Benner

Monday 27 December 2010

ဟာသတော်တော်များများကို စုမိဆောင်းမိရာမှ တစုတည်း တင်ပေးလိုက်ပါတယ်။



ဟာသလေးများ
လက်ဆောင်ကောင်း ..
``နင့်သူငယ်ချင်းမွေးနေ့မှာ ဘာလက်ဆောင်ပေးလိုက်လဲ´´
``င့ါရဲ့အယ်ဇေးရှင်းခွေးကြီးနှစ်ကောင်လက်ဆောင်ပေးလိုက်တယ်´´
``ဟယ် .. ဒီလောက်အဖိုးတန်တဲ့
ခွေးကြီးနှစ်ကောင်ကိုအလကားလက်ဆောင်ပေးပြစ်ရလား နှမြောလိုက်တာ´´
``ကိစ္စမရှိပါဘူး .. ဒီနှစ်ကောင်ညမိုးချုပ်ရင် င့ါအိမ်ကိုပြန်ပြေးလာကြမှာပါ´´

အားလုံးပေါင်းတော့ ..
အန်တီကြီး ။ ။ ဟေ့ .. အန်တီ့ကိုကြည့်ပြီးအသက်ဘယ်လောက်ရှိမယ်ဆိုတာ
ခန့်မှန်းကြည့်စမ်း ..
လူငယ် ။ ။ အင်း ဆံပင်ကိုကြည့်ပြီးပြောရင် 15 နှစ်အရွယ်၊
အန်တီ့သွားတွေကိုကြည့်ပြီးပြောရရင် အသက် 20 အရွယ်၊
ကိုယ်လုံးကိုကြည့်ပြီးပြောရရင်တော့ အသက်အစိတ်မကျော်ဘူးလို့ထင်ရတယ် ..
အန်တီကြီး ။ ။ ဟယ် .. တကယ်ပဲလားဟင် ..
လူငယ် ။ ။ တကယ်ပါ .. အဲ့ဒါတွေအားလုံးပေါင်းလိုက်ရင်တော့ အသက် 60 အရွယ်ပေါ့ ..

ပိုနီးလို့ ..
တစ်ကိုယ်လုံးညစ်ပတ်ပေရေနေအောင် ဆော့ထားသော သားငယ်ဖြစ်သူအား ဖခင်က ခေါ်ရ်ျဆူသည် ..
``မင်း တော်တော်ညစ်ပတ်တဲ့ကောင်ပါလား၊ ဖေဖေ့ကိုကြည့်စမ်း၊
ဖေဖေ့လိုသန့်သန့်ရှင်းရှင်း နေစမ်းပါလားကွ´´
ထိုအခါ သားဖြစ်သူက ပြန်ပြောလိုက်ပုံမှာ ..
``ဟာ .. ဖေဖေ့လိုတော့ ဘယ်သန့်ရှင်းပါ့မလဲ၊ ဖေဖေက အရပ်အမြင့်ကြီးပဲဟာ၊
ဖေဖေ့ထက်စာရင် သားက မြေကြီးနဲ့ပိုနီးတာကိုး´´

ရှင်းရော ..
``မင်း ကဗျာရွတ်ပြိုင်ပွဲမှာ မပါဘူးလား´´
``ငါ့ .. ငါ့ကို .. မ … မ .. ပြိုင်ရဘူးတဲ့´´
``ဘာဖြစ်လို့လဲ´´
``အ .. အရပ် .. ပု .. ပု .. ပုလို့တဲ့ကွ´´

ဒီနေ့ကံကောင်းပါလား ..
``င့ါဦးလေးက တောပစ်ထွက်တာ အရမ်းဝါသနာပါတယ်ကွ၊ သူတောပစ်ထွက်တိုင်း
အမြဲကံကောင်းတာချည်းပဲ´´
``ဟင် .. မင်းဦးလေး တောပစ်ထွက်တိုင်းအမြဲကံကောင်းတယ်သာပြောတယ် ..
တစ်ခါမှလည်း အမဲရပြီး ပြန်လာတာမတွေ့ပါလား´´
``လူမသေပဲပြန်ပြန်လာလို့ ကံကောင်းတယ်ပြောတာကွ´´

ကျေးဇူးပြုရ်ျ ..
အဝေးပြေးလမ်းမကြီးတစ်ခုပေါ်တွင် အမျိုးသမီးတစ်ဦးသည် ကားတစ်စီးကိုလှမ်းတားပြီး ..
``ကျေးဇူးပြုပြီး ရှင် ကားပြင်တတ်လား၊ ကျွန်မကား စက်နှိုးလို့မရတော့လို့
ကူညီပါရှင်´´
``ခင်ဗျားကားက ဘာချွတ်ယွင်းသွားလို့လဲ´´
``ကာဘရိုက်တာထဲ ရေ၀င်သွားလို့ပါရှင်´´
``ဒါဖြင့် ကျွန်တော်လိုက်ကြည့်ပေးမယ်လေ၊ ခင်ဗျားကား ဘယ်မှာလဲ´´
``ဟိုရှေ့တံတားအောက်က မြစ်ထဲမှာပါရှင်´´

အားလုံးပေါင်းတော့ ..
သမီးရည်းစားနှစ်ယောက်ချိန်းတွေ့ကြရင်း မိန်းကလေးဖြစ်သူက ယောက်ျားလေးအား
သူ့ဓါတ်ပုံတစ်ပုံပေးသည်။ ယောကျာ်းလေးသည် နောက်ကျောကစာကိုဖတ်ပြီး
မျက်လုံးပြူးခဲ့ရလေသည်။
``ကိုကိုရယ် .. ကိုကို့ကို အချစ်စစ် အချစ်မှန်နဲ့ တကယ်ကိုချစ်မိတာပါ ..
နှလုံးသားက သစ္စာချစ်နဲ့ ထာဝရချစ်သူ .. သိန်း´´
သတိ
``ကိုကို၊ သူများတို့နှစ်ယောက် အဆင်မပြေလို့ ဖြတ်ကြရင်တော့
ဒီဓါတ်ပုံလေးပြန်ပေးနော်´´

ကျွမ်းကျင်ရာလိမ္မာ ..
ပါတီပွဲသို့တက်ရန် အ၀တ်အစားဝတ်နေသောသူတစ်ဦး သူ၏လည်စီးကို တပ်ဆင်ရာ
စိတ်တိုင်းမကျဖြစ်နေသည်။ ထိုစဉ် သူ့အခန်းရှေ့မှဖြတ်သွားသော
သူတစ်ဦးကိုတွေ့သဖြင့် လှမ်းခေါ်ပြီး ..
``ကျွန်တော့ကို ကျေးဇူးပြုပြီး ဟော့ဒီလည်စီးလေး စည်းပေးပါခင်ဗျာ´´
``ရပါတယ်ဗျာ .. ကုတင်ပေါ်တက်ပြီး ပက်လက်အိပ်လိုက်ပါ´´
ထို့နောက် ထိုလူက လည်စည်းကို ကျွမ်းကျင်စွာပင် စည်းပေးလိုက်သည်။
``ကျေးဇူးပဲဗျာ .. ခင်ဗျားစည်းပေးလိုက်မှ စတိုင်ကျသွားတော့တယ်၊ ဒါနဲ့
ခင်ဗျားက မတ်တပ်စည်းမပေးပဲ ဘာလို့အိပ်ခိုင်းပြီး စည်းပေးတာလဲဗျ´´
``ကျွန်တော်က အအေးတိုက်မှာ အလောင်းတွေကိုပြင်ဆင်ပေးရတဲ့သူမို့ပါ´´

အရေးတယူ ..
``ဗျို့ .. အိမ်ရှင်တို့ အိမ်ရှင်တို့´´
အိမ်ရှင် ။ ။ ဘာကိစ္စလဲရှင် ..
``ကျွန်တော် ရေပိုက်ပြင်သမားပါ၊ အစ်မကြီးတို့အိမ်က ရေပိုက်ပြင်ဖို့ ခေါ်ထားလို့ပါ´´
အိမ်ရှင် ။ ။ ဟင် .. ကျွန်မတို့လည်း မခေါ်ရပါလားရှင် ..
``ဒါဖြင့် ဒီအိမ်က မစ္စတာမာတင်တို့အိမ် မဟုတ်ဘူးလား´´
အိမ်ရှင် ။ ။ မဟုတ်တော့ဘူးရှင့်၊ သူတို့ဒီအိမ်ကပြောင်းသွားတာ တစ်နှစ်လောက်ရှိပြီ ..
``ကဲ .. အဲ့ဒါသာကြည့်တော့ အစ်မကြီးရေ၊ သူတို့ပဲ အရေးကြီးလို့
ရေပိုက်အမြန်ပြင်ချင်တယ် လာပါဆိုလို့လာရတယ်၊ ဒီရောက်တော့
သူတို့ကပြောင်းသွားပြီတဲ့ .. ဟွန်း´

ပြေးစရာလိုလို.လား

အားကစားကွင်းထဲမှာ သူငယ်ချင်း ၂ယောက် ဆုံတုန်းလေး စကား ပြောနေကြတယ် ။
မောင်ခန့် ။ ။ ဒီကောင်တွေဘာလို. ဒီလောက်မြန်မြန် ကြီးပြေးနေတာလဲ ကွ ။
သူငယ်ချင်း ။ ။ ပထမ ဆုံးပန်းဝင်တဲ့သူက ဆုရမှာလေကွာ ၊ ဘာလဲ မင်းက ၀င်ပြိုင်ချင်လို.လား ။
မောင်ခန့် ။ ။ မဟုတ်ပါဘူးကွာ ......ငါစဉ်းစား နေတာ ကွ ၊ ပထမဆုံးပန်းဝင်တဲ့သူပဲ ဆုပေးမှာကို ကျန်တဲ့ကောင်တွေက ဘာလို. လိုက်ပြေးနေသေးလဲလို.ပါ ။

မပျံတတ်လို.ပါ
လေယာဉ်တစ်ခါမှ မစီးဖူးတဲ့ ခရီးသည်တစ်ယောက် လေယာဉ်မယ်ကိုမေးသည်-
ခရီးသည် ။ ။ တို.ကို လေထီးတွေ ထုတ်ပေးမှာလား ။
လေယာဉ်မယ် ။ ။ မပေးပါဘူးရှင် ။
ခရီးသည် ။ ။ ငါရေကြောင်းခရီးသွားတုန်းကတော့ အသက်ကယ် ၀တ်စုံတွေ ခရီးသည်တိုင်းပေးတယ်ကွ ။
လေယာဉ်မယ် ။ ။ ခုရေကြောင်းခရီးသွားနေတာ မဟုတ်ပါဘူးရှင် ။
ခရီးသည် ။ ။ ဟ လူတိုင်းနီးပါးရေကူးတတ်တာတောင် အသက်ကယ်ဝတ်စုံပေးသေးတာ ဘယ်သူမှ မပျံတတ်တဲ့ လေကြောင်းကျမှပဲ လေထီး ထုတ်မပေးဘူး ဆိုတော့ တစ်ဆိတ်လွန်ပြီ ထင်တာပဲ ။

အမေးနဲ.အဖြေ
မောင်ခန့် ။ ။ ငါးတွေဘာလို. ရေကူးကြတာ လဲကွ ။
သူငယ်ချင်း ။ ။ သူတို.မှ မပျံတတ်ကြတာပဲ ကွာ ။

မတတ်နိုင်လို.ပါ
ကျောင်းက ပြန်လာတဲ့ သားဖြစ်သူကို အမေက မေးသည် -
အမေ ။ ။ ဒီနေ.ကျောင်းမှာကောင်းကောင်းနေခဲ့ရဲ.လား ။
သား ။ ။ ဟုတ်ကဲ့ပါမေမေ ။
အမေ ။ ။ ဘာပြသနာ လုပ်ခဲ့သေးလဲ ။
သား ။ ။ မလုပ်ခဲ့ပါဘူး မေမေ ။
အမေ ။ ။ ဒါဆို မင်းဘယ်သူ.ကိုမှ အနှောက်အယှက်မပေးခဲ့ဘူးပဲ ငါ့သားလေး လိမ်မာ လာပြီ ။
သား ။ ။ ဘယ်ပေးနိုင်ပါ့ မလဲ မေမေရယ် သားက တစ်ချိန်လုံး အတန်းထောင့်မှာ မတ်တပ်ရပ်နေခဲ့တာလေ ။ ......:P

ပြန်တွေ.ပြီ
မောင်ခန့် သူငယ်ချင်းနဲ. ဆုံတုန်း အာလာပသလာပ စကားပြောနေကြသည်။
မောင်ခန့် ။ ။ နွေရာသီတုန်းက ငါ့နာရီ ကျပျောက်သွားတာလေကွာ မင်းမှတ်မိသေးတယ်မလား ။
သူငယ်ချင်း ။ ။ အေး မှတ်မိတယ်လေ ၊ ဘာလို.လဲ ။
မောင်ခန့် ။ ။ အေးကွ မနေ.က ငါအနွေးထည် အကျီင်္ ကို စစ်ကြည့်ရင်းနဲ. တွေ.ပြီက ဟားဟား ။
သူငယ်ချင်း ။ ။ နာရီလား ။
မောင်ခန့် ။ ။ မဟုတ်ဘူး ထွက်ကျတဲ့ အပေါက် လေ

No comments: