Benner

Tuesday 28 August 2012

Windows 8 ကို သုံးကြမလား

ထူးခြားတဲ့ အပြင်အဆင် ပြောင်းလဲမှု့များနဲ့ ဝင်းဒိုး 8 ကို သုံးကြည့်ရအောင်လားဗျာ... ကျနော်ကတော့ စမ်းသုံးကြည့်ပြီးပြီ။ တော်တော်လေးကို မိုက်တယ်လို့ ပြောနိုင်ပါတယ်။ ရုပ်ပုံတွေရဲ့ ကြည်လင်ပြတ်သားမှု့တွေကတော့ အံမခန်းပါပဲ။ အန်တီဗိုင်းရပ် Microsoft Internet security လည်း အော်တို ပါလာတယ်။ ကျနော့်အနေနဲ့ ထိုဝင်းဒိုးကို USB Strick နဲ့ တင်လိုက်တာ ၁၀ မိနစ်တောင် မကြာလိုက်ပါဘူး။ ဝင်းဒိုး ရဲ့ ထုံးစံဖြစ်တဲ့ စတတ်မီနူး မပါတော့ပါဘူး။ ဝင်းဒိုး တင်လိုတဲ့ စက်မှာ ရှိသင့် ရှိထိုက်တာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
Minimum system requirements
1 GHz or faster 32-bit (x86) or 64-bit (x64) processor
16 GB available hard disk space (32-bit) or 20 GB (64-bit)
1 GB RAM (32-bit) or 2 GB RAM (64-bit)
DirectX 9 graphics device with WDDM 1.0 or higher driver
Taking advantage of touch input requires a screen that supports multi-touch
To run Metro style Apps, you need a screen resolution of 1024 X 768 or greater
 အောက်ပါပုံများကို ကြည့်ခြင်းအားဖြင့် ၄င်းရဲ့ ထူးခြားတဲ့ အပြင်အဆင်ကို မြင်နိုင်ပါမယ်။
ပထမဆုံး ကွန်ပြူတာကို ဖွင့်လျှင် ဖွင့်ခြင်း မြင်တွေ့ရမဲ့ ပုံပါ။
အဲဒီထဲမှာမှ Desktop ကိုနှိပ်မှ ၄င်းနေရာကို ရောက်ပါမယ်။ အထက်ပါ မြင်တွေ့ရတဲ့ ပုံများထဲမှာ အားကစား၊ သီချင်း၊ မြေပုံ၊ စတော့ ရှယ်ယာ အတက်အကျ... စသည်..စသည်တို့ ပါဝင်ပါတယ်။ အင်တာနက် ချိတ်ဆက်ထားပါက အချိန်နဲ့အညီ ဖော်ပြနေပါတယ်။
ဒါကတော့ ကွန်ပြူတာကို ပိတ်လိုက ပိတ်ဖို့ရာအတွက် ပါဝါဘတ်တွန် တည်ရှိရာ နေရာပါ။
ဝင်းဒိုးမှာ အော်တိုပါလာတဲ့ Google Map လို မြေပုံပါ။ သင့်ကွန်ပြူတာကို မပြီး တခြားနေရာကို သွားနေပါက... သင့်ကွန်ပြူတာ ကိုယ်စားပြု အစက်အပျောက်ကလေးဟာ ရုပ်ရှင် ဇာတ်ကားများ အလိုအတိုင်း လိုက်ရွေ့နေမှာပါ။ ဝင်းဒိုး တင်ပြီးလျှင် ပြီးချင်း သင့်နေရာ အတိအကျကို ဖော်ပြပေးလာမှာပါ။
ဒါကတော့ ဝင်းဒိုး 8 ရဲ့ ပုံတွေ ကြည်လင်ပြတ်သားပုံကို ပြချင်လို့ သက်သက်မဲ့ ရယူထားတာပါ။
ဒါကတော့ ဝင်းဒိုး ၈ ရဲ့ ဓာတ်ပုံနဲ့ ကွန်ပြူတာကို ပတ်စဝပ် ပေးဖို့ ဖန်တီးထားတဲ့ ဖန်ရှင်၊ ပရိုဂရမ် တစ်ခုပါ။ သင်ကြိုက်ရာပုံကို သုံးနိုင်ပါတယ်။ စက်ဝိုင်းလေး တစ်ဝိုင်းနဲ့ မျဉ်းကြောင်းလေးကို ကိုယ်ကြိုက်ရာ ဒီဂရီ အစောင်းကို ထားပြီး Picture passwords ပေးထားနိုင်ပါတယ်။
နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ဝင်းဒိုး ၈ ကိုတင်ပြီဆိုတာနဲ့ ပထမဆုံး ပရောဓာတ်ကီး တောင်းပါတယ်။ အောက်မှာ ဒေါင်းဖို့အတွက်လည်း လင့်ရော.. ပရောဓာတ်ကီးပါ ထည့်ပေးထားပါတယ်..
အဆင်ပြေကြပါစေ..
Windows 8 32 Bit...
Click here to download. (2.43 GB)
Windows 8 64 Bit...
Click here to download. (3.27 GB)
အထက်ပါ ဝင်းဒိုး နှစ်ခုလုံးအတွက် ပရောဓာတ်ကီးကို
TK8TP-9JN6P-7X7WW-RFFTV-B7QPF သုံးပါ။





No comments: