Benner

Monday 20 February 2012

မကူညီသင့်သောလူများအကြောင်း

မိတ်ဆွေ...
         တခြားဟာတွေကို မပြောလိုပါဘူး။ ကွန်ပြူတာနဲ့ ပတ်သက်လို့ ကူညီတော့မယ်ဆိုရင်.... ပိုင်ရှင်က တကယ်ကို လိုလိုလားလားနဲ့ အကူအညီတောင်းတာလား။ ၄င်းဘက်မှ တကယ်လိုအပ်မှသာ ကူညီပါ။ ထိုသို့ မဟုတ်ပါက အမြင်မတော်လို့ ဆိုတဲ့ အတွေးမျိုးလေးနဲ့တော့ သွားမလုပ်တာ အကောင်းဆုံးပဲဗျ။ ဒါကလည်း အခြေအနေ တစ်ခုပေါ်မှာလည်း မူတည်ကောင်းမူတည်နေပါလိမ့်ဦးမယ်။

           ကျနော်ကတော့ ကွန်ပြူတာနဲ့ ပတ်သက်လို့ ဘာဆိုဘာမှ မသိတဲ့ လူသုံးဦးကို ကူညီဖူးလို့ အခမဲ့ စိတ်ကသိကအောက် ဖြစ်ခဲ့ဘူးတယ်။ သူဟာ ငါ့အတွက် ငါ့ရဲ့ အစ်ကိုက ဦးလေးက အကူအညီတောင်းလို့ လုပ်ပေးနေတာပါလို့ မမြင်ပါဘဲနှင့်...ပြဿနာဖြစ်သွားမှာကိုချည်းတွေးနေတတ်တယ်။ ထိုကြောင့်...ကျနော့်အနေဖြင့် ဘာမှ မသိတဲ့လူတွေကို ဝေးဝေးကနေ ရှောင်ရင် ပိုတောင် ကေင်းမယ်လို့ မြင်မိပါတယ်။
*** ချွင်းချက်တွေတော့ အများကြီး ရှိပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်အပေါ်မှာ ယုံကြည်မှု့ အားနည်းသူများကို လုံးဝ မကူညီသင့်တာတော့ အမှန်ပါ။

No comments: