အရင့်အရင်ကဆိုရင် ကျနော့်မှာဖြင့် ISO အခွေတွေကို ဘမ်းဘို့အတွက် နီယို နဲ့ အခြား ဆော့ဝဲလ်တွေ လိုသလို ကွန်ပြူတာထဲမှာ သွင်းခဲ့ဘူးတယ်။ နီယိုဆိုလျှင် ဖိုင်ဆိုဒ်ကလည်း ခပ်ကြီးကြီးပဲ မဟုတ်လား။ အခု ဆော့ဝဲလ်လေးကတော့ ဖိုင်ဆိုဒ်လည်း တော်တော်လေးကို သေးပါတယ်။ အထူးသဖြင့် ဝင်းဒိုးလို ISO အခွေတွေကို ကူးတာ၊ ဖန်တီးတာတွေမှာ အထူးကောင်းမွန်ပါတယ်။ အနှစ်သက်ဆုံးကတော့ ဖန်ရှင်တွေ သိပ်မများဘဲ ရိုးရိုးရှင်းရှင်းနဲ့ ဖိုင်ဆိုဒ်လေး သေးနေတာကိုပါပဲ။ နောက်တစ်ခုက သင့်မှာ ရှိနေတဲ့ ISO File နဲ့အတူ အတီဗိတ်ဖိုင်ကိုပါ ထပ်ပေါင်းထည့်လို့လည်း ရပါသေးတယ်။
No comments:
Post a Comment