Benner

Tuesday 31 January 2012

အရှိတရား


သူပြောတာ ကိုယ်နားမလည်ရင် ပြောတဲ့လူ presentation ညံ့တာ၊ ကိုယ်ပြောတာ သူနားမလည်ရင် အဲဒီ့လူ ဒုံးဝေးတာ… 
သူဆော်လို့ ကိုယ်ပြန်ဆော်ရင် မဟုတ်မခံတာ၊ ကိုယ်ဆော်လို့ သူပြန်ဆော်ရင် အာဃာတ ထားတာ…
သူများအယူအဆကို ကိုယ်က အဆိုးမြင်ရင်တော့ ဒါ ဝေဖန်ရေးလုပ်တာ၊ ကိုယ့်အယူအဆကို သူများက ဝေဖန်ရင်တော့ အဲဒါ အဆိုးမြင်တာ၊ အမှန်ကို နားမလည်အောင် ခေါင်လွန်းတာ…

သူများနယ်ပယ်ကို ကိုယ့်ဘက်က ကျူးကျော်သိမ်းပိုက်တော့ နိုင်ငံတော်ကို တည်ထောင်သူ၊ ကိုယ့်နယ်ပယ်ကို သူများက ကျူးကျော်သိမ်းပိုက်တော့ နယ်ချဲ့တာ… 
ဘုရင်တွေ လူမျိုးခြားနဲ့ ယူရင် ချစ်ကြည်ရေး၊ သာမန်လူတွေ လူမျိုးခြားနဲ့ ယူရင် မျိုးဖျက်တဲ့သူ… 
သူများ ဘာသာဝင်တွေ စည်းရုံးလာရင် သိမ်းသွင်း ဖြားယောင်းတာ၊ ကိုယ့်ဘာသာဝင်တွေက သွားစည်းရုံးရင် သာသနာပြုတာ…
 ကိုယ်လိုရာကို ကိုယ့်ဘာသာ ဆွဲတွေးတတ်ကြတဲ့ ကျနော်တို့ရဲ့ လောကကြီး။
အေး..လူတွေက မြေမြုပ်မိုင်းတွေ၊ ရေမြုပ်မိုင်းတွေ တီထွင်ကြတယ်တဲ့။ လူသတ်လက်နက်တွေ၊ သေနတ်တွေ၊ လက်ပစ်ဗုံးတွေ။ စသည်ဖြင့်ပေါ့။ ကြွက်ထောင်ချောက်တွေ ပေါ်လာပေမဲ့ ကြောင်တွေကတော့ ကြွက်တွေကို ခုတ်နေကြတုန်းပဲ။ လူတွေက နယူးကလီးယားတွေကို တီထွင်ခဲ့ကြတယ်.. ဘယ်ကြွက်ကမှ ကြွက်ထောင်ချောက် မတီထွင်ဘူး..

No comments: