Benner

Friday 24 August 2012

အမေရိကန် ကို သွားချင်နေသလား

          လွန်ခဲ့တဲ့ နှစ်ထဲမှာတုန်းက ကျနော့်ညီတစ်ယောက်ဟာ အမေရိကန် ဒီဗွီပေါက်တယ်လို့ သူ့အီးမေးမှာ အကြောင်းကြားလာခဲ့လို့ စိတ်လှုပ်ရှားစွာနဲ့ ကျနော့်ကို ဆက်သွယ်လာခဲ့ပါတယ်။ သူ့အနေနဲ့လည်း အမေရိကန် ဒီဗွီကို ထိုးထားတာနဲ့ အီးမေးက ရလာတာနဲ့ ဆက်စပ်ပြီး သူတော့ ကံကောင်းထောက်မစွာနဲ့ ပေါက်ခဲ့ပြီလို့ တွေးနေခဲ့ပါတယ်။ အမှန်က ဒီလိုမဟုတ်ပါဘူး။ အင်တာနက်ပေါ်မှာ လိမ်ပြီး ရိုက်စား လုပ်နေကြတာတွေပါ။
           ကျနော်ကိုယ်တိုင်လည်း ထိုးခဲ့ဖူးပါတယ်။ ချေးတော့ တော်တော် ထူတယ်ဗျ။ ဓာတ်ပုံကို သတ်မှတ်ချက်အတိုင်း ရိုက်ပြီး တိုင်ရပါတယ်။ တစ်ခါမှ မတင်ဘူး၊ မလျှောက်ဖူးသူများအဖို့
နည်းနည်းတော့ ကွိုင်ရှိပါလိမ့်မယ်။ ပြောချင်တာက နည်းလမ်းမမှန်ပါက တင်ခွင့် မပြုခြင်းကို ပြောတာပါ။ အမေရိကန်ဗွီဇာ ပေါက်လို့ ရောက်သွားတဲ့ အသိတွေလည်း ရှိခဲ့ဖူးပါတယ်။ ပေါက်ပြီး ရောက်သွားခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့  ပြောပြချက်အရ.. လူတစ်ယောက်ဟာ အမေရိကန် ဗွီဇာကို သုံးနှစ်ဆက်တိုက် ထိုးမယ်ဆိုရင် ၈၅% ပေါက်ဖို့ သေချာပါတယ်တဲ့။ သူ့ရဲ့ အသိတွေ (ခြောက်ယောက်) အတူတူ ထိုးခဲ့ကြတာ အခုဆိုရင် သုံးနှစ်အတွင်းမှာ ၄ယောက်ဟာ ပေါက်ခဲ့ပါတယ်လို့ ပြောပါတယ်။
        အွန်လိုင်းက သင့်အီးမေး လိပ်စာကို အီးမေးပို့လာပြီး မင်းတော့ အမေရိကန် ဗွီဇာ ပေါက်တယ်လို့ ပြောလာလို့ ရူးခဲ့ကြပြီး ငွေကုန်ခဲ့ကြတာတွေတောင် ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ မင်းတော့ ဗွီဇာပေါက် နေပြီ။ ဘဏ်အကောင့်ထဲကို ငွေလွဲပို့ပါတို့ ဘာတို့ ပြောလာပါလိမ့်မယ်။ ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် သင်ဟာ အောက်က အကြောင်းအရာ နည်းနည်းပါးပါးကို ဖတ်ကြည့်မယ်ဆိုရင် သဘောပေါက်သွားပါလိမ့်မယ်။ ဖေ့စဘုတ်ထဲမှာ တွေ့လို့ စိတ်လို လက်ရနဲ့ ပြန်လည် တင်ပြလိုက်ပါတယ်။


“2013 DV မဲ အောက်တိုဘာ ၁ရက်တွင် နောက်တစ်ကြိမ် မဲ ထပ်ဖောက်နိုင်”
DV 2013 Program အတွက် DV မဲကို အောက်တိုဘာ ၁ ရက်တွင် နောက်ထပ်တစ်ကြိမ် မဲဖောက်ရန်ရှိနိုင် သည့်အတွက် Confirmaton နံပါတ်ကို သိမ်းထားရန်
မြန်မာနိုင်ငံ ဆိုင်ရာအမေရိကန် သံရုံးထုတ်ပြန်ချက် တွင်ရေးသားထားသည်။

2013 အတွက် DV မဲကို မေလ ၁ရက်က တစ်ကြိမ်ထုတ်ပြခဲ့ပြီးဖြစ်၍ မဲပေါက်
မပေါက်ကို www.dvlottery.state.gov ထဲရှိ "Entrant Status" ဟုခေါ်သော
Link ကိုနိပ်ပြီး မိမိ၏ ၂၀၁၁ ခုတွင် DV စာရင်းသွင်းစဉ်ကရထားသော
Confirmaton နံပါတ်၊ မိမိ၏နောက်ဆုံးအမည်နှင့် မေါးဖွားသည့်ခုနှစ်ကို ရိုက်
ထည့်၍ DV မဲပေါက်မပေါက်ကို ကြည့်နိုင်သည်။

အကယ်၍မဲပေါက်ပါက website မှ ဆက်လုပ်ရမည့် ညွှန်ကြားချက်ကို တပါ
တည်းပေးမည်ဖြစ်ပြီး ညွှန်ကြားချက်အတိုင်း လိုက်နာရန် လိုအပ်သည်ဟု
ရေးသားထားသည်။

ထိုပြင် DV ပေါက်မပေါက်ကို www.dvlottery.state.gov တွင်ကြည့်ခြင်းဖြင့်
သာသိနိုင်ပြီး မဲပေါက်ခြင်းကို အီးမေးလ်၊စာဖြင့် အကြောင်းကြားခြင်းမပြူဟု
သိရသည်။

DV Program တွင်ဗီဇာကံစမ်းရန်အတွက်အခကြေးငွေမပေးရကြောင်း မဲပေါက်လျင်လည်းငွေပေးရန်မလိုကြောင်း ထုတ်ပြန်ချက်တွင်သတိပေးထားသလို State Department မှလည်းအချက်အလက်များအတွက်ငွေကြေးမတောင်းခံဟုဆိုသည်။

အီးမေးလ်ဖြင့် DV ပေါက်ကြောင်းအကြောင်းကြားပြီးငွေပို့ခိုင်းခြင်းများကို
အထူးသတ်ပြုရန် ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

DV မဲနှင့်ပတ်သက်၍ သိရှိလိုလျင် ရန်ကုန် သံရုံး၏ဗီဇာ website
(http://burma.usembassy.gov/diversity visas.html) တွင်ကြည့်ရှုနိုင်သည်။

No comments: