Benner

Thursday 25 July 2013

တောင်တန်းသာသနာပြု ဆရာတော် ဦးဥတ္တမသာရ၏ တရားတော်



တောင်တန်းသာသနာပြု ဆရာတော် ဦးဥတ္တမသာရ၏ တရားတော်ပါ။ ဆရာတော်ဟာ ပရိတ်ရွှတ်လျှင် ပရိတ်ရေများ ပွက်ပွက်ဆူလာသောကြောင့် ရေဆူဆရာတော်အဖြစ်လည်း လူသိများပါတယ်။ စိတ်ကို အရမ်းအေးချမ်းစေမည့် တရားတော်ပါ။ လူသားတိုင်း လက်ကိုင်ထားသင့်သည့် မေတ္တာတရားအကြောင်းနှင့် ဆရာတော်ဘုရားကြီး၏ ကိုယ်တွေ့ ဖြစ်ရပ်ဆန်းကြယ်များပါ ထည့်သွင်းဟောထားသည့် တရားတော်ပါ။ ကျွန်တော်ကိုယ်တိုင် အကြိမ်ကြိမ်နာဖြစ်ပါတယ်။ လူသူ အရောက်အပေါက်နည်းသော ချင်းတောင်တန်းဒေသမှာ တစ်ပါးတည်း တောရကျောင်းမှာ သတင်းသုံးရင်း ကျင့်ကြံအားထုတ်စဉ်မှာ တောင်စောင့်နတ်၊ ဝိဇ္ဖာထိုရ်များ ဆရာတော်အား လာရောက်ဖူးမြော်ခြင်း စတဲ့ ဆရာတော်ရဲ့ ကိုယ်တွေ့များကို ထည့်သွင်း ဟောထားပါတယ်။ ဘဝရဲ့ အောင်မြင်မှု့ တစိတ်တဒေသအတွက် အထောက်အကူပြုပြီး စိတ်ဖိစီးမှု့နှင့် စိုးရိမ်ပူပန်မှု့များကိုဤတရားတော်ကြောင့် ငြိမ်းအေးစေပါလိမ့်မယ်။
ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

No comments: