Benner

Friday 18 May 2012

ကမ္ဘာပေါ်မှာ အင်တာနက် ကွန်နက်ရှင်အမြန်ဆုံး နိုင်ငံများ

        အင်တာနက် အသုံးပြုရင်း ကော်နက်ရှင် စပိနည်းတာနဲ့ ကျကျသွားရတာနဲ့ လူတော်တော်များများ စိတ်ပျက်ကြဖူးပါလိမ့်မယ်။ ဘာရယ်တော့ မဟုတ်ပါဘူး။ ဗဟုသုတ အနေနဲ့ ကမ္ဘာပေါ်မှာ အင်တာနက် ကွန်နက်ရှင်အမြန်ဆုံး နိုင်ငံများကို ကွန်ပြူတာ ဂျာနယ်မှာ ဖတ်မိရာမှ ....

            တောင်ကိုးရီးယားနိုင်ငံက အင်တာနက် သုံးတဲ့ သူတွေ တော်တော်ကံကောင်းတယ်လို့ ဆိုရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တောင်ကိုးရီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ အင်တာနက် အမြန်နှုန်းကို အမြင့်ဆုံးသုံးစွဲ နိုင်တဲ့ နိုင်ငံ ဖြစ်လို့ပါပဲ။ အင်တာနက်ကွန်နက်ရှင်က သင့်တင့်တဲ့ အမြန်နှုန်းရှိမှသာ Website တွေနဲ့ Video File တွေကို အဆင်ပြေပြေ ကြည့်ရှု့နိုင်မှာ ဖြစ်သလို တစ်ချို့ application တွေကိုလည်း အဆင်ပြေပြေ download လုပ်နိုင်တယ်ဆိုတာ အင်တာနက်သုံးဖူးသူတိုင်း  သိ့ကြပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ လက်ရှိ အင်တာနက် download လုပ်တဲ့နှုန်းက ကမ္ဘာပေါ်မှာ အမြန်ဆုံးဆိုတော့ တောင်ကိုးရီးယားနိုင်ငံ သား အင်တာနက်သုံးစွဲသူတွေ ပျော်ကြမှာက အသေအချာပဲပေါ့။
ကမ္ဘာတစ်ဝန်းက အင်တာနက်ချိတ်ဆက်မှုတွေကို လေ့လာစီစစ်ထားတဲ့ Pando Networks ရဲ့ 26 ကြိမ်မြောက် အစီရင်ခံစာက အင်တာနက် download အမြန်နှုန်းအမြင့်ဆုံးရနိုင်တဲ့ နိုင်ငံတွေထဲမှာ တောင်ကိုရီးယားက ပထမ၊ ရိုမေးနီးယားက ဒုတိယ၊ ဘူဂေးရီးယားက တတိယ နဲ့ လစ်သူယေးနီးယား နိုင်ငံက စတုတ္ထနေရာတွေ ရှိနေကြတယ်လို့ ဖော်ပြထားပါတယ်။
       တောင်ကိုးရီးယားနိုင်ငံရဲ့ ပျမ်းမျှ download speed အမြန်နှုန်းက တစ်စက္ကန့်မှာ 2,202 Kilobytes ၊ ရိုမေးနီးယားက တစ်စက္ကန့်မှာ 1,909 KBps ၊ ဘူလ်ဂေးရီးယားက 1,611 KBps ၊ လစ်သူယေးနီးယားက 1,462 KBps အသီးသီး ရရှိကြတယ်လို့ ဆိုတယ်။ သူတို့ရဲ့ နောက်မှာ ဂျပန်နိုင်ငံက 1,364 KBps ၊ ဆွီဒင်နိုင်ငံက 1,234 KBps ၊ ယူကရိန်းက 1,190 KBps ၊ ဒိန်းမတ်က 1,020 KBps နဲ့ ဟောင်ကောင်က 992 KBps စတဲ့ Download အမြန်နှုန်းတွေ ရရှိနေကြပါတယ်။
       အင်တာနက်သုံးတဲ့သူတွေ စိတ်ညစ်ရတဲ့ နိုင်ငံတွေကတော့ အင်တာနက်ကွန်နက်ရှင်နှေးကွေးလွန်းတဲ့ နိုင်ငံတွေပဲ ဖြစ်ပါလိမ့်မယ်။ Pando Networks ရဲ့ အစီရင် ခံစာထဲမှာ အင်တာနက် download အနှေးဆုံးနိုင်ငံက ကွန်ဂိုသမ္မတနိုင်ငံ ဖြစ်ပြီး သူ့ရဲ့ download အမြန်နှုန်းက တစ်စက္ကန့်မှာ 13KBps ပဲရှိတယ်လို့ ဆိုပါတယ်။ သူ့ရဲ့နောက်မှာ အလယ်ပိုင်းအာဖရိက သမ္မတနိုင်ငံ 14 KBps နဲ့ ကိုမိုရိုနိုင်ငံ (23 KBps) တို့ ရှိကြပါတယ်။
       ယေဘုယျအားဖြင့် ဖွံ့ဖြိုးပြီး စက်မှုနိုင်ငံကြီးတွေက ဖွံ့ဖြိုးဆဲနိုင်ငံတွေထက် အင်တာနက် အမြန်နှုန်း ပိုသာတယ်လို ဆိုနိုင်ပေမဲ့ အမေရိကန်ပြည်ထောင်စု (660KBps) ဗြိတိန် (599 KBps) ပြင်သစ် (604 KBps) တရုတ် (245 KBps ) ကနေတာ (575KBps) စတဲ့ နိုင်ငံတွေရဲ့ အမြန်နှုန်းက အမြန်ဆုံးနိုင်ငံတွေရဲ့ နှုန်းကို လိုက်မမီတာကိုလည်း ထူးထူးခြားခြား တွေ့ရှိရတယ်။ ကမ္ဘာတစ်ဝန်းက နိုင်ငံတွေရဲ့ ပျမ်းမျှ download အမြန်နှုန်းက 580 KBps ရှိနေတယ်လို့ Pando Network ရဲ့ အစီအရင်ခံစာထဲမှာ ဖော်ပြထားပါတယ် ။
Reference – Computer Journal
သစ်ယာအိုက်

No comments: