ဂျီတော့ကို သုံးပြီး Always Idle လုပ်ထားချင်တာလား။ Invisible Gtalk သုံးချင်တာလား။ ဂျီတော့ကို အကောင့်တွေ အများကြီးဖွင့်ပြီး ကျူချင်တာလား။
အားလုံးလိုလိုက သိပြီးသားပါ။ ခဏခဏ မေးနေကြလို့ပါ (မသိသေးတဲ့လူတွေ အတွက်ပေါ့)။ ကျနော့်ဆိုဒ်မှာက ကွန်မန့် ပေးလို့ မရအောင် လုပ်ထားပါတယ်။ ဘယ်သူ့ကိုမှလည်း တိုက်ခိုက်ရေးသားနေတာ မဟုတ်ပါဘဲနဲ့ ရိုင်းရိုင်းစိုင်းစိုင်း ဝင်ဆဲနေတဲ့ လူရှိနေလို့ပါ။

သင်ဒေါင်းလုပ်...လုပ်လိုက်တဲ့ Gtalk Application တိုင်းဟာ ပွားလို့ ရတယ်လို့ မထင်ပါနဲ့။ တချို့သော နိုင်ငံများမှာ ဒေါင်းထားတဲ့ Gtalk Application တွေဟာ ပွားလို့ ရတဲ့ Function ပါမလာတတ်ကြပါဘူး။ အများအားဖြင့်တော့ ပွားလို့ ရပါတယ်။ ပွားလို့ ရတဲ့ ဂျီတော့ကို လိုအပ်ရင် ဒီနေရာကို နှိပ်ပြီး ဒေါင်းလုပ် ရယူပါ။ အရင်က ပို့စ်တွေမှာလည်း ဂျီတော့နဲ့ ပတ်သက်လို့ တင်ခဲ့ဖူးပါတယ်။ အကယ်၍ သင့်အနေနဲ့ ဂျီတော့လည်း သုံးမယ်.. ကိုယ့်ကိုလည်း မမြင်စေခြင်ဘူးဆိုရင်လည်း အင်ဗေးစဘဲ ဂျီတော့ကို ဒေါင်းပြီး သုံးနိုင်ပါတယ်။ (ဂျီမေးကတော့ ရပါတယ်) လိုအပ်ပါက ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။ တစ်ခုပြောလိုသည်မှာ အင်တာနက် ကော်ကောင်းမှ သူက အလုပ်လုပ်ပါတယ်။ နောက်တစ်ခုက ဂျီတော့ကို Always Idle ပြုလုပ်ထားလိုပါသလား။ ဒီနေရာမှာ ဒေါင်းပြီး ပါလာတဲ့ ဖိုင်လေးကို ရမ်းလိုက်ပါ။ တစ်ခုပြောချင်တာက မရမ်းခင်မှာ အန်တီဗိုင်းရပ်ကို ပိတ်ထားပေးပါ။ ရမ်းပြီးတာနဲ့ မပြီးသေးပါဘူး။ Task Bar မှာ ရှိနေတဲ့ Gtalk Icon ပေါ်ကို Right Click နှိပ်ပြီး Always Idle ကို မှန်ခြစ် ပေးထားရပါမယ်။