Benner

Thursday 4 July 2013

အင်္ဂလိပ်စာ အခြေခံ နှင့် အလည်အလတ် လေ့လာနေသူများအတွက် အကောင်းဆုံး အင်္ဂလိပ်စာ သင်ခန်းစာများ


            မြန်မာနိုင်ငံမှာ မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့် မြန်မာတွေ သရုပ်ဆောင်၊ စကားပြောမှု့များကို ရိုက်ကူးထားပါတယ်။ လိုပိုမရှိ ကောင်းမွန်ပါတယ်။ Course ကတော့ အမေရိကန်ထုတ်လို့ ထင်ရပါတယ်။ အပိုင်း ငါးပိုင်း ပိုင်းထားပါတယ်။ ဗီဒီယို ဗွီစီဒီများပမာ သရုပ်ဆောင် ထားတဲ့အတွက် နားထောင်ကြည့်ရှု့ လေ့လာရသည်မှာ အလည်အလတ် လေ့လာနေသူများအဖို့ များစွာ အထောက် အကူ ပြုနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အခြေခံသမားများအတွက်ကတော့ နည်းနည်းများ မြင့်နေမလားတော့ မသိပါ။ နိုင်ငံ ရပ်ခြားကို သွားမည့်သူများအဖို့ အများဆုံး ကြုံတွေ့ရမည့်၊ ပြောဆိုရမည့် အခန်းများနှင့် နေ့စဉ် ပြောဆိုနေကြရတဲ့ စကားပြောများ မြောက်များစွာ ပါဝင်ပါတယ်။ ငပိသံ တော်တော်လေးကို အထွက်နည်းတဲ့ မြန်မာနိုင်ငံမှ လူငယ်များ ပါဝင် စကားပြော သရုပ်ဆောင်ထားပါတယ်။ လေ့လာမှု့အတွက် စိတ်ကျေနပ်မှု့ ရပါစေရမည်ဟု အတတ် ပြောရဲပါသည်။ အပိုင်း ၁ ပိုင်းလျှင် ၁၀၃ မီဂါဗိုက်ဖြင့် ပိုင်းထားပါတယ်။ ဆိုဒ်ကြီးတဲ့အတွက် အင်တာနက် ကော်နက်ရှင် ကောင်းသော နေရာများမှသာ ဒေါင်းလို့ အဆင်ပြေပါလိမ့်မယ်။ အပိုင်း ငါးပိုင်းလုံး ဒေါင်းပြီးမှသာ Extract လုပ်ဖို့ ကြိုပြောပါရစေခင်ဗျာ။

အပိုင်း ၁

အပိုင်း ၂

အပိုင်း ၃

အပိုင်း ၎

အပိုင်း ၅

အထက်ပါ ဗွီဒီယို၊ ဗွီစီဒီဖိုင်များကို မလိုပါဘဲ MP 3 အနေဖြင့် သီးသန့်နားထောင် လေ့လာလိုပါက ဒီနေရာမှာ တစ်ပေါင်းတည်း ဒေါင်းယူနိုင်ပါတယ်။ 

No comments: