Benner

Tuesday 19 June 2012

သင်ဖွင့်နေသော သီချင်းကို စာတမ်းအော်တို ထိုးစေဖို့

သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်လျှင် စာသားပါ မြင်ရပါက အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။ အလွတ်လိုက်ဆိုရန်အတွက်လည်း အထောက်အကူ ပြုပါတယ်။ အထူးသဖြင့် အင်္ဂလိပ်သီချင်းများကို အင်္ဂလိပ်စာ လေ့လာသူများအတွက် သီချင်းနားထောင်ရင်း လေ့လာနိုင်ပါတယ်။ အချို့သော မြန်မာသီချင်းများကိုလည်း စာတမ်းထိုးပေးပါတယ်။ သို့သော် တစ်ခု ရှိသည်မှာ... သင်ဖွင့်နေသော သီချင်းဟာ မူရင်းအမည်အတိုင်း ရှိနေဖို့လိုပါတယ်။ တစ်စုံတစ်ယောက်က သီချင်းအမည်ကို ပြောင်းထားပါက ၄င်းသီချင်း၏ ခေါင်းစဉ်ကို ရှာတွေ့မည် မဟုတ်ပါ။ လိုအပ်ပါက မိမိကွန်ပြူတာတွင် အင်စတော့ လုပ်ထားသော ပလေယာပေါ်မူတည်ပြီး ဒေါင်းလုပ် ရယူပါ။ဖိုင်ဆိုဒ်ကလည်း သေးသေးလေးပါ။ ၂၂၀ ကီလိုဗိုက်ပဲ ရှိပါတယ်။  ဒီနေရာကို နှိပ်ပြီး ရွေးခြယ်ပါ။ အဲ အရေးအကြီးဆုံး တစ်ခုက သင့်ကွန်ပြူတာဟာ အင်တာနက်နဲ့ ချိတ်ဆက်ထားဖို့လည်း လိုအပ်ပါတယ်။

No comments: