Benner

Thursday 29 August 2013

ကွန်ပြူတာ၊ အင်တာနက်၊ ဆော့ဝလ်၊ ဟတ်ဝဲလ် စသည့် နည်းပညာ စာအုပ်များ

အောက်ဖော်ပြပါ စာအုပ်များသည် ဆရာဦးဇော်လင်း၏ Youth Computer သင်တန်းမှ လက်ချာအနေဖြင့် ပို့ချထားသော စကားပြောဆန်ဆန်ရေးထားတာတွေလို့ ကျနော် ထင်ပါတယ်။ http://www.onlineictreader.com/home/ebooks/articles/ စာမျက်နှာမှ ကြိုက်နှစ်သက်သည်များကို ဒေါင်းယူ ဖော်ပြပါသည်။

3D နှင့် ပတ်သက်သော ဗဟုသုတ

3D Video Card အကြောင်း
      
ADSL  (Asymetric Digital Subscriber Line) အကြောင်း သိကောင်းစရာများ 

DDR3 အကြောင်း

DDR3 Memory

DDR3 SD RAM

Dual Core & Core 2 Duo တို့ကြားက ကွာခြားချက်

Fiber Cable အကြောင်း

Folder Lock အကြောင်း
           ဒီဆော့ဝဲလ်လေးကို ဘယ်လိုအသုံးဝင်တယ်။ ဘယ်လို သုံးရတယ်ဆိုတာကို အကျယ်တဝင့်ရှင်းပြထားတာပါ။ မဖတ်ဘဲ ကိုယ့်ဘာသာလုပ်ရင်လည်း အဆင်ပြေမှာပါ။ အထူးအဆန်းတော့ မဟုတ်ပါဘူး။

Google Documents
         အခုရှာကြည့်တော့ Google Service မှာ မရှိတော့ပါဘူး။ တင်ပြီးသားမို့...

Information Software
           အခုဟာလည်း အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဆော့ဝဲလ်လေး တစ်ခုအကြောင်းကို ဘယ်လိုသုံးရတယ်ဆိုတာကို ရှင်းပြထားတာပါ။ စစ်စတမ်တွေ ဘယ်လိုကြည့်ရတယ် ဘာညာပေါ့။ Run Box ကနေပြီး dxdiag ဆိုပြီး ရိုက်ထည့်လျှင်လည်း ပြီးပါတယ်။

LAN Internet Network
           ဖတ်သင့်ပါတယ်။

Laptop အကြောင်း
              သိပြီးသား အကြောင်းအရာတွေက များနေပါလိမ့်မယ်။ ဒေါင်းချင်ဒေါင်း မဒေါင်းချင်နေပေါ့နော်။

Laptop တစ်လုံး ဝယ်တော့မယ်ဆိုလျှင်
           ဖတ်သင့်ပါတယ်။ သူများလာမေးရင်လည်း တော်တော်များများ ဖောလို့ ရတာပေါ့ဗျာ။ ကျနော်က ဘာအတွက် သုံးဖို့ ဝယ်ချင်တာပါလို့ ပြောလာရင် ရေရေလည်လည် ရွှီးနိုင်တာပေါ့။

လက်ပတော့က ပြဿနာများကို ဖြေရှင်းခြင်း
          ဘယ်လိုဖြစ်လာရင် ဘယ်လိုလုပ်ရမယ်။ ဘာကတော့ ဖြစ်နိုင်တယ် စသည်ဖြင့် ဖြစ်လေ့ဖြစ်ထရှိသည်များကို ရေးထားပါတယ်။ အော်.. ဂလိုလား။ ဒါဆိုရင်တော့ ဒါကြောင့်ပဲ ဖြစ်ရမယ်ဆိုတာတွေကို ရေးထားပါတယ်။ ထိထိရောက်ရောက်တော့ မရှိပါ။ အင်းပေါ့..လက်ပတော့တစ်လုံးကို ပုံထဲကအတိုင်း ဖြုတ်ဖို့တပ်ဖို့ ဆိုရင်တော့ စာမျက်နှာ ၇ မျက်နှာလောက်နှင့် မလုံလောက်နိုင်ပါ။ ဒါပေမဲ့ ဖတ်ထားရင်တော့ အကောင်းဆုံးပေါ့ စာမျက်နှာက နည်းနည်းလေးပါပဲ။

Sunday 25 August 2013

ဖေ့စဘုတ်တွင် ကိုယ့်သူငယ်ချင်းများကို တပါးသူတို့ မမြင်ရလေအောင် ပြုလုပ်ခြင်း

အောက်ပါ ပုံများကို ကြည့်ပြီး တသွေမတိမ်းလုပ်ဆောင်ပါ။ ပြီးသွားလျှင်...ကိုယ်နဲ့ မသိသူတစ်ယောက်က ကိုယ့်ရဲ့ ပရိုဖိုင်ကို ကြည့်လျှင် သူငယ်ချင်းပေါင်း ၄၉၉၉ ယောက်ရှိနေတယ်လို့ တွေ့ရသော်ငြားလည်း ကိုယ့်သူငယ်ချင်းများကို ထိုလူဟာ မတွေ့မြင်နိုင်ပါ။ ခင်ဗျားရဲ့ သူငယ်ချင်းစာရင်းကို မမြင်ရနိုင်ပါ။
ဒါပေမဲ့ ထိုလူရဲ့ Mutual Friends များကိုတော့ တွေ့မြင်ရပါလိမ့်မယ်။ Mutual Friends ဆိုတာကတော့ ကိုယ့်သူငယ်ချင်းတွေထဲက သူနဲ့ သူငယ်ချင်းဖြစ်နေတာကို ခေါ်ပါတယ်။



Wednesday 21 August 2013

ထူးထူးခြားခြား ဗဟုသုတများ


ဖေ့စဘုတ်မှာ တွေ့ရှိပြီး နှစ်သက်လို့ ပြန်ရှယ်လိုက်ပါတယ်။
(၁) အင်္ဂလန် နိုင်ငံ ရဲ့ ပထမမြောက် ဂျော့ရှ် ဘုရင်မင်းမြတ်ဟာ အင်္ဂလိပ်စကား တစ်လုံးမှ မပြောတတ်ပါဘူး တဲ့ ။

(၂) ပါရှားပြည်ကို BC 558 – 529 ထိ စိုးစံခဲ့တဲ့ မဟာဆိုင်းရပ်စ် ဘုရင်ကြီးဟာ
တစ်နေ.မှာ နေ. (၁၂) နာရီ ည (၁၂) နာရီ ရှိတယ်လို. ပထမဦးဆုံး ပိုင်းခြားသတ်မှတ်ပေးခဲ့သူပါ ။
ပစ္စည်းရေတွက်တဲ့ခါမှာလည်း (၁၂) ခု ဒါဇင် ဆိုတာကို စတင်အသုံးပြုစေခဲ့သူပါ ။

(၃) ပြင်သစ်ခေါင်းဆောင် တစ်ယောက်ရဲ့ဖြစ်တဲ့ ကာဒီနယ် ရစ်ချယ်လီယူ( ၁၅၈၅ – ၁၆၄၂ ) ဟာ
စားပွဲတင်သားလှီးဓါးအ၀ိုင်းကို စတင်အသုံးပြုစေခဲ့တာပါ ။
ဘာလို.လဲဆိုတော့ ညစာစားသူတွေဟာ သားလှီးဓါး ဦးချွန်တွေနဲ့ သွားကြားထိုး ကြလို.ပါတဲ့ ခင်ဗျာ…။

(၄) တတိယမြောက် ကွန်ရက် ဘုရင်ကြီး ဟာ ၀ိုင်းစဘတ်မြို.ကို ၁၁၄၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ.မှာ
သိမ်းပိုက်နိုင်ခဲ့ပါတယ် ။ အဲလို သိမ်းပိုက်ပြီးနောက်မှာ ဘုရင်ကြီး က မြို.တွင်းရှိ အမျိုးသမီးများ ဘေးကင်းစွာဖြင့်
မြို.တွင်းမှထွက်ခွာနိုင်တယ် ။ ထိုသို.ထွက်ခွာရာတွင် မိမိသယ်ဆောင်နိုင်သော မည်သည့်အရာကိုမဆို
သယ်ဆောင်သွားနိုင်သည် … လို.တရားဝင် အမိန်.ကြေငြာခဲ့တယ် ။
အဲဒီ အမျိုးသမီးတွေ ဘာကို သယ်ဆောင်သွားခဲ့တယ်လို. မိတ်ဆွေတို. ထင်ပါသလဲ …
သူတို.ရဲ့ လင်ယောက်ျားတွေ ကို ချီပိုးပြီး ခေါ်ထုတ်သွားခဲ့တာပါတဲ့ ခင်ဗျာ ……

Hacking Google EBook


အင်တာနက်မှာ ဂေါ်ဂယ်ကို အသုံးပြုပြီး လိုချင်တာတွေကို ဘယ်လို ရှာဖွေကြမလဲဆိုတာကို အသေးစိတ်နဲ့ ကျနော်တို့ မသိသေးသည်များကို ဆရာဦးမျိုးသူရ ရေးထားတာပါ။ ဖတ်ရှု့လေ့လာသင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ပထမတင်ထားသော လင့်မှာ သေနေပါသဖြင့် ထပ်တင်ထားပါတယ်။
ဒီမှာ နှိပ်ပြီး ဒေါင်းယူပါ။

Friday 9 August 2013

မိဘဆိုသည်မှာ



- သင့်ဆီက ဘာမှမလိုအပ် သင်လိုအပ်သမျှသာပေးချင်သူများဖြစ်သည် ။
- သင့်ဆီက ဘာမှမတောင်း သင်တောင်းသမျှသာ ပေးချင်သူများဖြစ်သည် ။
- သင့်ဆီကို ဘယ်လို ဆိုးကျိုးမှ မပေး ကောင်းကျိုးများသာ ပေးချင်သူများဖြစ်သည် ။
- သင့်ကို ဘယ်တော့မစွန့်ပစ် သင်စွန့်ပစ်မှသာ မျက်ရည်စက်လက်ကျန်ခဲ့သူများဖြစ်သည် ။
- သင့်ကို ရင်အုပ်မကွာ အမြဲစောင့်ရှောက်သည် သင်ကသာ သူတို့ရင်အုပ်ထဲက စုန်ကန်ထွက်ပြေးသွားသူဖြစ်သည် ။
- သင့်ကို မျက်ရည်မကျစေတတ် သူတို့သာ သားသမီးအတွက်မျက်ရည်ဖြိုင်ဖြိုင်ကျရသူများဖြစ်သည် ။
- သင့်ကို ကောင်းကင်ကြီးပမာ အုပ်မိုးလို့ စမ်းရေပမာ မေတ္တာတရားဖြင့် အေးမြစေတတ်သူများဖြစ်သည် ။
- သင့်ကို ဘယ်တော့မှ မစော်ကား သင်ကသာ တခါတရံ စော်ကားနေခြင်းဖြစ်သည် ။
- သင်ချမ်းသာ ဆင်းရဲ ပညာတတ်ခြင်းမတတ်ခြင်းကို စိတ်မ၀င်စား သူတို့ရင်သွေးအားလုံးကိုတပြေးညီချစ်ခင်တတ်သူများဖြစ်သည် ။

နောက်ဆုံး

သင်စော်ကားသမျှကို အမုန်းမဖက် အပြုံးမပျက်ပဲ သည်းခံခွင့်လွှတ်တတ်သူများမှာလည်း မိဘများပင်ဖြစ်သည် ။

by..,..Myanma Spectrum

Saturday 3 August 2013

.apk Games ဖိုင်များ

SuperAntiSpyware + Key (12 Years)


Click here to download SuperAntiSpyware + Key

016-012-6017-Act Code: 2264-dc65-dc28-fe5d

AVG 2013 + Key (12 Years )



လက်တွေ့စမ်းကြည့်မှုအရကတော့ ကီးကတော့ 100 % ပြည့် အလုပ် လုပ်ပါတယ်။.
8MEH-RW2ZU-29S4F-26QCR-WT482-BEMBR-ACED

Friday 2 August 2013

မပြစ်မှားသင့်သော ခင်ပွန်းကြီး ၁၀ ပါး

   


           မြတ်ဗုဒ္ဓရဲ့အဆုံးအမကို ခံယူပြီး မြတ်ဗုဒ္ဓဟောကြားသော ကံ၊ ကံ၏အကျိုးကို ယုံကြည်သော သူများသည် လောက၌ မဖြစ်မှားသင့်သောပုဂ္ဂိုလ် (၁၀) ယောက်ရှိသည်။ ထိုပုဂ္ဂိုလ်များသည် အလွန်ကျေးဇူးများသောကြောင့် ပြစ်မှားခြင်းငှါ မသင့်တော်ပါ။
ထိုပုဂိုလ်တို့မှာ

(၁) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သမ္မာသမ္ဗုဒ္ဓဘုရားရှင်။

(၂) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင်မြတ်။

(၃) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက၊ မဟာသာဝကရဟန္တာအရှင်မြတ်။

(၄) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာအရှင်မြတ်။

(၅) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်။

(၆) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်။

(၇) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းဆုံးမပေးသော ဆရာ။

(၈) သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျက်ရှိကြကုန်သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ်။

(၉) ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောပြောပေးတက်သော ဆရာ။

(၁၀) ထမင်းတစ်လုပ်၊ ရေတစ်မှုတ်စသည်ဖြင့် ပေးကမ်းချီးမြှင့်ထောက်ပံ့ဘူးသော ကျေးဇူးရှင် များဖြစ်ကြသည်။

ဤပုဂ္ဂိုလ် (၁၀)ယောက်ကို ခင်ပွန်းကြီး (၁၀)ပါးဟုခေါ်သည်။