Benner

Sunday 24 June 2012

အဆင့်မြင့် ဖိုမ ဆက်ဆံရေး ပညာပေး

             အင်တာနက် အသုံးပြုသူတိုင်း အသက် ၁၈ကျော်ပါပြီလို့ ရည်ရွယ်ပြီး အသက်၁၈ အောက် မဖတ်ရတွေ ဘာတွေ မရေးတော့ပါဘူး။ မြန်မာပြည်ရှိ ဆေးပါရဂူ ဆရာဝန်တစ်ဦးက မြန်မာလို ပွင့်ပွင့်လင်းလင်းနဲ့ ထိထိရောက်ရောက် ရေးထားတာပါ။ မိန်းကလေး အများစုရဲ့ ဖြစ်စဉ်တွေ၊ အတွင်းကျကျ ရေးထားပါတယ်။ ဟိုဟာ ဒီဟာတွေပါ အပါအဝင် ခရေစေ့ တွင်းကျ ရေးထားပါတယ်။ အချို့ စကားလုံးတွေနဲ့ အကြောင်းအရာများဟာ ကာယကံရှင် မိန်းကလေးများ ကိုယ်တိုင် မသိသေးတာတွေလည်း ပါပါမယ်။ ဓာတ်ပုံများနှင့် တကွ တိတိကျကျ ရှင်းလင်းထားတာ တွေ့ရပါတယ်။ အချစ်ရေးများ၊ အိမ်ထောင်ရေးများ ခိုင်မြဲစေဖို့၊ တွဲလက်တွေ မဖြုတ်စေဖို့ ယခု စာအုပ်လေးကို ဖတ်ကြည့်ပြီး နားလည်ခြင်းများစွာနဲ့ ဆက်ဆံနိုင်ကြပါလိမ့်မယ်။ စာအုပ်ပါ အကြောင်းအရာများအရ.. ကောင်မလေး လိုအပ်မှု့က ၅ အစား အမျိုးသားများက ၃ ကိုပဲ ပေးနေတတ်ကြတယ်လို့ ဆိုပါတယ်။ ကျန်နေတဲ့ ကွက်လပ်နဲ့ မိမိကို ၁၀၀ % လက်ခံဖို့က ကျနော်တို့ မသိသေးတဲ့ အကြောင်းအရာတွေ တော်တော် များများ ရှိပါတယ်။ သိသလိုလိုနဲ့ပေါ့။

             စိတ်ဝင်စားလို့ ဖတ်ကြည့်လိုချင်တယ်ဆိုပါက ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။ လူတိုင်း သိထားသင့်တယ်လို့ ယူဆမိလို့ တင်ပေးလိုက်ပါတယ်။ နောက်ဆုံးအနေနဲ့ ပြောလိုတာက ကာမ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဒေါက်တာ တစ်ယောက်က အင်တာနက်မှာ မေးချင်တာကို မေးလို့ရပါတယ်။ သူ့ရဲ့ အီးမေးလိပ်စာကို အောက်မှာ ရေးပေးလိုက်ပါမယ်။ လူချင်းတွေ့ပြီး မျက်နှာချင်းဆိုင် ရင်ဆိုင်ပြီး မမေးရဲတာက ကျနော်တို့ လူမျိုးတွေ အားလုံးပဲ ဖြစ်ပါလိမ့်မယ်။ အောက်ပါ လိပ်စာကို ကာမ ဆက်ဆံရေး၊ ဘာညာဘာညာကအစ အကုန်လုံး မေးမြန်းလို့ ရပါတယ်။ သူ့ရဲ့ ဘလော့မှာလဲ သင်မေးထားတာတွေကို ပြန်လည် ဖော်ပြပါတယ်.. သို့သော် သင့်ရဲ့ အမည်ကိုတော့ မသုံးပါဘူး။ drswe01@gmail.com မှာ သင်မေးချင်တာကို မေးမြန်းပါ။ အနှေးနှင့် အမြန်ဆိုသလို အဖြေ ပြန်ပေးပါလိမ့်မယ်။

No comments: