Benner

Tuesday 3 April 2012

မသိနိုင်မဲ့အချက်တွေ




ကုလားကားတွေမရှိရင် ဘယ်တော့မှမသိနိုင်မယ့်အချက်တွေကတော့.....
မင်းသားဟာ အပြင်းထန်ဆုံးအရိုက်အနှက်ခံနေရချိန်မှာတောင်
နာကျင်ပုံမပြပေမယ့် မင်းသမီးက အနာကိုသန့်စင်ပြီးဆေးထည့်ပေးတဲ့အခါမှာတော့
နာကျင်ပြီးတွန့်သွားတတ်ပါတယ်။ မင်းသားနဲ့မင်းသမီးဟာ မိုးရေထဲမှာ အရင်မ"က"ရသေးသရွေ့ ချစ်သူမဖြစ်ရပါဘူး။ မိတ်ကပ်တွေဟာလည်း တစ်ခါလိမ်းပြီးရင် မိုးရွာရွာ နေပူပူ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ဒီအတိုင်းပဲရှိနေပါတယ်။ မင်းသားနဲ့မင်းသမီး

ချစ်သူနှစ်ယောက် ကွင်းပြင်ထဲမှာ ကနေတုန်း ရုတ်တရက် (ဘယ်ကရောက်လာသလဲဆိုတာ
ဘုရားပဲ သိနိုင်တဲ့) လူ(၁၀၀)လောက် ထွက်လာပြီး သူတို့နဲ့အတူ
ဝင်ကလေ့ရှိပါတယ်။ ဇာတ်သိမ်းခန်းကျရင် မင်းသားဟာ
သူနဲ့တိုက်ခိုက်နေတဲ့လူဆိုးက သူ့အစ်ကိုဖြစ်ကြောင်း၊
သူ့ကိုကြည့်ရှုစောင့်ရှောက်နေတဲ့ အိမ်ဖော်မိန်းမကြီးက သူ့အမေဖြစ်ကြောင်း၊
ရဲအရာရှိကြီးက သူ့အဖေဖြစ်ကြောင်း၊ တရားသူကြီးက သူ့ဦးလေးဖြစ်ကြောင်း
စသည်ဖြင့် စသည်ဖြင့် ဖော်ထုတ်သိရှိသွားတတ်ပါတယ်။ ရုပ်ရှင်ထဲက စကားတွေကြားမှာ
ခပ်ကျယ်ကျယ်ပြောပြီး အများဆုံးညှပ်သုံးတတ်တဲ့ အင်္ဂလိပ်စကားလုံးတွေကတော့ "No
Problem", "My God!", "Get Out!", "Shut Up!", "Impossible" နဲ့ "Please
forgive me!" တို့ဖြစ်ပါတယ်။ မင်းသား မင်းသမီးတွေဟာ သီချင်းဆိုနေတုန်းမှာပဲ မြေကြီးပေါ်လှဲချပြီး လူးလှိမ့်နိုင်သလို အ၀တ်အစားတွေလဲ အမျိုးမျိုးပြောင်းနိုင်ကြပါတယ်။
သူတို့တွေဟာ အုန်းပင်တွေကြားမှာ
ပြေးလွှားခြင်း၊ သီချင်းဆိုခြင်း၊ မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်လုပ်ခြင်း၊
တစ်ယောက်နဲ့တစ်ယောက် ဖြတ်ကနဲ အကြည့်ချင်းဖလှယ်ခြင်း၊
အ၀တ်အစားလဲခြင်းများကို တပြိုင်ထဲမှာ လုံးဝမမောမပန်းဘဲ လုပ်နိုင်ကြပါတယ်။

တရုတ်သိုင်းကားတွေမရှိရင် ဘယ်တော့မှမသိနိုင်မယ့်အချက်တွေကတော့.....
မင်းသားရဲ့ မိဘဖြစ်ရတဲ့သူတွေဟာ ကံမကောင်းတတ်ကြပါဘူး။ မင်းသားငယ်စဉ်ဘ၀မှာ ရန်သူတွေသတ်တာခံရပြီး မင်းသားက မိဘမဲ့ဖြစ်သွားလေ့ရှိပါတယ်။ ဒဏ်ရရပြီး သေလုမျောပါးဖြစ်နေတဲ့ လူတွေဟာ အသက်ကိုရအောင်ရှုပြီး သူ့ကိုဘယ်သူသတ်သလဲဆိုတာ
ဖော်ထုတ်ဖို့စကားအနည်းငယ်ပြောပြီးမှ (သေကြောင်းပြတဲ့ အနေနဲ့) ခေါင်းကစောင်းသွားပါတယ်။ ရန်ငြိုးရန်စနဲ့တယောက်ကိုတယောက်ဂလဲ့စားလိုက်ခြေနေကြပါတယ်။
တွေ့လိုက်လို့ခင်မင်သွားရင်လည်းသွေးသောက်ဖွဲ့ဖို့ဝန်မလေးကြသလို
မမွေးရသေးတဲ့ သားသားမီးမီး အချင်းချင်းကိုလည်းစေ့စပ်ထားကြပါသေးတယ်
သိုင်းပညာရှင်တွေဟာ ခေါင်မိုးတွေသစ်ပင်တွေပေါ်မှာ
အဝေးကြီးကို ချွေးလုံးဝမထွက်ဘဲ ပျံနိုင်ပါတယ်။ ဒါပေမယ့်
တခြားမြို့တွေရွာတွေကို ခရီးထွက်တဲ့ အခါတွေမှာတော့ လမ်းလျှောက်ပြီး
(ဒါမှမဟုတ်) မြင်းစီးပြီး သွားကြရရှာပါတယ်။ မင်းသားသူရဲကောင်းတွေဟာ
ပိုက်ဆံရဖို့အတွက် အလုပ်မလုပ်ပေမယ့် ၀ယ်စားတဲ့ အစားအစာတွေအတွက် ပေးဖို့
ရွှေတုံးငွေတုံးတွေ သူတို့မှာ အမြဲ ရှိနေတတ်ပါတယ်။ တိုင်းပြည်က ဘယ်လောက်ကြီးကြီး၊ ဘယ်နေရာတွေမှာပဲ ရောက်နေနေ မင်းသားနဲ့လူဆိုးတွေဟာ မကြာခဏ လမ်းမှာဆုံလေ့ရှိကြပါတယ်။ အတွင်းဒဏ်ရာတွေ ကုသရတာလည်းအရမ်းလွယ်ကူပါတယ်။ တင်ပလင်ခွေထိုင်၊ ဒူးခေါင်းပေါ်မှာ လက်တွေတင်ပြီးရင်
ခေါင်းက မီးခိုးတွေထွက်သွားတာနဲ့ ပျောက်ပါပြီ။ သူတို့ဟာ အကျီလက်တွေ
ခါးပတ်တွေထဲမှာ ပစ္စည်းတွေအများကြီး (အထူးသဖြင့် ရွှေတုံးငွေတုံးတွေ)
ထည့်နိုင်ပြီး ဘယ်တော့မှလည်း ပြုတ်မကျကြပါဘူး။

ကိုရီးယားဇာတ်လမ်းတွဲတွေမရှိရင် ဘယ်တော့မှမသိနိုင်မဲ့အချက်ကတော့.....
မင်းသမီး/မင်းသားတွေဟာ ဘ၀ကိုခက်ခက်ခဲခဲရုန်းကန်နေရတဲ့အခြေနေမှာတောင်မှ
သူတို့မှာ ဟမ်းဆက်အကောင်းစားနဲ့လပ်တော့ , ကွန်ပျူတာတွေကိုသုံးနိုင်ပါသေးတယ်။
မင်းသားတွေဟာ အိမ်ကနေထွက်ပြေးပုန်းရှောင်တတ်ကြပြီး
..သူတို့မိဘတွေအမွေစွန့်လွှတ်တယ်ဆိုတာကလည်း
Credit card တွေကိုပိတ်ထားခြင်းဖြစ်ပါတယ်။
မင်းသမီးတွေဟာဆိုဂျူသောက်လို့မူးသွားရင်မင်းသားကကုန်းပုံးသွားတတ်ပါတယ်။
အစပိုင်းမှာ အမြဲတမ်းမင်းသားတွေကမာနကြီးကြီးတွေဖြစ်ကြပါပီး
အဲ့မာနကြီးတဲ့သူမှာကောင်မလေးတွေကလည်းဝိုင်းဝိုင်းလည်နေပါတယ်
တခုခုဖြစ်ရင်မင်းသမီးတွေကဒေါက်ဖိနပ်နဲ့ကန်တတ်ပါသေးတယ်
တယောက်ကတယောက်ကိုကြိုက်ပီးနောက်တယောက်ကနောက်ထပ်တယောက်ကိုကြိုက်တဲ့
3 in 1 , 4 in 1 ... complicated realtionship တွေကတော့အမြဲတမ်းပါပါတယ်။
တယောက်နဲ့တယောက်ဟိုဘက်ကားလမ်းဒီဘက်ကားလမ်းနဲ့တမျိုးမဟုတ်တမျိုးလွဲတတ်ကြပြီး
မိုးရေထဲမှာ .. နှင်းတောထဲမှာ အမြဲတမ်းအအေးမိပီးဖျားနာတတ်ပါတယ်။
လူဆိုးတွေဟာ ဘေ့စ်ဘောတုတ်တံကြီးနဲ့ရိုက်နှက်တတ်ပါတယ်။
ဇာတ်နာခိုင်းစေချင်ရင်အဆုံးမှာ မင်းသား/မင်းသမီး တယောက်ယောက်ကို
သွေးကင်ဆာ ၀r ကားတိုက်ပီးသေခိုင်းပါတယ်။
လူမုန်းများတဲ့ဗီလိန်ကို အဆုံးမှာ သနားစရာကောင်းအောင်လည်းလုပ်ထားပါသေးတယ်။
ကင်ချီ , ရေညှိဟင်းချို နဲ့ပဲခေါက်ဆွဲကတော့ မပါမဖြစ်စားသောက်ရတဲ့အစားစာပါပဲ။

မြန်မာဇာတ်လမ်းတွေမရှိရင် ဘယ်တော့မှမသိနိုင်မဲ့အချက်ကတော့.....
မင်းသားဟာမင်းသမီးကိုချစ်ကြိုက်မိရင်သူ့အိမ်ရှေ့မှာဂစ်တာသွားတီးတတ်ပါတယ်။
မင်းသမီးဟာညအိပ်ယာဝင်ရင်တောင်မှမျက်နှာမသစ်ပဲမိတ်ကပ်အဖွေးသားနဲ့အိပ်တတ်ပါတယ်။
ဟိုနားဒီနားသွားရင်းနဲ့တောင်အကျီ င်္လဲဝတ်ကြပါတယ်(တစင်းနဲ့တစင်းအကျီ င်္မတူကြပါဘူး)
လူဆိုးတွေဟာဘယ်လောက်ပဲပူအိုက်အိုက်အရောင်မဲမဲကုတ်အကျီင်္ရှည်ရှည်တွေကိုဝတ်ပြီး
မျက်မှန်မဲကြီးတွေကိုလည်းဝတ်တတ်ကြပါသေးတယ်။
သေခါနီးလူတယောက်ဟာသူပြောချင်တဲ့စကားကိုပီးအောင်ပြောပီးမှအသက်ထွက်တတ်ပါတယ်။
မိဘသဘောမတူတဲ့သူနဲ့ကြိုက်မိရင်လည်း ကျောင်းပေးမတတ်တို့တာတို့ နိုင်ငံခြားလွှတ်တာတို့
အိမ်ပြင်ပေးမထွက်အခန်းထဲမှာပိတ်ထားတတ်ပါ၏။
မင်းသားတယောက်တည်းလူဆိုးတွေနဲ့ဖိုက်တင်ပလေးပီးမှတခြားသူတွေရဲတွေရောက်လာတတ်ကြပါတယ်။
အဖိုးကြီးအဖွားကြီးပုံသရုပ်ဆောင်ရင်လည်း အသားကညို ဆံပင်တွေကဖြူပီး ဘယ်တော့မှ
နှုတ်ခမ်းမွေးနဲ့မျက်ခုံးမွေးကမဖြူပါဘူး။
အရမ်းဆင်းရဲတဲ့သူဟာ ..ဘာရယ်မဟုတ်ပဲရုတ်တရက်ကြီးချမ်းသာသွားတတ်ပါသေးတယ်။
နောက်တစ်ခုက အရမ်းပညာတတ်ပြီး ပြီးပြည့်စုံနေတဲ့ သဌေးသားက လမ်းဘေးက ကောင်မလေးကို ကြိုက်တတ်သလို၊ ကြမ်းတိုက်နေတဲ့ အလုပ်သမလေးနဲ့ ကုမ္မဏီပိုင်ရှင်ရဲ့ သားနဲ့လည်း ချစ်ကြိုက်တတ်ပါသေးတယ်။

No comments: