Benner

Friday 15 June 2012

ဖိုင်တွေကို ချုံ့မယ်၊ ပိုင်းဖြတ်မယ်၊ ပြန်ပေါင်းထုပ်မယ်

တော်တော်များများကတော့ သိကြပြီး ဖြစ်ပါလိမ့်မယ်။ အထက်က ခေါင်းစဉ်နဲ့ပတ်သက်လို့ပေါ့။ ဟိုတစ်ရက်က သူငယ်ချင်းတစ်ယောက်ကြောင့် ဒီစာကို ရေးဖြစ်တာပါ။ ဖိုင်တွေကို ပိုင်းဖြတ်ဖို့၊ ပြန်ပေါင်းဖို့ အတွက် Win rar ဆိုတဲ့ ဆော့ဝဲလေး လိုပါတယ်။ သင့်စက်မှာ မရှိသေးက ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။  အင်စတော လုပ်ပြီးလျှင် ကျမ်းစာအုပ်လေး သုံးအုပ် စီထားသလိုမျိုးတွေ့ရပါမယ်။

၎င်းဆော့ဝဲလ်ရဲ့ အလုပ်လုပ်ပုံကို အောက်မှာ အသေးစိတ် ရှင်းပြထားပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံသားများအနေနှင့် အင်တာနက်ကို အသုံးပြုကြရာတွင် ဂျီတော့၊ ဂျီမေးကို အသုံးများပါတယ်။ ဂျီမေးအနေနဲ့ ဖိုင်တွေကို ပို့မယ်ဆိုရင် ၂၅ မီဂါဗိုက်ဟာ အမြင့်ဆုံး လက်ခံပို့ပေးတဲ့ ပမာဏပါ။ ၄င်းထက် ပိုနေသော ဖိုင်တွေကို ပို့ကြမယ် ဆိုပါစို့။ ဥပမာ.. သင့်အနေနဲ့ ၆၀ မီဂါဗိုက်ရှိသော ဗွီဒီယိုဖိုင်တစ်ခုကို ပို့မယ်ဆိုလျှင် ဖိုင်တွေကို ခွဲရပါလိမ့်မယ်။ သင်ခွဲလိုသောဖိုင်ကို ခွဲလိုက်ပါက ဖိုင်ဆိုဒ်အနေဖြင့်လည်း ၁၅ မီဂါဗိုက်မှ ၁၂ မီဂါဗိုက်လောက်အထိ ချုံ့ပေးပါတယ်။
နောက်တစ်ခုအနေဖြင့် အီးမေးသုံးပြီး ဆော့ဝဲလ် တစ်ခုကို ပို့ရာမှာ မူလအတိုင်းပို့ပါက ၄င်းအီးမေးက လက်မခံပါ။ ပို့လို့ အဆင်မပြေနိုင်ပါ။ ထိုအခြေအနေမျိုးတွင်လည်း ယခုဆော့ဝဲလ်ဖြင့် rar file လုပ်ပြီး ပို့ပါက အဆင်ပြေပါတယ်။ တခြားလူက သင့်ထံသို့ ၄င်းအတိုင်း ခွဲပြီး ပို့လာခဲ့လျှင်လည်း ဘယ်လို ပြန်ပေါင်းထုပ်ကြမလဲ ဆိုတာကို အောက်ပါ ပုံများကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ ကဒ်သီးကဒ်သတ်ဖြင့် ပြောလိုက ပြောနိုင်ပါတယ်။ ဖိုင်ဆိုဒ်ကြီးကြီးမားမားကို ပို့လိုပါက www.yousendit.com, www.send6.com စသည်တို့ဖြင့်လည်း ပို့နိုင်ပါတယ်။ သို့သော် အခြားသူများမှ ဖိုင်ခွဲ၍ ပို့လာခဲ့သော် အောက်ပါ ပုံများအတိုင်း လုပ်ဆောင်ခြင်းဖြင့် အဆင်ပြေနိုင်ပါတယ်။ ပိုင်းဖြတ်လိုသော ဖိုင်ပေါ်တွင် Right Clickလုပ်လိုက်ပါက အောက်ပါ ပုံအတိုင်း မြင်ရပါမည်။

 
အထက်ပါ မြှားပြထားရာနေရာကို နှိပ်ပြီးပါက အောက်ပါ ပုံအတိုင်း တွေ့ရပါမယ်။ မိမိပိုင်းလိုသော ပမာဏကို ရိုက်ထည့်ပါ။




ပြန်လည် ပေါင်းထုပ်ခြင်း
ခွဲထားသော ဖိုင်များ၊ အပိုင်းအပိုင်းဖြင့် ဒေါင်းလုပ်လုပ်ထားသော ဖိုင်များကို ပြန်ပေါင်းလိုက 
ထိုနည်းအတိုင်း လုပ်ဆောင်ပါက အဆင်ပြေပါလိမ့်မယ်။

 

No comments: