Benner

Saturday 9 February 2013

ဖတ်ချင်ရင်ပေါ့။

ဝထ္ထုစာအုပ်တွေကို မဖတ်ဖြစ်တာဆိုရင် တော်တော်လေးကို ကြာနေပြီ။ သိပ်ပြီးလည်း စိတ်မပါတော့သလိုပါပဲ။ နောက်တစ်ခုက စာအုပ်ဆိုတာက စာအုပ်နဲ့လက်မှာကိုင်ပြီး ဝမ်းလျားမှောက်၍ဖြစ်စေ၊ ထိုင်လျှက်ဖြစ်စေ ဖတ်ရမှ။ ကွန်ပြူတာက PDF ဖိုင်တွေကို ဖတ်ရတာ သိပ်ပြီးတော့ ဘဝင်မကျသလိုပဲ။ အိပ်ချင်နေပါလျှက်နဲ့ ဒီစာအုပ်ကို ကွန်ပြူတာနဲ့ ဖတ်ကြည့်လိုက်တာ... အစက နည်းနည်း အထနှေးသလို စိတ်မပါသလို ဖြစ်မိပေမဲ့ ဖတ်ရင်းနဲ့ စိတ်ဝင်စားသွားလိုက်တာ ပြီးသွားတဲ့ အထိပဲ။ တော်တော်လေး ဖတ်လို့ ကောင်းပါတယ်။ လူတွေရဲ့ စရိုက် သဘာဝကို ဖော်ပြထားသလို၊ သဘာဝ ဘေးတွေကြောင့် ဘယ်လိုတွေ ကြုံတွေ့ရတယ်၊ စစ်ဆိုတာက ဒီလို ရက်စက်ပြီး ဒီလို ပြတ်သားစွာ လုပ်နိုင်မှ စတဲ့ စိတ်လှုပ်ရှားဖွယ်များကို စာအုပ်ကို ဖတ်ရင်းနဲ့ ရသတွေ၊ ဗဟုသုတတွေကြောင့် ဖတ်လို့ အရမ်းကောင်းပါတယ်။
ဖတ်ကြည့်ချင်တယ်ဆိုရင် ဒီနေရာမှာ ဒေါင်းကြည့်ပါ။

No comments: