Benner

Friday 10 December 2010

သေတမ်းစာ။

အဘိုးအိုတစ်ယောက်အကြားအာရုံချို့ယွင်းတာ နှစ်ပေါင်းအတော်ကြာ ပါပြီ။
တစ်နေ့တော့ သူ့အကြားအာရုံပြဿနာကို ဆရာဝန်သွားပြတော့
ဆရာဝန်က သူ့ကိုရာနှုန်းပြည့်ပြန်ကောင်းစေမယ့်ဆေးတွေ၊ နည်းလမ်း တွေပေးလိုက်ပါတယ်။
တစ်လလောက်ကြာတော့ အဘိုးကြီးက ဆရာဝန်ဆီ ထပ်လာပါတယ်။

"အဘိုးရဲ့ အကြားအာရုံကတော့ လုံးဝကိုပြန်ကောင်းသွားပါပြီ။ အဘိုး
မိသားစုကတော့ဝမ်းသာမှာပဲ"လို့ဆိုတော့ အဘိုးကြီးက"ကျုပ်သူတို့ကို
အခုထိ ကျုပ်နားပြန်ကောင်းပြီဆိုတာ မပြောရသေးဘူး။ သူတို့နားထိုင်
ပြီး သူတို့ပြောတာတွေနားထောင်ရင်းနဲ့ပဲ ခုဆိုကျုပ်သေတမ်းစာကို ပြန် ပြင်တာသုံးခါရှိသွားပြီ"တဲ့။

No comments: