Benner

Sunday 5 February 2012

ဆရာ့ ဆရာများ

    သူ့ကို ခင်ဗျား စကားသွားမပြောလေနဲ့ သူက ဆရာကြီးဗျ။ ပြောတဲ့ စကားတိုင်းမှာ သူသာလျှင် အသိဆုံး သူသာလျှင်အတတ်ဆုံးနဲ့ သူက နေရာတိုင်းမှာ ခေါင်းဆောင် လုပ်ခဲ့တဲ့လူပါ။ သူပြောခဲ့တဲ့ လေသံအရတော့ နေရာတိုင်းမှာလို အကြီးဆုံးဆိုတဲ့ နေရာတွေကို သူဝင်ယူနိုင်ခဲ့တာပါပဲ။ ဟိုအကြောင်းလည်း မပြောနဲ့ သူသိပြီးသားဗျ။ ဒီအကြောင်းဆိုလည်း သူလုပ်လာတာ အပ်ကြောင်းထပ်နေပြီ။ ခင်ဗျားကို ရှင်းပြလိုက်ဦးမယ်။
     အဲဒီတော့ ခင်ဗျားလုပ်စရာ နည်းနည်းပဲ ရှိပါတယ်။
သူနဲ့တွေ့ရင် ခင်ဗျား သူ့ကို ပြောဖို့ ဘာမှ မရည်ရွယ်နဲ့ သူပြောသမျှကို နားထောင်ပြီး...အော်.. ဟုတ်လား..အဲဗျာ..ဟုတ်တာပေါ့။ ဒါပေါ့ဗျာ။ အဲဒါလောက်ပဲ ခင်ဗျား ပြောပါ။ သို့မဟုတ်ပါက ခင်ဗျား သွားပြောပါက မင်းဟာ မလောက်လေး မလောက်စားပဲ ရှိသေးတယ်..ငယ်ပါသေးတယ်ကွာ ဆိုတဲ့ အထာနဲ့ ပါးဖြတ်ရိုက်သလိုမျိုး အပြောခံရမှာကို ကြိုမြင်လို့ပါ။ အဲဒီတော့ သူနဲ့တွေ့ရင် ဘာမှ သိတာကို သွားမပြောပါနဲ့။ နောက်ဆုံး အရေးအကြီးဆုံး တစ်ခုက သူ့ခေါင်းထဲမှာ အချိန်ပြည့် ကြီးစိုးထားတာက....အသက်ကြီးတဲ့လူဟာ..ပိုပြီး တန်ဖိုးရှိတယ်၊ အရာရာတိုင်းမှာ လူငယ် (သူ့ထက် အသက်ငယ်) တွေထက် ပိုသိတယ် ဆိုတာပဲ။
           သေချာတာတစ်ခုကတော့ သူမသိမေးလာခဲ့တာ (မလွဲသာလို့နော်)တောင်မှ ကိုယ်ကရှင်းပြနေရင်း ရှေ့က သွားပြချင်နေသေးတယ်။ ဘဝဆက်တိုင်း ဆုတောင်းပါတယ်...ကျနော် ဘာကို ဆုတောင်းမယ်လို့ ထင်ပါသလဲ...(င်ဗျား ထင်သလို မဟုတ်ဘူးဗျ...ကျနော်က အဲလို လူမျိုးနဲ့ တွေ့ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင်ခန်းစာ ရတယ်လေဗျာ။ သူ့လိုလူမျိုးကို မတွေ့ရရင် ကိုယ်ကိုယ်တိုင်တောင် သူ့လို ရှူးနိုင်တယ်လေ..)

No comments: