Benner

Tuesday 31 January 2012

အိမ်

ကျနော့်ကို မွေးခဲ့တဲ့အိမ်
ကျနော်နေခဲ့တဲ့ အိမ်
ကျနော့် ဘိုးစဉ်ဘောင်ဆက် နေခဲ့တဲ့ အိမ်
ကျနော် မွေးချင်းတွေ လက်ရှိနေ နေတဲ့ အိမ်
ကျနော့်မေမေ ကျနော့်ကို ဆူ၊ ဆုံးမတဲ့ အိမ်
ကျနော် ကိုယ့်သဘောနဲ့ကို စွန့်ခွာခဲ့တဲ့ အိမ်
 အခုကျနော် လွမ်းနေတဲ့ အမေ့ အိမ်
 အခု ပြန်ချင်နေတဲ့ အိမ်
ဘယ်တော့ ပြန်ရမယ်မှန်း မသိတဲ့ အိမ်
ဒီတသက် ပြန်ရောက်ချင်မှ ရောက်တော့မဲ့ အိမ်
အတွေးထဲ စိတ်ကူးထဲ အိပ်မက်ထဲမှာ အမြဲရောက်တဲ့ အိမ်
အိမ်ပြန်ချင်တဲ့စိတ်၊ အိမ်ကို လွမ်းတဲ့စိတ်..တိတ်တဆိတ် ရောက်ရောက်လာတယ် အမေရယ်။

No comments: