောင်သင်း၇

Hacking နှင့် ပတ်သက်သော စာအုပ်များ (မြန်မာလို)

စာအုပ် အမည်များကို နှိပ်ပြီး ဒေါင်းလုပ် ရယူပါ။
၁။ ဟက်ကာ လက်စွဲ ၁၀၀
၂။ ဟက်ကီး Google
၃။ ရိုးသားစွာ ပြုလုပ်ခြင်း
မိမိကွန်ပြူတာတွင် တည်ရှိနေသော ဆော့ဝဲလ်များကို လွယ်လင့်တကူ ဖွင့်ရာတွင် အသုံးပြုသည်။ ကွန်ပြူတာ ဒီဇိုင်းဆန်းဆန်းပြားပြားဖြစ်သွားသလို သုံးရသည်များလည်း ပိုမို အဆင်ပြေလာပါတယ်။ လိုအပ်ပါက ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

Sunday 12 August 2012

Driver Checker for Our Computer

ကွန်ပြူတာကို ဝင်းဒိုးတင်ပြီးပါက Drivers လိုအပ်ချက်များကို အပြည့်အဝ ဖြည့်ဆည်းပေးရန်အတွက်
အောက်ပါ Driver Checker ကိုသုံးပါ။ လိုအပ်ပါက ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

Friday 10 August 2012

ပြန်ထုတ်လို့ မရသော ဆော့ဝဲလ်များ

ဆရာခင်ဗျား..
ကျွန်တော့် ရဲ့ ကွန်ပြူတာ Program ပြဿနာတွေနဲ့ ပတ်သက်လို့  ဆရာ့ထံ သို့ တင်ပြ
အကြံ ဉာဏ်တောင်းလိုပါတယ်။
ကျွန်တော့်မှာ Girlfriend 1.0 ဆိုတဲ့ ရှိခဲ့ပါတယ်၊ မနှစ်က အဲဒီ Girlfriend 1.0
ဆိုတဲ့
Program ကို Wife 1.0 အဖြစ် Upgrade လုပ်ခဲ့ပါတယ်။ ဒီမှာတင်မမျှော်လင့်ဘဲ Child
processing ဖြစ်ခဲ့ပြီး Space တော်တော်များနဲ့  အခြား Valuable Resources
တွေကိုယူ သုံးသွားခဲ့ပါတယ်။ အဲဒီ လို ရှုတ်တွေးမှုတွေ ဖြစ်နိုင်တယ် ဆိုတာသူရဲ
့ Product Brochure မှာရော Read me Document မှာပါ ထည့်သွင်းဖော်ပြ ထားခြင်း
မတွေ့ ခဲ့ရပါဘူး၊၊ အဲဒီ အပြင်
Wife 1.0 က အခြား Program လေးတွေကို အလိုအလျှောက် ထပ်မံရေးဆွဲတပ်ဆင်ပြီး
နဂိုမူလ system ထဲရှိပြီးသား Activities တွေကိုထိန်းကွပ်တော့တာပါဘဲ၊၊ ဥပမာ
အားဖြင့် Kara OK night 10.3 နဲ့  Beer Bash 2.5 ကဲ့သို့ သော Program တွေဟာ
လုံးဝ အလုပ်တော့ဘဲ ရပ်ဆိုင်းသွားပါတော့တယ်၊၊ Wife 1.0 ရဲ့ 
စွမ်းဆောင်ချက်တွေပါဘဲ၊၊

သီလရှင်စတင်ဖြစ်ပေါ်လာပုံ

သီလရှင်ထံမှ သီလယူလို့ရမရ၊ သီလရှင်အား မိဘများ၊ ယောက်ျားလေးများက ရှိခိုးသင့်လားစတဲ့ မေးခွန်းများကို ဦးဇင်းဆီ မကြာခဏ မေးခွန်းတွေ ရောက်လာပါတယ်။ ဒါကြောင့် သီလရှင်အကြောင်းနဲ့ပတ်သတ်ပြီး ဆရာရဝေထွန်း ရေးသား ထားတဲ့ ဘိက္ခုနီသာသနာနဲ့သီလရှင် သမိုင်းစာအုပ်ကို လေ့လာခဲ့ပါတယ်။ အဲဒီမှာဖော်ပြထားတာ က သီလရှင်တွေဟာ ဘိက္ခုနီသာသနာကွယ်ပြီး သာသနာနှစ်ကိုးရာကျော်၊ အေဒီသုံးရာစု ၀န်းကျင်လောက်မှာ သီလရှင
်စတင်ဖြစ်ပေါ်လာတယ်လို့ မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။ ဘိက္ခုနီသာသနာဟာ သီဟိုဠ်ကျွန်းတွင် အေဒီသုံးရာစုဝန်း ကျင်မှာ နောက်ဆုံးတည်ရှိခဲ့ပြီး ကွယ်ပျောက်သွားခဲ့တယ်လို့ ဘိက္ခုနီသာသနာအကြောင်းရေးသားထားတဲ့ တရုတ်ရဟန်းတော် ဖာဟီယန်မှတ်တမ်းက ဆိုပါတယ်။

အပြစ်တွေ သိပ်မပြောကြပါနဲ့တဲ့။

လူ့ဘဝမှာ....
အကြီးမားဆုံးရန်သူက ကိုယ်ကိုယ်တိုင်ဖြစ်တယ်။
အကြီးမားဆုံးကျရှုံးခြင်းက ကိုယ့်ကိုယ်ကို အထင်ကြီးတာဖြစ်တယ်။
အကြီးမားဆုံးမသိခြင်းက လိမ်ညာတာဖြစ်တယ်။
အကြီမားဆုံးကြေကွဲမှုက မနာလိုတာဖြစ်တယ်။
အကြီးမားဆုံး အမှားက ကိုယ့်ကိုယ်ကို စွန့်ပယ်တာဖြစ်တယ်။
အကြီးမားဆုံးလေးစားမှုက ဘာသာတရားကိုင်းရှိုင်းတာဖြစ်တယ်။
အကြီးမားဆုံးဆုံးရှုံးမှုက မျှော်လင့်ချက်မဲ့တာဖြစ်တယ်။
အကြီးမားဆုံးစည်းစိမ်က ကိုယ်စိတ်နှလုံးကျန်းမာတာဖြစ်တယ်။
အကြီးမားဆုံးအကြွေးက ချစ်ကြွေး၊ ရန်ကြွေးတွေဖြစ်တယ်။
အကြီးမားဆုံးလက်ဆောင်က ခွင့်လွှတ်ခြင်းဖြစ်တယ်။
အကြီးမားဆုံးချွတ်ယွင်းချက်က ဆင်ခြင်တုံတရားမဲ့တာဖြစ်တယ်။
အကြီးမားဆုံးကျေနပ်အားရစရာက ပေးဆပ်ခြင်းဖြစ်တယ်။
အကြီးမားဆုံးအပြစ်က လူလူချင်းအနိုင်ကျင့်တာဖြစ်တယ်။
သနားစရာအကောင်းဆုံးက ကိုယ့်ကိုယ်ကိုသိမ်ငယ်၊ အားငယ်တာဖြစ်တယ်။

အချစ်ဆိုသည်မှာ

အချစ်ဆိုတာ နာမည်ကြီးတံဆိပ်တွေလို အာမခံချက်မရှိဘူး။
အချစ်ဆိုတာ အစားအစာတွေလို ဒိတ်လွန်နေ့စွဲမပါဘူး။
အချစ်ဆိုတာ ကုန်ပစ္စည်းလို ပြန်လဲလှယ်ခွင့်ရက်ချိန်းမရှိဘူး။
အချစ်ဆိုတာ အာမခံလုပ်ငန်းလို သီးသန့်ဝန်ဆောင်မှုမရှိဘူး။
အချစ်ဆိုတာ ထိန်းသိမ်းရေးလုပ်ငန်းလို အမြဲတမ်းကာကွယ်မှုမရှိဘူး။
အချစ်ဆိုတာ ကျူရှင်တက်သလို အချိန်ပိုသင်ပြမှုမရှိဘူး။
အချစ်ဆိုတာ အဘိဓာန်လို ရှင်းလင်းချက်၊ မှတ်ချက်မပါဘူး။
အချစ်ဆိုတာ ဆေးပစ္စည်းလို သောက်သုံးရက် သတ်မှတ်ထားတာမရှိဘူး။
အချစ်ဆိုတာ အစာစားပြီးနောက် အချိုတည်တဲ့ဝန်ဆောင်မှုမျိုးမဟုတ်ဘူး။
အချစ်ဆိုတာ မူပိုင်ခွင့်လို မှတ်ပုံတင်ထားတာမရှိဘူး။
အချစ်ကို ချစ်တတ်ဖို့ပဲလိုပါတယ်....
အကယ်၍ မချစ်တတ်လို့ပဲ ဖြစ်ဖြစ်၊ အစွမ်းအစမရှိလို့ပဲ ဖြစ်ဖြစ်၊ အချစ်ကြောင့် ကြေကွဲနေရလို့ပဲ ဖြစ်ဖြစ်၊ ပိုပြီးတော့ ချစ်လာအောင် ကြိုးစားလို၍ပဲဖြစ်ဖြစ် အများစုကတော့ အချစ်နဲ့ အတူတူ နီးနီးစပ်စပ် ရှိနေတတ်ကြတာတော့ ပုံမှာပါတဲ့ လစ်ကွစ်ပါ။

Wednesday 1 August 2012

နေဝင်သွားသော နံနက်ခင်းများ အကြောင်း


သင်ဟာ ဘယ်သူ့အပေါ်မှာ ကောင်းခဲ့ဖူးပါသလဲ။ စေတနာ မြောက်များစွာဖြင့် ကူညီခဲ့ဖူးပါသလား။ အဲဒီစေတနာတွေကရော ဖြူစင်ရဲ့လား။ ဖြူစင်ရဲ့လား ဆိုတာက ..ဒီလိုရှိပါတယ်။ ကူညီမှု့ ဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်မှာ.. မျှော်လင့်ချက်တွေ ရှိကောင်းရှိနေကြတတ်ပါတယ်။ ဘယ်သူ့ကိုမှ မကူညီပါနဲ့.. အကယ်၍ သင့်ရဲ့ ကူညီမှု့ဟာ မျှော်လင့်ချက်တွေ ပါနေမယ်ဆိုရင်ပေါ့။ အဲသလိုမျိုး မျှော်လင့်ချက်နဲ့ ကူညီခဲ့တယ် ဆိုတာအများစုဟာ စိတ်ပျက်စွာ နဲ့ အဆုံးသတ်သွားရတတ်ပါတယ်။ အဲလိုအခြေအနေတွေကို ပြန်သုံးသပ်ကြည့်ရင် ကူညီမှု့ အတွက် ပီတိ ဝမ်းသာ ဖြစ်ရမဲ့အစား.. ငါ့ကျတော့ ဆိုတာမျိုးတွေးပြီး သူက အပြန်အလှန်မရှိတဲ့အတွက် သင်ဟာ သောက ရောက်ရပါလိမ့်မယ်။