Benner

Friday 16 March 2012

Google Reader အား အသုံးပြုခြင်း

         Google Reader ကို အသုံးပြုပြီး ကျနော်တို့ သွားရောက် လေ့လာနေကျ ဆိုဒ်များကို တနေရာထဲမှာ တထိုင်တည်း ဖတ်နိုင်အောင် ၄င်းကို ယခုကဲ့သို့ ပြုလုပ်နိုင်ပါတယ်။ www.google.co.uk မှ more ကို နှိပ်ပါ။ ၄င်းမှ Reader ကို ရွေးခြယ်ပါ။ မိမိ၏ ဂျီမေးဖြင့် ဆိုင်းအင် လုပ်ပါ။ အားလုံးဟာ အတူတူပါ။ Reader အတွက် သီးသန့် အကောင့် ထပ်မံဖွင့်ရန်မလိုအပ်ပါ။ အောက်ပါ ပုံများအတိုင်း ပြုမူ ဆောင်ရွက်ပါက သင်သွားနေကျ၊ လေ့လာနေကျ ဆိုဒ်များကို မိမိ၏ ရီဒါမှ တထိုင်တည်း ဖတ်နိုင်ပါတယ်။

Subscribe ကို နှိပ်ပါက လိပ်စာထည့်ရင် ဘောက်တစ်ခု ကျလာပါမယ်။ ၄င်းဘောက်ထဲတွင် မိမိ သွားနေကျ လိပ်စာများကို ထည့်ပြီး အက်လုပ်လိုက်ပါက မိမိရီဒါမှ အေးအေးလူလူ ဖတ်နိုင်ပါပြီ။
အဆင်ပြေပါစေ။

No comments: