Benner

Sunday 25 March 2012

ဥရောပ စံတော်ချိန်

                လွန်ခဲ့သော လေးလက လက်ရှိ အချိန်ကို တစ်နာရီ နောက်ဆုတ်သွားပြီး တိတိကျကျ ပြောရလျှင် (၂၅.၁၁.၁၁)နေ့က ---- လေဆိပ်ကို သွားရင်း နာရီများအားလုံး နောက်ဆုတ်သွားကြရာ ယနေ့ (၂၅.၀၃.၁၂) လေးလအတိ အကြာတွင် နာရီများအားလုံး ပြန်ပြီး တစ်နာရီရှေ့သို့ တိုးသွားခဲ့ပါတယ်။ ဒါဟာ ဥရောပရှိ နိုင်ငံများရဲ့ နေလမ်းကြောင်းပေါ်မူတည်ပြီး ပြောင်းလဲလေ့ရှိတဲ့ နှစ်စဉ်ပြောင်းလဲနေကျလို့ ပြောပါတယ်။ ကျနော်တို့ အနေနဲ့ ထူးဆန်းသလို ဖြစ်နေပါတယ်။ အင်တာနက်နဲ့ ချိတ်ဆက်ထားသော ကွန်ပြူတာရှိနာရီများ သူ့အလို လျှောက် အချိန်ပြောင်းသွားပါတယ်။ ဥရောပမှာ ထုတ်တဲ့ လက်ပတ်နာရီများလည်း ပြောင်းပါတယ်။ တယ်လီဖုန်းများလည်း အော်တို ပြောင်းပါတယ်။ ဥရောပ နိုင်ငံများ အားလုံးလို ပြောင်းလဲတဲ့ အပြောင်းအလဲ ပါလို့ အသိတစ်ယောက်ကပြောပြလို့ အံသြရပါတယ်။

No comments: